အခန်း ၂၀၃ သုံးမြှောင့်ကြယ်

641 68 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၀၃
သုံးမြှောင့်ကြယ်

ဘာသာပြန်. Soul

နဂါးအကြေးခွံ နယ်မြေအထဲ အကြိမ်များစွာ မြင်ခဲ့ရပြီး ဖြစ်ခြင်းကြောင့် စုပင်း ကြည့်စရာ မလိုပဲ သိနေခြင်းကြောင့် အမြန် ခရမ်းရောင်မြွေအား မြေကြီးထဲ ပြန်ဝင်ရန် ပြောလိုက်၏။

ထိုသို့ မြေကြီးထဲ ဝင်ရောက်ခြင်းသည် ကျောက်တုံးမျိုးနွယ် သားရဲများ၏ အစွမ်း ဖြစ်သော်လည်း စုပင်း၏ အသက်နှင့် ရင်းသော သင်ခန်းစာများကြောင့် ခရမ်းရောင်မြွေ တတ်မြောက်လာခြင်း ဖြစ်၏ ။

သိပ်မကြာလိုက်ချေ။လူတစ်ပိုင်း မြွေတစ်ပိုင်း သားရဲများ ပလ္လင်ရှေ့ ရောက်လာပြီး ရတနာသေတ္တာအား လှမ်းကြည့်ကာ ဒေါသတကြိီး အော်ဟစ်နေကြ၏။အမှန်တော့ သူတို့ မျိုးနွယ်သည် ရတနာအား ထာဝရ စောင့်ရှောက်ရန် တာဝန်ရှိပြီး တာဝန်ကျရှုံးခဲ့လျှင် ၎င်းတို့၏ ဝိညဥ်များ ထာဝရ နှိပ်စက်ခံရမည် ဖြစ်ခြင်းကြောင့် ဒေါသလည်းထွက် ကြောက်လည်း ကြောက်သွားခြင်းပင်..။

ထိုအခိုက် အရိုးခြောက်ကလေး ပေါ်လာပြီး လူတစ်ပိုင်း မြွေတစ်ပိုင်း သားရဲ တစ်ကောင်အား ဒဏ်ရာ ရစေကာ ပလ္လင်အနားသို့ သွားရန် နှောင့်နှေးစေလိုက်၏ ။

ထိုအချိန်တွင် ခရမ်းရောင်မြွေမှာ စုပင်းနှင့်အတူ ဘုရားကျောင်းအပြင်ရှိ လုံခြုံရာ နေရာသို့ ရောက်သွားပြီ ဖြစ်သည်။စုပင်းလည်း လူတစ်ပိုင်း မြွေတစ်ပိုင်းသားရဲများ သူ၏ သားရဲများကို သတိမပြုခင် နောက်ဆုတ်ခိုင်းလိုက်၏ ။

အမှန်တော့ တိုက်ခိုက်နေစဥ် သားရဲနေရာသို့ ပြန်လည်ခေါ်ယူခြင်းသည် သူ့ စိတ်စွမ်းအင် ထိခိုက်သဖြင့် ငရဲမီးနဂါးနှင့် အရိုးခြောက်ကလေး လုံခြုံသည့်နေရာသို့ ရောက်သည်နှင့် ချက်ချင်းပဲ သားရဲနေရာထဲသို့ စုပင်း ပြန်သွားခိုင်းလိုက်၏ ။

သားရဲအားလုံး လုံခြုံသွားလျှင် ခရမ်းရောင်မြွေအား လာလမ်းအတိုင်း နယ်မြေမှ ထွက်သည့် အပေါက်ဝသို့ ပြန်သွားခိုင်းနေစဥ် လူတစ်ပိုင်း မြွေတစ်ပိုင်း သားရဲများ၏ ဒေါသနှင့် အော်သံများ နောက်တွင် တစ်စထက်တစ်စ လွင့်ပါးလာခဲ့ကာ အဆုံးတွင် ပျောက်ကွယ်သွားတော့သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Opowieści tętniące życiem. Odkryj je teraz