အခန်း ၂၂၃ ကြီးမြတ်ခြင်း တန်ဖိုး

595 64 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၂၃
ကြီးမြတ်ခြင်း တန်ဖိုး

ဘာသာပြန်. Soul

"အာ...ဆက်ပြောကြပါ" မသေမျိုးများ၏ ကစဥ့်ကလျား နယ်မြေမှ အတွေ့အကြုံအရ နတ်ဘုရားကဲ့သို့ သက်ရှိများမှာ အလွန် ခွန်အားကြီးပြီး သူ့အား ဖမ်းရန် အကြည့်တစ်ချက်သာ လိုအပ်ကြောင်း သိနေ၍ နတ်ဘုရား ဘာသာစကားနှင့် ရေရွတ်ပြီး ကြယ်တာရာ စွမ်းအင်နှင့် နှလုံးနှင့် ကိုယ်တွင်းအင်္ဂါများ ဖျက်စီးကာ စုပင်း သတ်သေလိုက်၏။
ထိုသူများမှာ သွေးများ ယိုစီး၍ သတ်သေသွားသော စုပင်းအား ကြည့်ပြီး နှစ်ပေါင်းများစွာ အသက်ရှင်ခဲ့သော်လည်း ယခုကဲ့သို့မကြုံဖူးခြင်းကြောင့် အံ့ဩကုန်၏။
"ငါတို့ အပြင်မှ အတားအစီး လုပ်ထားတယ် မဟုတ်လား"
"ဒီလူသားက အထဲကို ဘယ်လိုလုပ်ပြီး ဝင်လာတာလဲ"
​အထူးပြောနေစရာမလိုပဲ စုပင်း ကျပန်း ပြန်ရှင်ခြင်းသာ ရွေးလိုက်၏။ဤတစ်ကြိမ်တွင်မှု လူသူ ကင်းရှင်းပုံရကာ သစ်ပင် ထူထပ်လှသော တောအုပ်တစ်ခုအတွင်း ရောက်နေကြောင်း သိလိုက်ပြီး စုပင်း စိတ်အေးသည်။ထို့နောက် နဂါးနက်ခွေးနှင့် ငရဲမီးနဂါး ဆင့်ခေါ်ပြီး ရှေ့မှဦးဆောင်ခိုင်းလိုက်ကာ ကျန်သားရဲများနှင့် နောက်မှ လိုက်သွားလိုက်၏။
ယခု သူရောက်နေသည့် နယ်မြေမှာ နတ်ဘုရား ကမ္ဘာတစ်ခု ဖြစ်သည်အတွက် တန်ဖိုးကြီး အပင်နှင့် အခြားအရာများ တွေ့လျှင် ရောင်းစားမည်ဟူသည့် အတွေးနှင့် နောက်မှ လိုက်ရင်း စုပင်း ဘေးဘယ်ညာ လိုက်ကြည့်နေ၏။
မကြာလိုက်ချေ။နဂါးနက်ခွေးမှ အဆင့်ကိုး သစ်ပင်မျိုးနွယ် သားရဲတစ်ကောင်အား အာရုံခံမိလိုက်၏။စုပင်းလည်း ကျန်သားရဲများကို ထိုအရာအား ဝင်ရောက် တိုက်ခိုက်ခိုင်းလိုက်၏။
အချိန်များ တစ်ရွေ့ရွေ့ကုန်လွန်လာသည်နှင့်အညီ တစ်ရက်တာ ကုန်ဆုံးသွားပြီ ဖြစ်သည်။တစ်ရက်တာအတွင်း ကြုံခဲ့ရသော တိုက်ပွဲနှင့်သေဆုံးခြင်းများအား စုပင်း မရေတွက်နိုင်တော့ချေ။သို့သော် ပြင်ကမ္ဘာတွင်မှု ခုနစ်နာရီမျှသာ ကြာအုံးမည် ဖြစ်၍ ခုနှစ်ရက်ကြာသည်အထိနေမည်ဟု စုပင်း စဥ်းစားထား၏။
ပထမနေ့တွင်ပဲ စုပင်း ၁၃ကြိမ် သေဆုံးခဲ့ပြီး ပြန်ရှင်ရန် ၁၅၆၀ စွမ်းအင်အမှတ် ကုန်ကျခဲ့သည်။သူ၏ သားရဲများ သေဆုံးသည်မှာမှု အကြိမ်ရာနှင့်ချီပေမည် ဖြစ်သည်။
အချို့အချိန်များတွင် စုပင်း ပြန်ရှင်ခဲ့ရသော်လည်း သေဆုံးခြင်းမှာ တန်ဖိုးမရှိခဲ့ပေ။
စုပင်း အနားယူရင်း စဥ်းစားကြည့်ရာ ပထမနေ့အတွင်း စွမ်းအင်အမှတ် ၁၅၆၀ သုံးခဲ့ရသော်လည်း ငရဲမီးနဂါး သားရဲဘုရင် အစွမ်းဖြစ်သည့် ငရဲနဂါးမီးတောက် စွမ်းရည်တတ်မြောက်လာခဲ့ပြီ ဖြစ်သည်။ ၎င်း၏ ပါရမီမှာ မပြောင်းလဲပဲ သာမာန်ထက်မြင့်တွင်သာ ရှိနေဆဲဖြစ်သော်လည်း တိုက်ခိုက်နိုင်စွမ်း ၉.၄ မှ ၉.၆ သို့ တက်လာခြင်းကြောင့် အလွန် အကျိုးရှိသည်ဟု စုပင်း တွေးလိုက်မိ၏။
အကြောင်းကား တိုက်ခိုက်နိုင်စွမ်း ၉ ကျော်လာချိန် ၀.၁ တိုးသည်ပင် အလွန် ကွာခြားပြီး ယခု ငရဲမီးနဂါးမှာ ၀.၂ တက်လာခဲ့ခြင်းသည် အဆင့်သေးတစ်ခု တက်လာသည်နှင့် မခြားနားပေ ။
ထို့အပြင် ငရဲမီးနဂါး၏ ယခုအခြေအနေအရ အဆင့်ကိုး အလယ်အလတ် သားရဲအား အလွယ်တကူ အနိုင်ယူနိုင်စွမ်းရှိကာ အဆင့်ကိုးအမြင့်သားရဲ လက်ထဲမှ ထွက်ပြေး လွတ်မြောက်နိုင်စွမ်း ရှိလာ၏။
အကယ်၍ ငရဲမီးနဂါးသာ ၎င်း၏ ရှိရှိသမျှ စွမ်အင်းအားလုံးအား ငရဲနဂါးမီးတောက် စွမ်းရည်တွင် အသုံးပြုပါက သားရဲဘုရင်များပင် ထိခိုက်နိုင်စွမ်းရှိပေသည်။သို့သော် ထွက်ပြေးရန်တော့ မဖြစ်နိုင်တော့ချေ။
မည်သို့ပင် ဖြစ်စေကာမှု စုပင်း၏ ခွန်အားအကြီးဆုံး သားရဲ ဖြစ်သည့် အရိုးခြောက်ကလေးမှာ တိုက်ခိုက်နိုင်စွမ်း ၉.၉ ရှိနေပြီဖြစ်သောကြောင့် ငရဲမီးနဂါးမှာ ဒုတိယ နေရာတွင်သာ ရှိနေ၏။
အမှန်တော့ ငရဲမီးနဂါး အလွန်တိုးတက်မှု ရှိလာခဲ့သော်လည်း တိုက်ခိုက်နိုင်စွမ်းသည် ၉.၆ တွင်သာ ရပ်နေ၏။ထပ်တိုးရန် အလွန်ပင် ခက်ခဲနေပြီ ဖြစ်သည်။
ငရဲမီးနဂါးအောက်တွင် တိုက်ခိုက်နိုင်စွမ်း ၉.၂ ဖြင့် နဂါးနက်ခွေး ရှိနေကာ အဆင့်ကိုးအနိမ့် သားရဲအား သတ်နိုင်စွမ်းရှိနေပြီ ဖြစ်သည်။
တစ်ရက်တာ လေ့ကျင့်ပြီးချိန် နဂါးနက်ခွေးမှာ အလွန်ပင် လျှင်မြန်၍ တိုးတက်လာကာ တိုက်ခိုက်နိုင်စွမ်း ၉.၂ တွင်သာ ရှိနေသေးသော်လည်း နောက်နေ့တွင် ၉.၃ ရောက်နိုင်မည်ဟု တွက်ဆရ၍ စုပင်း ကျေနပ်နေ၏။ ခုနစ်ရက်တာ လေ့ကျင့်ပြီးချိန် နဂါးနက်ခွေး၏ တိုက်ခိုက်နိုင်စွမ်း ၉.၅ ရောက်ခဲ့ပါက စုပင်း အတိုင်းအလွန် ကျေနပ်မိမည် ဖြစ်သည်။
၎င်းက မဖြစ်နိုင်သောအရာ မဟုတ်ချေ။လက်ရှိတွင် ခွန်အား အနည်းဆုံးဖြစ်သော ခရမ်းရောင်မြွေပင် တိုက်ခိုက်နိုင်စွမ်း ၉.၁တွင် ရှိနေပြီး အဆင့်ခြောက် သွေးမျိုးဆက် သားရဲအနေနှင့် ထိုမျှ ခွန်အားမှာ အံ့ဩဖွယ် ကောင်းလှသည်။သို့သော် ပါရမီမှာ မထူးခြားနားပဲ သာမာန်ထက်မြင့်တွင်သာ ရှိနေ၏။
ခုနစ်ရက်တာ လေ့ကျင့်ပြီးနောက် ခရမ်းရောင်မြွေ၏တိုက်ခိုက်နိုင်စွမ်း အနည်းဆုံး ၉.၃ တွင် ရှိနေမည်ဟု စုပင်း ခန့်မှန်းမိ၏။
မည်သို့ပင်ဖြစ်စေ။သိသိသာသာ တိုးတက်လာခဲ့သူမှာ ကောင်းကင်ဝက်ပင် ဖြစ်သည်။၎င်း၏ မူလ တိုက်ခိုက်နိုင်စွမ်း ၄.၁ မှ ၅.၂ အထိ ရောက်လာခဲ့၏။သေချိန်တိုင်း အလားအလာများပို၍ ထွက်ပေါ်လာပြီး ခန္ဓာကိုယ်မှာ မူလအတိုင်း ပန်းရောင် ဖြစ်နေဆဲ ဖြစ်သော်လည်း အပါ်တွင် အရေးအကြောင်းများ ထွက်ပေါ်လာ၏။
ထိုအရေးအကြောင်းများမှာ ကောင်းကင်ဝက်၏ စွမ်းအင်စီးဆင်းမှုအား ပိုမိုချောမွေ့မြန်ဆန်စေပြီး ယခင်ထက်ပို၍ တုံ့ပြန်မှု မြန်ဆန်စေကာ အကာအကွယ် စွမ်းရည်တစ်မျိုးကိုလည်း တတ်မြောက်လာခဲ့သည်။
စုပင်းလည်း ကြည့်ပြီး သူလေ့ကျင့်ပေးသော သားရဲတိုင်း အကာအကွယ် အစွမ်းတစ်မျိုး အနည်းဆုံး တတ်ကာ နဂါးနက်ခွေးမှာ ထိုအစွမ်းအား အဓိက ထား၍ ငရဲမီးနဂါးလည်း သူ့ထက် မနိမ့်ပဲ စွမ်းအင် အစွမ်းများ တတ်မြောက်ခြင်း မရှိသည့် ခရမ်းရောင်မြွေပင် မြေဒိုင်းနှင့် မြေထဲ တွင်းတူးနိုင်ကြောင်း တွေ့နေရ၏ ။
နှိပ်စက်ခံနေ့ ပြီးခဲ့သော်လည်း ကောင်းကင်ဝက်မှာ ယခင်အတိုင်း ကြောက်နေဆဲသာ ဖြစ်၍ မလွှဲသာသော အခြေအနေတွင်သာ ရန်သူနှင့် အသည်းအသန် တိုက်ခိုက်ခြင်းကြောင့် အလွန်ပင် အကျိုးသက်ရောက်မှု ရှိနေပြီး သာမာန်ထက်မြင့် ပါရမီသို့ မကြာမီ ရောက်ရန် မျှော်လင့်ချက် ရှိလာ၏။
လေ့ကျင့်ချိန်များကြား စုပင်း အနားယူရန် အချိန် ရှားပါးနေကာ အချိန်များ တဖြည်းဖြည်း ကုန်လွန်လာ၏ ။
ငါးရက်အကြာ သေဆုံးပြီး ပိုးမွှးများနှင့် ပြည့်နေသော နက်မှောင်သည့် လှိုဏ်ဂူ တစ်ခုရှေ့ စုပင်း ထိုင်၍ အနားယူနေကာ သားရဲများ သူ့အနား ထိုင်နေပြီး ယခင် တိုက်ပွဲကြောင့် ထွက်လာသည့် အသံများလည်း ပြန်လည် ငြိမ်သက်သွား၏။
ဤသည်မှာ လှိုင်ဂူအတွင်း ရှိသမျှ ပိုးမွှားများအားလုံး သေဆုံးသွားခြင်း ဖြစ်သည်။ သားရဲဘုရင်ဖြစ်သော ပိုးမွှားဘုရင်မပင် ငရဲမီးနဂါးနှင့် အရိုးခြောက်ကလေးကြောင့် သေဆုံးသွားရသည်။
ထိုလှိုဏ်ဂူသို့ ကျပန်း ပြန်ရှင်ခြင်းကြောင့် ရောက်ခဲ့သည် မဟုတ်ပဲ ယခင် ရက်များတွင် သားရဲများအပြင် နတ်ဘုရားများနှင့် အခြား စွန့်စားသူများနှင့် တွေ့ခဲ့ရပြီး သူတို့ထံမှ မြေပုံလည်း ရခဲ့ခြင်းကြောင့် နယ်မြေအကြောင်း ပို၍ နားလည်လာကာ ယခုနေရာ အကြောင်းအား ပြောပြလျှင် ဆုရမည်ဟု တွေးရင်း သူ့ကိုယ်သူ ခနဲ့ပြုံး ပြုံးလိုက်၏ ။
ဤလူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်းများ၏သင်္ချိုင်းနယ်မြေသည် အဆုံးစွန်မဲ့သည်တိုင်အောင် ကျယ်ပြောလှ၏။ကြီးမြတ်သော နတ်ဘုရားများ နေထိုင်ရာ ဗဟိုနယ်မြေအပြင် အခြား နယ်မြေ အသေးများစွာ အာကာသအတွင်း ရှိနေပြီး အစွန်အဖျားနေရာအနေနှင့် သတ်မှတ်ကြသော်လည်း ဂြိုလ်ပြာပေါ်မှ အစွန်အဖျားနေရာများနှင့် များစွာကွာခြားကြောင်း စုပင်း သိခဲ့ရသည်။
ထိုနယ်မြေ အသေးများမှာ ပင်မနယ်မြေမှ ပဲ့ကျလာသော အပိုင်းအစများ ဖြစ်၍ ကြီးမြတ်သော နတ်ဘုရားများသည် များစွာသော မြို့ကြီးပြကြီးများအား စီမံနေ၏။
သို့သော် နယ်မြေခံ နတ်ဘုရားများသည်လည်း သက်သာစွာ မနေရချေ။၎င်းတို့က ကျူးကျော်လာသော အင်းဆက်နှင့် ပိုးကောင်များအား တိုက်ထုတ်နေရ၏။ စုပင်း ရှင်းခဲ့သော လှိုဏ်ဂူသည် ထို ကျူးကျော်သူ ပိုမွှားကောင်များ နေထိုင်ရာ နေရာတစ်ခုဖြစ်သည်။အခြားသော လူသူမဲ့သည့် နေရာများတွင်လည်း ထိုသို့သော ပိုးမွှားများ မရေတွက်နိုင်အောင် ရှိနေသေး၏။
ပုံမှန်တွင် သူ၏ သားရဲများ တိုက်ခိုက်ရာ၌ စုပင်း သွားရောက် ကူညီခဲသော်လည်း တစ်ရက်တွင် ထိုပိုးကောင်များနှင့် သူ၏ သားရဲများ တိုက်ခိုက်စဥ် ထူးခြားသော ပုံဆောင်ခဲတစ်ခု အတွင်းတွင် ရှိနေကြောင်း စုပင်း တွေ့လိုက်၏။စနစ်မှ ထိုအရာမှာ ကြီးမြတ်ခြင်း ပုံဆောင်ခဲ ဖြစ်​ကြောင်း ​ရှင်းပြခဲ့သည်။
ထိုပုံဆောင်ခဲတွင် စွမ်းအင်များ ပြည့်နေပြီး သားရဲများ သုံးစွဲနိုင်ပုံရပေသည်။သို့သော် ၎င်း၏ အကျိုးသက်ရောက်မှု အတိအကျကိုတော့ စနစ်မှ ပြောပြခြင်းမရှိပေ။ထိုအစား ထိုသို့သော ပစ္စည်းများအား အကဲဖြတ်နိုင်သော စွမ်းရည်၏ စျေးနှုန်းသာ ပြောပြလာခဲ့၏။စနစ်၏ အဆိုအရ ထိုစွမ်းရည် အတိုချုပ်ပင် စွမ်းအင်အမှတ် တစ်သိန်းကုန်ကျမည်ဟု ပြောလာခဲ့ခြင်းကြောင့် ဝယ်ယူရန် လက်လျော့လိုက်ကာ ကိုယ်တိုင် စမ်းသပ်ရန် စုပင်း ကြံလိုက်၏။
ထိုနောက် စုပင်း ကြီးမြတ်ခြင်း ပုံဆောင်ခဲအား ထုတ်ပြီး နဂါးနက်ခွေးအား ကျွေးလိုက်သည်။ထိုအခိုက် နဂါးနက်ခွေးထံ ပြောင်းလဲမှုများ ဖြစ်ပေါ်လာ၏။ယခင် နဂါးနက်ခွေး၏ အနက်ရောင် အမွှေးများကြားတွင် ရွှေရောင်များ ရောယှက်လာ၍ နဂါးနက်ခွေး၏ အချက်အလက်တွင် (ကြီးမြတ်ခြင်း တန်ဖိုး - ၂၂/၁၀၀) ဟူသည့် အချက်အလက် အသစ်အား စုပင်း တွေ့လိုက်ရလေတော့သည်။









ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now