အခန်း ၂၂၄ မြင့်မြတ်သားရဲ

607 64 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၂၄
မြင့်မြတ်သားရဲ

ဘာသာပြန်.Soul

စုပင်း နဂါးနက်ခွေးအား ကြီးမြတ်ခြင်း ပုံဆောင်ခဲ အချို့ ထပ်ပြီး ကျွေးလိုက်၏။ပုံဆောင်ခဲတစ်ခုချင်းစီသည် နဂါးနက်ခွေး၏ ကြီးမြတ်ခြင်း တန်ဖိုးကိန်းဂဏန်းအား တစ် သို့မဟုတ် နှစ်ခန့် တိုးလာစေကြောင်း စုပင်း တွေ့လိုက်ရသည်။
သို့သော် ပိုးကောင်တိုင်းတွင် ပုံဆောင်ခဲ ပါရှိခြင်း မရှိပေ။အလွန်သန်မာသော ပိုးကောင်များတွင်သာ ထိုပုံဆောင်ခဲမျိုး ပါရှိလေ့ ရှိကြောင်း ပိုးကောင်ရာနှင့်ချီပြီး သတ်ပြီးနောက် စုပင်း သတိထားမိခြင်းရှိပေသည်။

ထိုအပြင် သူလက်ရှိရောက်နေသော လှိုဏ်ဂူအတွင်း၌ အဆင့်ကိုးနှင့် အောက်မှ ပိုးကောင်များသာ ရှိပေသည်။ထို့ကြောင့် အကယ်၍သာ သူ့အနေနဲ့ ကြီးမြတ်ခြင်း ပုံဆောင်ခဲ ရလိုပါက ထို့ထက် ပိုမိုသန်မာပြီး သားရဲဘုရင်ကဲ့သို့ ခွန်အားရှိသော ပိုးကောင်များအား ရှာရမည်ကို စုပင်း နားလည်လိုက်သည်။ထိုနောက်တွင် စုပင်း သူ့ သားရဲများကို အသေခံတိုက်ခိုက်ခိုင်း၍ တစ်ရက်တည်းနှင့် လှိုဏ်ဂူရှိ ပိုးကောင်များအားလုံး ရှင်းလင်းလိုက်သည်။

အချိန်ကြာသည်နှင့်အမျှ ဤနယ်မြေတွင်ရှိနေသော နယ်ခံများမှာ နတ်ဘုရားမျိုးနွယ် အစစ်အမှန် မဟုတ်ပဲ ဘိုးဘေးများတွင် နတ်ဘုရားများ ရှိခဲ့၍ သွေးနှောများသာ ဖြစ်မှန်း စုပင်း သိလာ၏။ထိုအပြင် သီးသန့်လေ့ကျင့်ခြင်းများ မပြုလုပ်သည့် အရွယ်ရောက်သော နယ်ခံများသည် အဆင့်ငါး သားရဲစစ်သည်၏ခွန်အားမျိုးရှိကြပြီး သီးသန့် လေ့ကျင့်ခြင်းများ စတင်ပြုလုပ်ပြီးသူများသည် အဆင့်ကိုး သားရဲစစ်သည် ခွန်အားရှိကြောင်း စုပင်း သိလာရ၏။

ထိုသူများ အထက်တွင် သားရဲဘုရင် ခွန်အားရှိသော လက်ရွေးစင်များ ရှိကြပြီး ထိုသူများမှစ၍ နတ်ဘုရားအဖြစ် သတ်မှတ်နိုင်ခြင်းရှိသည်။ထို့အထက်တွင်မှု သားရဲဘုရင်များထက် ခွန်အားကြီးမားသော မှုလနတ်ဘုရားနှင့် မြင့်မြတ်နတ်ဘုရားများ ရှိနေသေး၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Место, где живут истории. Откройте их для себя