အခန်း ၂၆၂ ကမ္ဘာ့သစ်ပင်

443 56 0
                                    

အခန်း ၂၆၂
ကမ္ဘာ့သစ်ပင်

မျက်လုံး ဖွင့်လိုက်ချိန် ဂျွန်အန်နာ စတင် တွေ့ရှိသည်မှာ စိမ်းလမ်းစိုပြည်နေသော တောအုပ်တစ်ခု ဖြစ်သည်။ထိုအပြင် သူမ၏ မူရင်းခန္ဓာကိုယ်နှင့် ချိတ်ဆက်မှုက ပိုနီးကပ်လာကြောင်း စိတ်ထဲမှနေ၍ သိလိုက်ရ၏။
.
.
.
တစ်ချိန်ထဲတွင် အလွန်တရာ ဝေးလံသော နေရာတစ်ခု၌..။

တစ်စုံတစ်ယောက်၏ သလင်းကျောက်များပမာ ကြည်လင်တောက်ပလှသော မျက်လုံးအစုံက ပွင့်လာ၍ "သူ ဒီကို ပြန်ရောက်နေတာလား"ဟု ရေရွတ်လိုက်သည်။
.
.
.
ဂျွန်အန်နာမှာ ရင်းနှီးသော နေရာသို့ ပြန်ရောက်လာသဖြင့် အလွန် ပျော်ရွှင်နေ၏။ စွမ်းအင်များက သူမ၏ ခန္ဓာကိုယ်မှတစ်ဆင့် တိုးဝင်နေသည်ကို ခံစားနေကာ ရေငတ်နေရာမှ ရေသောက်လိုက်ရသည့်အလား ကျေနပ်နေပေသည်။ ဆိုင်၏ အလွန်ဆိုးဝါးသော အခြေအနေကိုလည်း စိတ်ထဲမှနေ၍ အပြစ်တင်လိုက်မိသေးသည်။

"တကယ်ပဲ ပြန်ရောက်လာခဲ့ပြီ"

ဂျွန်အန်နာ ရေရွတ်လိုက်မိသည်။သူမက အနီးဝန်းကျင်ကို သေချာစေရန် စစ်ဆေးကြည့်ရာ သူမ၏ နယ်မြေသို့ ပြန်ရောက်နေ​သည်မှာ သေချာကြောင်း သိလိုက်ရ၏။

သို့သော် အစောပိုင်းတွင် သူမထင်ထားခဲ့သည်မှာ နည်လမ်းတစ်မျိုး သုံး၍ သွားမည်ဟု ဖြစ်သည်။ယခုမှာမှု အဆင့်နိမ့်နယ်မြေကို သွားစဥ်ကလိုပဲ တူညီသော လေပွေ၏ ပို့ဆောင်ခြင်းကို ခံလိုက်ရခြင်းက သူမအား သံသယ ဖြစ်စေ၏။

ထိုအချက်နှင့် စုပင်း၏ နောက်ကွယ်ရှိ လျှို့ဝှက်သော ဖြစ်တည်မှု၏ မျက်လုံးထဲတွင် နယ်မြေအားလုံး တစ်ပြေးညီပဲလားဟုပင် ဂျွန်အန်နာ အတွေးဝင်လာခဲ့တော့သည်။

ထိုသို့ တွေးမိခိုက် သူမတို့နယ်မြေမှာ ကမ္ဘာငယ် များစွာ ဝန်းရံထားသည့်အပြင် အလွန်အင်အားကြီးသူများလည်း ရှိနေခြင်းကြောင့် ဂျွန်အန်နာ မယုံကြည်နိုင် ဖြစ်သွားရသည်။

"ဒါနဲ့ မင်းရဲ့ မူရင်း ခန္ဓာကိုယ်ကို လာကြိုခိုင်းလို့ ရမလား"

ထိုအချိန် စုပင်းမှ ပြောလာခဲ့သည်။

ဂျွန်အန်နာ မကျေမနပ်နှင့် "ငါ့ရဲ့ မူရင်း ခန္ဓာကိုယ်က အခု ရှိနေတဲ့ နေရာကနေ ထွက်လာလို့ မရဘူး။ ပြီးရင် စာချုပ်က အခု ခန္ဓာကိုယ်နဲ့ပဲ။ မူရင်း ခန္ဓာကိုယ်နဲ့ မဆိုင်ဘူး"ဟု အထင်သေးစွာဖြင့် ပြောလိုက်၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)जहाँ कहानियाँ रहती हैं। अभी खोजें