အခန်း ၂၉၃ စိန်ခေါ်ပြိုင်ပွဲ ဒုတိယ အချီ

256 32 0
                                    

အခန်း ၂၉၃

စိန်ခေါ်ပြိုင်ပွဲ ဒုတိယ အချီ

"ဖန်သားတံတိုင်းကျင့်စဥ်မှာ အဆင့်ခုနှစ်ဆင့် ရှိပြီးတော့ နောက်ဆုံးအဆင့်သာ ရောက်ရင် ဒုံးကျည် ဒါမှမဟုတ် အဆင့်ကိုးသားရဲရဲ့ တိုက်ခိုက်တာကို ခန္ဓာကိုယ်နဲ့တင် ခုခံနိုင်တယ်"

ထန်ယူးရန် အားသွန်ခွန်စိုက် သင်ကြားပေးနေ၏။ထိုတင်မကပဲ အခြားနည်းစနစ်တစ်ခုကိုပင် သင်ပေးရန် စဥ်းစားနေခဲ့သည်။

အကြောင်းမှာ ဖန်သားတံတိုင်း ကျင့်စဥ်သည် တိုက်ခိုက်ခံရမှ အသုံးဝင်သည် ဖြစ်သည့်အပြင် အစောပိုင်း အဆင့်များတွင် ထူးခြားမှု မရှိသည့်အတွက် မြင်သာနိုင်ခြင်းမရှိပေ။တိုက်ခိုက်ခြင်း စွမ်းရည်မှာမူ ထိုသို့ မဟုတ်ပဲ အများမြင်သာပေသည်။ထို့ကြောင့် စုလင်းယွဲ့အား သင်ပေးရန် ထန်ယူးရန် ဆုံးဖြတ်လိုက်၏။

သို့သော် ချက်ချင်း အကောင်အထည် မဖော်သေးပဲ စုပင်း ထွက်သွားခါမှ တိတ်တဆိတ် သင်ပေးမည် ဖြစ်သည်။အကယ်၍ ပြိုင်ပွဲတွင် စုလင်းယွဲ့ သုံးခဲ့ပါက သူမအနေဖြင့် ပိုပိုသာသာလေး သင်ကြားပေးခဲ့သည်ဟုလည်း ပြောနိုင်ကြောင်း ထန်ယူးရန် တွေးမိလိုက်သည်။

"အဆင့်ကိုး သားရဲလား"

သူမ သိထားခဲ့သည်မှာ လူသားများသည် အလွန်ပျော့ညံ့ပြီး တိုက်ပွဲတွင် သားရဲများကိုသာ အဓိကအားထားရသည်ဟု ဖြစ်သည်။ထို့ကြောင့် ထန်ယူးရန် စကား ကြားရချိန် စုလင်းယွဲ့ မယုံနိုင် ဖြစ်သွားရခြင်းပင်..။
စုလင်းယွဲ့ အမူအယာကို ကြည့်ပြီး ထင်သည့်အတိုင်း ဖြစ်နေခြင်းကြောင့် ထန်ယူးရန် စိတ်ထဲမှ လှောင်ရယ်မိလိုက်၏။ထို့နောက် ဖန်သားတံတိုင်းကျင့်စဥ်၏ အခြေခံများကို စတင် သင်ကြားပေးလိုက်၏။

သင်ပေးနေချိန် နာရီဝက် ရှိသည်အထိ စုပင်း ရှိနေသောကြောင့် ထန်ယူးရန်မှ...

"ထန်မိသားစုရဲ့ လျို့ဝှက်နည်းစနစ်တွေက အပြောပဲ မဟုတ်ဘူး။အဓိက ဒီဖန်သားတံတိုင်းကျင့်စဥ်ပေါ့။သူက ပြင်းပြင်းထန်ထန် လေ့ကျင့်ရမဲ့အပြင် ခန္ဓာကိုယ်ကို သန့်စင်ဖို့ ဆေးရည်တွေစိမ်ဖို့ လိုသေးတယ် ။ အဲ့ဒီ ဆေးပင်တွေ မရှိရင် သင်ပေးလဲ အလကားပဲ"ဟု လှည့်ပြီး ပြောလိုက်၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now