အခန်း ၂၄၇ စိတ်ကူး အယဥ်ဆုံး စတိုးဆိုင်

624 72 0
                                    

အခန်း ၂၄၇
စိတ်ကူး အယဥ်ဆုံး စတိုးဆိုင်

မိန်းမပျိုနှစ်ယောက် ထွက်သွားပြီးနောက် မွန်မြတ်သောဓားသခင်နှင့် လေ့ကျင့်ခန်းထဲသို့ စုပင်း သွားလိုက်ရာ "ဒါလား" ရိုးရှင်းသော အခန်း၏ အပြင်အဆင်ကို ကြည့်ပြီး မွန်မြတ်သောဓားသခင် ပြောလိုက်၏။
"ဟုတ်တယ်။ဆရာ ဘယ်လို ပတ်ဝန်းကျင်မျိုး လိုချင်လဲ"

စုပင်း ပြောပြောဆိုဆို တံခါးနားမှ ခလုတ်ရှိရာ သွားပြီး တောအုပ် ပတ်ဝန်းကျင် ရွေးလိုက်သည်။ထို့နောက် တစ်ခန်းလုံးတုန်ခါသွားပြီး အဖြူရောင် သက်သက်မှ ကျောက်တုံးနှင့် သစ်ပင်များ ပေါ်လာ၏။ရိုးရှင်းသော အခန်းမှ တောင်ပေါ် တောအုပ်အဖြစ် ချက်ခြင်း ပြောင်းလဲသွား၏။

ယင်းဖြစ်စဥ်အား ကြည့်ပြိီး မွန်မြတ်သောဓားသခင် အံ့ဩနေ၏။အထူးသဖြင့် ထိုတောင်နှင့် အရာအားလုံးမှာ ရုပ်ခန္ဓာရှိကြောင်း သိရလျှင် ပို၍ အံ့ဩသွားရသည်။သူ့အနေဖြင့် များပြားလှသော လေ့ကျင့်ကွင်းများသို့ ရောက်ခဲ့ဖူးသည် ဖြစ်သော်လည်း ယခုလေ့ကျင့်ရေးကွင်းအား လုပ်ထားသည်မှာ မည်မျှရှေ့သို့ ရောက်နေသော နည်းပညာမှန်း မပြောနိုင်အောင် ဖြစ်နေလေ၏ ။

စုပင်း လက်ဝှေ့ရမ်းလိုက်ရာ အရိုးခြောက်ကလေး ထွက်လာခဲ့၏။ အရိုးဓားအားကိုကိုင်၍ အနီးတစ်ဝိုက်ကို သတိကြီးစွာနှင့် ကြည့်ရာ ရန်သူ အရိပ်အယောင် မမြင်ရမှ စိတ်ချသွားပြီး နားမလည်နိုင်သော အကြည့်နှင့် စုပင်းကို ကြည့်လာခဲ့သည်။

စုပင်း အရိုးခြောက်ကလေးအား ပါးစပ်ဟခိုင်းပြီး သွေးလုံးကို ယူလိုက်သည်။၎င်းမှာ အများအပြား စုပ်ယူပြီးစီးနေပြီဖြစ်ကြောင်း တွေ့ရ၏။နောက်လဝက်ခန့်တွင် ကုန်မည်ဟု ခန့်မှန်းရပြီး ထိုအချိန်ကျ အရိုးခြောက်ကလေး၏ တိုက်ခိုက်နိုင်စွမ်း တိုးလာနိုင်သလို ပါရမီနိမ့်သွားနိုင်မှန်း စုပင်း ခန့်မှန်းမိလိုက်သည်။

သို့သော် ပါရမီမှာ သားရဲ၏ အရည်အသွေးကို ဆုံးဖြတ်ပေးနိုင်ပြီး တိုက်ခိုက်နိုင်စွမ်းကသာ ခွန်အား၏ ပြရုဒ်ဖြစ်သည့်အတွက် စုပင်း ဂရုမစိုက်ပေ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now