အခန်း ၂၁၆ လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း သင်္ချိုင်းနယ်မြေ

651 67 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၁၆
လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်း သင်္ချိုင်း နယ်မြေ

ဘာသာပြန်.Soul

လီချင်းယု ချက်ချင်းပင် ဖုန်းကိုင်လျှင် စုလင်းယွဲ့ ဆိုင်သို့ လာရန် ပြောလိုက်ရာ ခနအကြာ အရေးတကြီးနှင့် လီချင်းယု ဆိုင်သိူ့ ရောက်လာပြီး စိုးရိမ်တကြီးနှင့် စုပင်းအား ကြည့်ရာ ထိုင်နေသည်ကို တွေ့လိုက်ရ၏။

"ပြောတော့ နင့်အကို ဒဏ်ရာရတယ်၊ခေါင်းမှာလည်း ထိထားတယ်ဆို။တကယ် မဟုတ်ဘူးလား လင်းယွဲ့" လီချင်းယု စိုးရိမ်စွာ မေးလိုက်၏။
"အမ်...သူတကယ်ဖြစ်ခဲ့တာပါ" စုလင်းယွဲ့ မရှက်ပဲ ပြောသည်အား စုပင်းတစ်ယောက် ဆိုးဝါးလှသည့် သူမ၏ အလိမ်အား အံ့ဩ၍ ကြည့်မိလိုက်၏။

မိသားစုဝင်အားလုံး ဆိုင်သို့ ရောက်ရှိပြီ ဖြစ်သောကြောင့် သူနှင့် ပက်သက်သမျှ အလွယ်တကူ ရှာပြီး သူ၏ရန်သူများ လာရှာမည်ကို စုပင်း ပူပန်မနေတော့ချေ။

"ဘာဖြစ်လို့လဲ" လီချင်းယု မေးလာလျှင် "အမ်...ဘာမှမဟုတ်ပါဘူး၊ဆိုင်ကို နည်းနည်းလောက် ချဲ့မလားလို့၊ အမေ့ဆီက အကြံ တောင်းချင်လို့ပါ"

မိခင်ဖြစ်သူ စိတ်ပူပန်နေခြင်းမရှိစေရန် စုပင်း အကြောင်းပြချက်ရှာပြီးပေးလိုက်လျှင် လီချင်းယု အံ့ဩသွားသည်။
ထိုအချိန် စုလင်းယွဲ့ အမြင်တွင်၌ ဆိုင်သေးသည့် အကြောင်းထက် ပြေးလမ်း ရှာရန် အရေးကြီးကြောင်း တွေးမိနေ၍ စိတ်မရှည်တော့ပဲ လီချင်းယု မမြင်ကွယ်ရာ ရွှေ့ပြီး စုပင်းအား မျက်ရိပ်ပြနေ၏။

ထို့အပြင် အကျိုးအမြတ်အမှတ်ကိုသုံးပြီး ဆိုင်အား ချဲ့နိုင်သည့်အကြောင်း မသိသည့်အတွက် ယခုအချိန်မှာ ထို့အတွက် လုပ်ရမည့် အချိန် မဟုတ်ကြောင်း တွေးမိနေသော်လည်း စုပင်း၏ အရေးမစိုက်သော မျက်လုံးနှင့် တွေ့လျှင် စုလင်းယွဲ့ အသံတိတ် အပြစ်တင်နေလိုက်၏။

သို့သော်လည်း အလုံခြုံဆုံး နေရာမှာ ဆိုင်ဖြစ်ကြောင်းကို သူမ မသိပေ။
တစ်ခုရှိသည်က နေရာကျဥ်းကျဥ်းထဲတွင် လူသုံးယောက်နေရန် ခက်ခဲသည့်အပြင် ဆိုင်တွင် ပျိုးထောင်ခြင်း နယ်မြေသွားခြင်းကဲ့သို့ အခြားသူများ မတွေ့စေလိုသည့် အရာများ ရှိနေခြင်းကြောင့် ဆိုင်အား ချဲ့ရန်မှာ စုပင်း အပိုပြောခြင်း မဟုတ်ပေ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now