အခန်း ၂၃၁ ကြီးမားသော အဆင့်မြှင့်ခြင်းနှင့် ဆိုင်ပေါက်ဝအထိ ရောက်လာသည့် ပြဿနာ

634 71 3
                                    

အခန်း ၂၃၁၊ကြီးမားသော အဆင့်မြှင့်ခြင်းနှင့် ဆိုင်ပေါက်ဝအထိ ရောက်လာသည့် ပြဿနာ

ဆိုင်အဆင့်မြှင့်ရန် စွမ်းအင်အမှတ် တစ်သိန်း ကျမည် ဖြစ်သော်လည်း အလွန်လူကျသောကြောင့် စုပင်းထံ စွမ်းအင်အမှတ် များစွာ စုဆောင်းမိထား၏။အမှန်တော့ ဝိညဥ်ရေကန် အဆင့်မြှင့်ခြင်း၊သားရဲ စောင့်ရှောက်ရေးခြံအသစ်များ ဝယ်ယူခြင်းနှင့် သားရဲဖမ်းလက်စွပ်များအတွက် စွမ်းအင်အမှတ်များစွာ သုံးခဲ့ရသည့်အပြင် နတ်ဘုရားတစ်ပိုင်း လူတစ်ပိုင်း သင်္ခြိုင်း နယ်မြေ သွားရန် အမှတ် ၁၂၀၀ ကုန်ကျခဲ့သော်လည်း ၎င်းမှာ ဆိုင်၏ ဝင်ငွေနဲ့ယှဥ်ပါက အသေးအမွှားသာ ဖြစ်သည်။လေ့ကျင့်ရေးနယ်မြေအတွင်း ပြန်ရှင်ရန် ကုန်ကျခဲ့သည်က ထို့ထက် ဆယ်ဆခန့် ကုန်ခဲ့ပြီး စွမ်းအင်အမှတ် တစ်သောင်းကျော် ကုန်ကျခဲ့သည်။

ထို့ကြောင့် ခရီးစရိတ် စွမ်းအင်အမှတ် ၉၀၀၀ ပေးရမည့် နတ်ဘုရားများ၏ ရှေးဟောင်းကမ္ဘာသို့ စုပင်း မသွားရဲခြင်း ဖြစ်သည်။
စုပင်း သူ၏ လက်ကျန် စွမ်းအင်အမှတ်အား စစ်ဆေးကြည့်လိုက်ရာ ၄၆၀၀၀၀ သာရှိတော့မှန်း သိလိုက်၏။ဆိုင်အဆင့်မြှင့်ရန် စွမ်းအင်အမှတ် တစ်သိန်း ကုန်ကျမည် ဖြစ်သည့်အတွက် မူလစွမ်းအင် ဝိညဥ်ရေကန်အား အဆင့်မြှင့်ရန် လိုအပ်သော စွမ်းအင်အမှတ် တစ်သန်းနှင့် ဝေးကွာသွားပြီကို သိရလျှင် စုပင်း သက်ပြင်း ရှိုက်မိလိုက်၏။

ထို့ကြောင့် စုပင်း စွမ်းအင်အမှတ် ဆက်သုံးရမည်ကို ရင်နာမိသော်လည်း ဆိုင်အား အဆင့်မြှင့်တင်မှသာ ဝိညဥ်ရေကန်အား အဆင့် ထပ်မံ မြှင့်တင်ဖြစ်နိုင် ဖြစ်ခြင်းကြောင့် ဘာမျှ မတတ်နိုင်ပေ။

"ဆိုင်ကို တတိယအဆင့်မြှင့်ရင် အထူးလေ့ကျင့်ရေး လုပ်ပေးလို့ ရလာလို့ တော်သေးတယ်။တစ်ခေါက်ကို တစ်သောင်း ဆိုတော့ တစ်သန်းဆိုတာက ခနပါပဲ"

စုပင်း တစ်ကိုယ်ထဲတီးတိုးရေရွတ်​လိုက်ပြီး ဆိုင်အား အဆင့်မြှင့်ရန် လုပ်ဆောင်လိုက်သည်။

(တီ...ဆိုင်အား တတိယအဆင့်သို့ မြှင့်ရန် လိုအပ်ချက် ပြည့်စုံပါပြီ ။ အဆင့်မြှင့်မည်လား) စနစ်မှ မေးလာခဲ့လျှင် "တစ်ခုခု မပြောခင် အဲ့ဒီ တီ ဆိုတာကြီး ဖြုတ်ထားလို့ မရဘူးလား" စုပင်း အမြင်ကတ်စွာနှင့် ပြောလိုက်မိသည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now