276----280

477 56 3
                                    

အခန်း ၂၇၆

လခြမ်းဒေသမှ ပြိုင်ပွဲကွင်း

သေနတ်ထိန်းဒေသရှိ ပြိုင်ပွဲကွင်းမှာ အလွန်ဝေးသဖြင့် ပို၍နီးပြီး နေ့တစ်ဝက်ခန့်သာသွားရမည်ဖြစ်သော လခြမ်းဒေသမှ ပြိုင်ပွဲကွင်းအား စုပင်း ရွေးခြယ်ထား၏။

ပြိုင်ပွဲမစမှီ နှစ်ရက်အလိုတွင် ဆိုင်သို့ ရောက်လာသူ နည်းပါးလာသဖြင့် ပြိုင်ပွဲနေ့တွင် ဆိုင်ဖွင့်ရန် သူ စီစဥ်ထားခြင်း မရှိသလို ထိပ်တန်းလည်း ထိုနည်း၎င်းပင် ဖြစ်သည်အား စုပင်း သိလိုက်ရသည့်အပြင် အခြား စတိုးဆိုင်များတွင်လည်း လူသူ နည်းပါးနေကြောင်း တွေ့လိုက်ရ၏။

ထို့ကြောင့် ထိပ်တန်းမှ ထပ်ပြီးအကြံထုတ်ရန် မဖြစ်နိုင်တော့ကြောင်း သိသဖြင့် စုပင်း စိုးရိမ်နေခြင်း မရှိပေ။

အမှန်တော့ စုပင်း၏ဆိုင်တွင် သာမာန်လေ့ကျင့်ရေးပင် တစ်သိန်း ကျသင့်သည်ဖြစ်ရာ ထိပ်တန်းထက် စျေးနှုန်းအလွန် မြင့်မားသည့်အတွက် နောက်ထပ်ပြန်လာချင်သူများပင် မလာနိုင်ပဲ ရှိနေခြင်း​ ဖြစ်သည်။ယမန်နေ့တွင် ကာစတန်မာ အနည်းအကျဥ်းသာ ဆိုင်သို့ ရောက်လာကြပြီး ဆိုင်သို့ စရောက်လာသူတိုင်းကလည်း စျေးနှုန်းနှင့်တင် လန့်သွားကြသလို့ ပြိုင်ပွဲ စတင်ချိန်နေပြီရာ ယခုအချိန်မှ လေ့ကျင့်ပါက နောက်ကျနေပြီ ဖြစ်သည်။

ဤသည်က အားလုံးစိတ်ထဲတွင် လေ့ကျင့်ခြင်းမှာ အချိန်ယူရသည် ဖြစ်ပြီး တစ်ရက် နှစ်ရက်နှင့် ထူးခြားလာနိုင်ချေ မရှိနိုင်ဟု ယူဆထားသည့်အတွက် ပြိုင်ပွဲကွင်းတွင်သာ သွားရောက် လေ့ကျင့်နေကြ၏။
မနက်စောစောထ ဆိုင်တံခါး ပိတ်၍ စုပင်းက ဆိုင်မှမထွက်သွားနိုင်သော ဂျွန်အန်နာကို ဆိုင်တွင် ထားခဲ့ကာ သားရဲအခန်းအတွင်း နေခဲ့စေပြီး ထန်ယူးရန်ကိုမူ ဂျွန်အန်နာနှင့် ပြဿနာ မရှာစေရန် စာလိပ်ထဲ ပြန်သွားခိုင်းလိုက်၏။

အကြောင်းကား ထန်ယူးရန် ဂျွန်အန်နာကို မနိုင်နိုင်သော်လည်း အကြောင်းအမျိုးမျိုးကြောင့် ဒေါသထွက်အောင် လုပ်မိရာမှ သေဆုံးသွားလျှင် သူ့အတွက် အကူ တစ်ယောက် ပျောက်သွားမည်ကို စုပင်း စိုးရိမ်ခြင်းကြောင့် ဖြစ်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now