အခန်း ၂၈၉ နှင်းခဲစန္ဒာနဂါး

324 48 0
                                    

အခန်း ၂၈၉
နှင်းခဲစန္ဒာနဂါး

စုပင်း တိတ်ဆိတ်စွာ ပြုံးရင်း ပွဲအပေါ် အာရုံ ပြန်ထားလိုက်သည်ကိုမြင်ပြီး ဖေးယန်ဘိုက သားဖြစ်သူအား မျက်ထောက်နီနှင့် ကြည့်လိုက်၏။

ဖေးဖေးမှာ မည်မျှပင် ဆိုးသွမ်းသော သားတစ်ယောက် ဖြစ်စေကာမူ သူ့အဖေမှာ ဂုဏ်သိက္ခာကို ဦးထိပ်ထားသူ ဖြစ်ကြောင်းနှင့် ယခုလို တစ်စုံတစ်ယောက်ကို ရိုရိုသေသေ ဆက်ဆံနေသည်ကို တွေ့ပြီး တစ်ဖက်လူ၏ နောက်ခံကြောင့်ဟု ယူဆ၍ ပွစိပွစိ လုပ်နေသည်အားရပ်ကာ စကားထပ်မပြောပဲ ကွင်းထဲမှ စုလင်းယွဲ့ကို ကြည့်လိုက်၏။

မည်သို့ပင်ဖြစ်စေ။ မည်သည့် အကြောင်းအရင်းကြောင့် တစ်ဖက်လူအား သူ၏အဖေမှ ဤမျှလောက် ကြောက်နေရသည်ကို သိအောင်လုပ်ရန် ဆုံးဖြတ်ထားခဲ့သည်။

စင်ပေါ်သို့ စုလင်းယွဲ့ လှေကားမှတစ်ဆင့် တက်သွားရာ ကျန်ပြိုင်ပွဲဝင်လေးယောက်၏ အကြည့်က သူမထံ ရောက်လာသည်ကို ခံစားရ၍ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ ဖြစ်နေခြင်းကြောင့် မဟုတ်လျှင် သူမ အလှကြောင့်ဟု ထင်မိမည် ဖြစ်သော်လည်း ယမန်နေ့မှ ကောလဟာလများကြောင့် ထိုသူများအကြည့်၏ အဓိပ္ပါယ်အား သူမ သိနေ၏။
ထိုအသိနှင့် အံကြိတ်ကာ နောက်မှ အလစ်ဝင်တိုက်ခိုက်ရန် မဖြစ်နိုင်အောင် စင်၏ အစွန်းတစ်နေရာ၌ နေရာယူလိုက်သည်။ထိုအချိန် အခြားသူများ သူမအနား တိုးလာသည်ကိုလည်း စုလင်းယွဲ့ သတိပြုမိလိုက်သည်။
"စုလင်းယွဲ့ ဆိုတာလား။စတိုးဆိုင် တစ်ခုက ချန်ပီယံ ဖြစ်လာမဲ့သူလို့ ကြေညာထားတဲ့သူ မဟုတ်လား"

"ဟီးဟီး...သူ့ကို ဒီနေရာမှ အနိုင်ရရင် ချန်ပီယံက ငါဖြစ်လာမှာပေါ့"

"ကြားရတာတော့ အဲ့ဒီဆိုင်ရဲ့ ပိုင်ရှင်နဲ့ ပြောမပြနိုင်တဲ့ ပက်သက်မှုမျိုးရှိတယ်တဲ့၊တစ်ချို့လူတွေပြောတာကတော့ သူမခန္ဓာကိုယ်တောင် ရောင်းထားတယ်လို့ ပြောတယ်"

ထိုသို့ စကားနာထိုးနေကြသလို စုလင်းယွဲ့အနားသို့ တိုးကပ်လာကြသည်။
အမှန်တော့ ယခုအသုတ် နာမည်စာရင်းတွင် စုလင်းယွဲ့နာမည် ပါလာသည့် အချိန်မှစ၍ သူမမှာ ထိုလေးယောက်၏ ပစ်မှတ် ဖြစ်လာခဲ့ခြင်း ဖြစ်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now