အခန်း ၂၁၈ စကားပြောကြည့်ခြင်း

614 67 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၁၈
စကားပြောကြည့်ခြင်း

ဘာသာပြန်. Soul

မရေတွက်နိုင်သော တိုက်ပွဲများ အတူတကွ တိုက်ခိုက်ခဲ့ခြင်းကြောင့် ငရဲမီးနဂါး၏ မှတ်ဉာဏ်တွင် စုပင်းအား သူ့အသက်နှင့်ပင် ရင်း၍ ကာကွယ်ရန် အရိုးစွဲနေ၏။

စုပင်းရှေ့တွင် နေရာယူကာ ချော်ရည်ကဲ့သို့ မီးလျှံများအား မိန်းကလေးထံသို့ ငရဲမီးနဂါး မှုတ်လိုက်၏။သို့သော် ရွှေရောင် အရှိန်အဝါအား ငရဲမီးနဂါး၏ မာကျောလှသော ကြေးခွံများပင် ကာကွယ်နိုင်ခြင်း မရှိပဲ နှစ်ပိုင်း ပြတ်သွားလေသည်။

ထိုမိန်းကလေး ဤမျှလောက် ခွန်အားကြီးမည်မှန်း မထင်ထား၍ စုပင်း အံ့ဩသွားသော်လည်း သူ့ သားရဲနှစ်ကောင်ကြောင့် ရလာသော အချိန်အတွင် သုံးမြှောင့်ကြယ် ရတနာ အတွင်းသို့ ကြယ်တာရာ စွမ်းအင်များကို စီးဝင်စေကာ ပြစ်လွတ်လိုက်၏။မူလ အဆင့်လေးအမြင့်မှ အဆင့်ခုနစ် အလယ်အလတ် အထိ ရောက်လာခဲ့ပြီး သူရိယတံတိုင်းကျင့်စဥ်အား ကျင့်ကြံခဲ့မှုကြောင့် ဘေးသို့ခုန်ရှောင်လိုက်နိုင်ခဲ့၏။ဝုန်းခနဲ အသံနှင့်အတူ ပန်းခြံ​တစ်ခုလုံး တုန်ခါသွား၏။

သူ့လက်မှ တစ်စုံတစ်ခု ထူးခြားနေသည်ဟု ထင်၍ ကြည့်လိုက်ရာ ဘယ်ဖက်လက် မရှိကြောင်း သိရ၍ "ကျူးကျော်ချင်လို့ မဟုတ်ပါဘူး..." ရောက်သည်နှင့်သေဖြစ်ကာ ပြန်ရှင်ရန် စွမ်းအင်အမှတ် ၁၂၀ အလကား အကုန်မခံချင်၍ စုပင်း ကမန်းကတမ်း အော်ဟစ်လိုက်၏ ။

"ညစ်ပတ်တဲ့ မသေမျိုးနဲ့ နဂါးကျွန်၊ပြီးတော့ အဆင့်နိမ့်သက်ရှိပါလား၊အသက်ဆက်မရှင်တာပဲ ကောင်းတယ်။အဆင့်နိမ့် မျိုးနွယ် ဖြစ်နေတာ မထူးဆန်းဘူး။ငရဲကို သွားလိုက်" မိန်းကလေးမှ ဒေါသနှင့် လက်ဝှေ့ရမ်းလျှင် နောက်ထပ် ရွှေရောင် အရှိန်အဝါ ထွက်ပေါ်လာ၏။

တစ်စစီ ဖြစ်သွားသော အရိုးခြောက်ကလေးလည်း အရိုးများ ပြန်လည် စုစည်းကာ ရှေ့တိုးလာပြီး သေသွားခဲ့သော သားရဲများမှာမှု အခမဲ့ ပြန်ခေါ်၍ ရခြင်းကြောင့် စုပင်း စိတ်အေးစွာနှင့် ငရဲမီးနဂါးအား နောက်တစ်ကြိမ် ပြန်ရှင်ခိုင်းလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now