အခန်း ၁၇၂ ဝိညဥ်ရေကန် စတုတ္ထအဆင့်

504 58 3
                                    

အခန်း ၁၇၂
ဝိညဥ်ရေကန် စတုတ္ထအဆင့်
စောင့်နေကြသူများ သက်ပြင်းချ မကျေနပ်စွာနှင့် ထွက်သွားကြ၏။
ထိုသူများ သူ့အပေါ်ကျေနပ်မည် မဟုတ်ကြောင်း သိသော်လည်း သူကိုယ်တိုင်ပင် ဘာမျှလုပ်ပေးနိုင်စွမ်း မရှိခြင်းကြောင့် "ထန်ယူးရန်၊ကာစတန်မာတွေကို ကောင်းကောင်းပြောပြီး နှုတ်ဆက်လိုက်ပါ"ဟု စုပင်း ပြောလိုက်၏။
ထန်ယူးရန်မှာ လူမှုဆက်ဆံရေးပညာအား ငယ်စဥ်မှပင် သင်ယူခဲ့ဖူးသော်လည်း သူမ၏မိသားစု ထိပ်ပိုင်း ရောက်ချိန်မှစ၍ ထိုအရာများအား လှည့်ကြည့်ရန် မလိုသလောက် ဖြစ်ခဲ့သည်။ ယခုအချိန်တွင် ထိုအရာများအား ပြန်လည်အသုံးချရန် လိုအပ်လာ၍ အရှက်အား ဖက်နှင့်ထုပ်ကာ စိတ်မပါသော်လည်း မတတ်သာပဲ ပြုံး၍ ကာစတန်မာများအား နူးညံ့သိမ်မွှေ့စွာ နှုတ်ဆက်လိုက်၏။
လက်ရှိအချိန်တွင် Pixie၏ ချန်ပီယံပက်ကေ့ အကြောင်းမှာ လူများကြားတွင် ရေပန်းစားနေခဲ့သည်။ဂျောင်ပိတ်နေသည်ဟု လူပြောများနေခိုက်တွင် ဆိုင်ပိတ်လိုက်သည်ဟု ကြားရချိန် ထိုသို့ ပြုလုပ်နိုင်ခြင်းမှာ ထွက်ပေါက်ပိတ်နေသူ၏ အပြုအမှုမျိုးမဟုတ်သောကြောင့် အားလုံး၏အမြင်များ ပြောင်းလဲသွားသည်။
ထို့အပြင် စုပင်း၏ တည်ငြိမ်သောအမှုအယာ၊ငွေအား တန်ဖိုးမထားဟန်နှင့် ဆိုင်ပိတ်လိုက်ခြင်းက Pixieမှ သူတို့ ထင်သကဲ့သို့ အသည်းအသန် ဖြစ်နေခြင်း မဟုတ်ပဲ ထိပ်တန်းနှင့် ပြိုင်ဆိုင်မှုအပေါ်၌ပင် အလေးထားဟန်မရှိကြောင်း အွန်လိုင်းပေါ်တွင် အထင်အမြင်များ ရိုက်ခတ်လာ၏။
ထိုသို့ လူများ၏အမြင်များ ပြောင်းသွားသည်ကို စုပင်းသိခြင်း မရှိပဲ ငရဲမီးနဂါးအား ပြန်ခေါ်၍ ထန်ယူးရန်ကို စာလိပ်ထဲ ပြန်ဝင်ခိုင်းလိုက်၏။
ထို့နောက် စုပင်းက သားရဲ လေ့ကျင့်ရန် မသွားသေးပဲ အရင်ဆုံး ဝိညဥ်ရေကန်သို့ သွားကာ တံခါး ဖွင့်လိုက်လျှင် စကြာဝဠာအတွင်း လွင့်မျှောနေသကဲ့သို့ အခန်းတွင် ကျယ်ပြန့်သော ကြယ်တာရာများ တွေ့လိုက်ရ၏။
"ဒါက ဘာလဲ"
စုပင်း၏နောက်မှ လိုက်လာသော ဂျွန်အန်နာလည်း အခန်းထဲ လိုက်ဝင်လာခဲ့ရာ ခြေချမိချိန်တွင် အခန်းမှာ သီးခြား နေရာတစ်ခုတွင် ဖြစ်တည်နေကာ အကန့်အသတ်မဲ့ စကြာဝဠာအထဲ ရောက်သွားသည့်အလား ခံစားရသဖြင့် မနေနိုင်ပဲ မေးလိုက်မိ၏။
အဓိပတ္တိနတ်ဘုရားများ အတွက်ပင် စကြာဝဠာတစ်ခုကို ပိုင်ဆိုင်ရန် မဖြစ်နိုင်ပေ။ဟင်းလင်းပြင် နိယာမအာယ အဆုံးအစွန် သိထားသူမှသာ ထိုသို့လုပ်နိုင်စွမ်းရှိပြီး ဂျွန်အန်နာ သိထားသလောက် နတ်ဘုရားများ၏ ရှေးဟောင်းကမ္ဘာတွင်သာ ထိုသို့သူများ ရှိနိုင်သဖြင့် အလွန်အံ့ဩသွားမိခြင်းပင်..။
ဂျွန်အန်နာမှာ ဆိုင်တွင် အလုပ်သမားအဖြစ် စာချုပ် လက်မှတ်ထိုးထားသည့်အတွက် ဆိုင်အား အန္တရာယ် ပေးချင်လျှင်ပင် မဖြစ်နိုင်ကြောင်း သိနေသဖြင့် စုပင်း ဖုံးကွယ်ထားရန် စိတ်ကူးမရှိပေ။အထဲသို့ ကြယ်များအား နင်းဖြတ်သွားသည့်အလား လမ်းလျှောက် ဝင်သွား၏။
"အဆင့်မြှင့်မယ်"
စုပင်း စိတ်ထဲမှ ပြောလိုက်လျှင် ဝိညဥ်ရေကန် အဆင့်မြှင့်ရန် စွမ်းအင်အမှတ် တစ်သန်း လိုအပ်ခြင်းကြောင့် စွမ်းအင်အမှတ် ၁.၃သန်းမှ ၃သိန်းအထိ ကျဆင်းသွားသည်။ထိုအဆင့်မြှင့်ခြင်းတွင် သုံးသော စွမ်းအင်အမှတ်မှာ စနစ်မှ သတ်မှတ်သကဲ့သို့ တိုင်းတာမှု တစ်ခုသာ ဖြစ်၍ အဆင့်မြှင့်ခြင်းမှာ တစ်ခုသပ်သပ်သာ ဖြစ်ကြောင်း စုပင်း သဘောပေါက်ထားသည်။
စုပင်းအတွက် စွမ်းအင်အမှတ် တစ်သန်းနှင့် ညီမျှသော ဒင်္ဂါး သန်းတစ်ရာကို အခြားနည်းလမ်းဖြင့် ရှာလျှင် လွယ်ကူသော်လည်း ဆိုင်မှရရန် အလွန်ခက်ခဲပြီး ယခုတွင် ဆိုင်၏နေရာလွတ်များကြောင့်သာ တစ်ရက်တွင် ငါးသိန်းခန့် ရှာလာနိုင်ခြင်း ဖြစ်သည်။
ထိုအခိုက် ဝိညဥ်ရေကန်ထဲသို့ စွမ်းအင်များ တစ်သွင်သွင်ကျဆင်းလာ၏။အထဲမှ မျက်လုံးကျိန်းဖွယ် အလင်းများ ပေါ်ထွက်လာပြီး ရှုပ်ထွေး နက်နဲသော အက္ခရာ စာတန်းများ ပတ်ပတ်လည်တွင် ထွက်ပေါ်လာခဲ့သည်။၎င်းမှာ အလွန်ပင်ရှေးကျသော ရှေးဟောင်းအက္ခရာများများ ဖြစ်ကြောင်း ဂျွန်အန်နာသိရသဖြင့် နေရာတွင်ပင် အံ့ဩမှင်သက်နေပြီး သူမ ရင်းနှီးသယောင်ရှိသော အရှိန်အဝါတစ်ရပ်ကိုလည်း မထင်မရှား ခံစားမိလိုက်၏။
ထိုအရှိန်အဝါမှာမြင့်မြတ်စွမ်းအင်နှင့် တူညီနေပြီး တစ်ချိန်တည်းတွင်လည မတူညီသကဲ့သို့ ဖြစ်နေ၏။ထိုသို့ စွမ်းအင်မျိုး သူမ တစ်ကြိမ်မျှ ကြုံတွေ့ဖူးခြင်း မရှိခဲ့သော်လည်း ထိုစွမ်းအင်မှာ သူမအား အဓိပတ္တိနတ်ဘုရားအဆင့်ကို ချိုးဖျက်နိုင်စေရန် အထောက်အပံ့ ပေးနိုင်သော စွမ်းအင်ဖြစ်ကြောင်းကို ဂျွန်အန်နာ သိနေ၏။
ခဏအကြာတွင် ရွှေရောင် စာတန်းများက အရောင်မှိန်သွားပြီး နောက်ဆုံးပျောက်ကွယ်သွားကာ ပုံမှန် ပြန်ဖြစ်လာ၏။ဝိဥာဥ်ရေကန်မှာ ယခင်ထက်ပို၍ ရောင်ဝါများ တောက်ပလာခဲ့သည်။
စုပင်းလည်း စနစ်မှ အဆင့်မြှင့်တင်ရာ အောင်မြင်ကြောင်း ပြောလာသံ ကြားရမှ သက်ပြင်းချနိုင်သွားပြီး ချက်ချင်းပင် ဝိဥာဥ်ရေကန်ကို စစ်ဆေးကြည့်ရန် စနစ်အား ပြောလိုက်ရာ ဇယားကွက်တစ်ခု သူ့ရှေ့ ပေါ်လာ၏။
[သားရဲဘုရင် မွေးထုတ်နိုင်ချေ - ၆၀% ၊ အဆင့်ကိုးသားရဲ မွေးထုတ်နိုင်ချေ - ၂၉.၉၉၉၉၉% ၊ အဆင့်ရှစ်သားရဲ မွေးထုတ်နိုင်ချေ - ၀.၀၀၁% ... ဆုံးရှုံးနိုင်ချေ - ၁၀%]
ဇယားကွက်အား ကြည့်ပြီး စုပင်း၏မျက်လုံးများ အရောင်လက်လာခဲ့၏။ယခင် တတိယအဆင့်တွင် သားရဲဘုရင် မွေးထုတ်နိုင်ချေမှာ ၁၀% မျှသာ ရှိခဲ့ပြီး ယခု ၆၀% ဖြစ်လာသည့်အတွက် ခန္ဓာကိုယ်ထဲမှ သွေးများ ဆူပွက်လာသည်ဟု စုပင်း ခံစားရနေ၏။ကံအနည်းငယ် ကောင်းလျှင်ပင် တစ်ကြိမ်နှင့် သားရဲဘုရင် တစ်ကောင် ရနိုင်ကာ ကံမကောင်းလျှင်ပင် နှစ်ကြိမ် တစ်ကောင်တော့ ရနိုင်မည်ဟု စဥ်းစားမိလိုက်သည်။
သို့သော် ကံအလွန်ဆိုးချိန် သားရဲဘုရင် အရိပ်ပင် မတွေ့နိုင်ကြောင်း သတိရသော်လည်း ဖြစ်နိုင်ချေ ၆၀% ရှိနေသည့်အတွက် ဆယ်ကြိမ်တွင် တစ်ကြိမ်သာ အောင်မြင်လျှင်ပင် တန်နေပြီ ဖြစ်ရာ စုပင်းက အရင်ဆုံး ကျန်နေသေးသည့် စွမ်းအင်အမှတ်များအား ကြည့်လိုက်သည်။
သို့သော် စတင်သည့် အချိန်ကလို လျှော့စျေး မရသည့်အတွက် ဝိဥာဥ်ရေကန်အား အဆင့်မြှင့်ရန် လိုသော စွမ်းအင်အမှတ် တစ်သန်းနှင့် အသုံးပြုရမည် ဖြစ်သည်။ ရေကန်မှာ အပြင်ပန်းသာ ရှိကာ အမှန် တန်ဖိုးကြီးသည့် အရာမှာ ရေကန်အတွင်းရှိ မူလစွမ်းအင်များသာ ဖြစ်​သည်။
သို့သော် နှစ်ရက်တာအတွင်း စွမ်းအင်အမှတ် တစ်သန်း ရှာနိုင်ခဲ့ရာ ကျန်နေသော သုံးသိန်းကို လတ်တလောတွင် ချန်ထားပြီး နောက်နှစ်ရက်ကြာမှ ဝိဥာဥ်ရေကန်အား စမ်းကြည့်ရန် စုပင်း ဆုံးဖြတ်လိုက်၏။
ဝိညဥ်ရေကန်၏အဆင့်မြှင့်ခြင်းမှာ ပြီးမြောက်ပြီ ဖြစ်သောကြောင့် ရေကန်အား တွေဝေစွာ ကြည့်နေသော ဂျွန်အန်နာအား "လာခဲ့။လေ့ကျင့်ချိန် ရောက်ပြီ"ဟု စုပင်း ပြောလိုက်၏။
ထိုစကားကြားမှ ဂျွန်အန်နာ သတိပြန်ဝင်၏။သူမက ဝိဥာဥ်ရေကန်အား နောက်ဆုံးအကြိမ် ကြည့်လိုက်သည်။စုပင်း၏နောက်ကွယ်မှ ထောက်ပံနေသူ၏ စွမ်းအားကို  ယခု တွေရသော အံဖွယ်ဖြစ်စဥ်နှင့်ပင် သူမ ခန့်မှန်းမိနေ၍ ဘာမျှ ထပ်မပြောတော့ပဲ စုပင်းနောက်မှ လိုက်သွားလိုက်၏။
စုပင်းမှ တံခါးကို ပိတ်လိုက်သည်နှင့် ထိုအခန်းထဲသို့ အလုပ်သမားဖြစ်သည့် ဂျွန်အန်နာပင် သူ့ခွင့်ပြုချက် မပါပဲ ဝင်မရတော့ပေ ။
ထို့နောက် သားရဲအခန်းသို့သွားလိုက်ပြီး လေ့ကျင့်ပေးရမည့် သားရဲများကိုရွေးခြယ်၍ ဂျွန်အန်နာနှင့်အတူ နတ်ဘုရားတစ်ပိုင်း လူတစ်ပိုင်း သင်္ခြိုင်းသို့ စုပင်း သွားလိုက်၏။
ယခုတစ်ကြိမ်တွင် စုပင်းက စုလင်းယွဲ့အား သူ၏ ကိုယ်ပိုင်ငွေများကို လွှဲပေးပြီး ဆိုင်တွင် ဝန်ဆောင်မှု ရယူခိုင်းခဲ့သည့်အတွက် ဆိုင်မှ လေ့ကျင့်ပေးရန် တရားဝင် ဖြစ်လာသည့် နှင်းခဲစန္ဒာနဂါးအား တစ်ပါတည်း ခေါ်သွားလိုက်သည်။၎င်းကို စုပင်းက အခြားသော သားရဲများနှင့်မတူပဲ မြင့်မြတ်ပုံဆောင်ခဲများ ပေးပြီး စွမ်းရည်များကို မြင့်မြတ်အစွမ်း သုံးနိုင်ရန် လုပ်ပေးလိုက်၏။
ထိုသို့နှင့် တစ်ညတာ ကုန်လွန်ခဲ့သည်။စုပင်းလည်း နယ်မြေတွင် ရက်အတန်ကြာ နေခဲ့၍ နှင်းခဲစန္ဒာနဂါးမှာလည်း သူနှင့် အချိန်တိုင်း ရှိနေခဲ့သည်ဖြစ်ရာ ၎င်း၏ တိုက်ခိုက်နိုင်စွမ်းမှာ အဆင့်သုံးမှ အဆင့်ခုနစ်ဖြစ်သော ၇.၈သို့ ညတွင်းချင်း ရောက်သွားလေ၏။ထိုထက်မကပဲ စုပင်းက ဂျွန်အန်နာ ထံမှ ထပ်ရလာသော မြင့်မြတ်ပုံဆောင်ခဲများဖြင့် ၎င်း၏ စွမ်းရည်အားလုံးကို မြင့်မြတ်အစွမ်း သုံးနိုင်ရန် လုပ်ပေးထားခဲ့သည်။
ဤအတိုင်းဆို လက်ရွေးစင်သားရဲစစ်သည်ပြိုင်ပွဲမစခင်တွင် နှင်းခဲစန္ဒာနဂါး၏ တိုက်ခိုက်နိုင်စွမ်းအား ၉.၅အထိ ကျန်နေသော ရက်အနည်းငယ်အတွင်း လေ့ကျင့်ပေးလျှင် ရောက်နိုင်မည်ဟု စုပင်း ခံစားနေရ၏။
ထို့အပြင် နှင်းခဲစန္ဒာနဂါးမှာ အကောင်ပေါက်အရွယ်မှ စ၍ ဂျွန်အန်နာ၏ ရေပူစမ်းတွင် စိမ်ခဲ့သောကြောင့် ငွေရောင် အကြေးခွံများအကြား ရွှေရောင် အကြေးခွံများ ပေါ်လာကာ အလွန်ပင် အိမ်မက်ဆန်စွာ လှပလာခဲ့၏။
"အဆင့်လေး၊တိုက်ခိုက်နိုင်စွမ်း ၇.၈နဲ့ ပါရမီက သာမာန်ထက်မြင့် ဆိုတော့ မဆိုးပါဘူး"
နှင်းခဲစန္ဒာနဂါးအား သူ့ကိုယ်ပိုင် သားရဲကဲ့သို့ သဘောထားသည် ဖြစ်ရာ စုပင်းက ၎င်း၏ တိုးတက်လာမှုကို ကြည့်ပြီး ကျေနပ်အားရနေ၏။
သားရဲများအားလုံး လေ့ကျင့် ပြီးစီး၍ ဆိုင်ပြန်လာချိန်တွင် တစ်နေ့တာ၏ အဦးဆုံး အလင်းရောင် ရောက်လာပြီ ဖြစ်သည်။ယမန်နေ့က ဆိုင်၏ သားရဲသိုလှောင်ခန်းများမှာ စောစီးစွာ ပြည့်သွားသဖြင့် စောစောလေ့ကျင့်ပေးနိုင်သည့်အလျှောက် ယနေ့တွင်လည်း ဆိုင်အား စောစော ဖွင့်လိုက်၏။
ဆိုင်တံခါးကိုဖွင့်ပြီး ထန်ယူးရန်အား ဧည့်ကြိုခိုင်းထား၍ အားနေသည်နှင့် စုပင်းမှ ဖုန်းနှင့် သတင်းများရှာကြည့်ရာ ယခင်ညတွင် ထိပ်တန်းဖက်မှ အပြောင်းအလဲမရှိပဲ ယခင်ကဲ့သို့ လူကျနေကြောင်း အချို့ ဗွီဒီယိုများတွင် စုပင်း တွေ့လိုက်ရ၏။
စီးပွားရေး အမြင်အရ ကြည့်လျှင် ထိပ်တန်းမှာ ဆိုင်ခွဲ များပြားစွာ ရှိပြီး လူတိုင်းအတွက် အနီးအနားတွင် ဆိုင်ခွဲများ ရှိနေကာ သားရဲ လက်ခံခြင်းတွင် ကန့်သတ်ချက် မရှိသည့်အပြင် ၂၄နာရီ ဖွင့်သည့်ဆိုင် ဖြစ်သည့်အတွက် တစ်ရက်တွင် သန်း ရာနှင့်ချီကာ ဝင်ငွေ ဝင်နေပြီး စောင့်နေကြသူလည်း အစဥ်မပြတ် ရှိသေးပေသည်။
ထို့ကြောင့် နောက်ထပ် ပြိုင်ဆိုင်ရန် မအားလပ်နိုင် ဖြစ်နေသည်လား ၊ ပျော်နေသည်လားဟု စုပင်း တွေးမရတော့ပဲ ထိပ်တန်းမှ မည်သည့် လှုပ်ရှားမှုမျိုး မရှိသည် ဖြစ်ရာ စုပင်းလည်း သတင်းအားလုံး ပိတ်လိုက်၏။
သို့သော် ထိုသို့ တည်ငြိမ်နေခြင်းမှာ ခဏတာမျှသာ ဖြစ်နိုင်၍ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ မစခင် အချိန်ထိသာ ဖြစ်ပြီး ပြိုင်ပွဲစချိန်မှ စ၍ အမှန်တစ်ကယ် ပြိုင်ဆိုင်မှုမှာ လာတော့မည် ဖြစ်​မှန်း စုပင်း သိနေ၏။
ထိုသို့နှင့်ပင် လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲစတင်မည့်ရက်ကလည်း တဖြည်းဖြည်း နီးကပ်လာခဲ့တော့သည် ။









ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now