အခန်း ၂၀၈ မယုံနိုင်ဖွယ် သတင်း

618 65 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၀၈
မယုံနိုင်ဖွယ် သတင်း

ဘာသာပြန်. Soul

နာရီဝက်ခန့်အကြာတွင်...။မျှော်စင် ထိပ်ဆုံးမှ လင်းလာခြင်း​က နဝမအဆင့်အား ရောက်ရှိသူ ရှိကြောင်း ပြောနေခြင်းကြောင့် စောင့်နေကြသူများအားလုံး မီးကိုရေဖြင့်ငြိမ်းသက်လိုက်သည့်အလား တိတ်ဆိတ်သွားကြတော့သည်။

ယခင်က မျှော်စင်၏ အကောင်ဆုံးသော မှတ်တမ်းများတွင် ထန်ယူးရန်အပါအဝင် အခြားသော နာမည်ကြီး မိသားစုမှ မျိုးဆက်များသည် ဆဌမအဆင့်သာ ရောက်ရှိခဲ့ပြီး ယခုလို နောက်ဆုံးအဆင့်သို့ ရောက်ရှိဖူးသူ မရှိဖူးချေ။ဆဌမအဆင့်သည် နဝမအဆင့် ယှဥ်ပါက မိုးနဲ့မြေကြီးပမာ ခြားနားလှ၏။ထို့ကြောင့် ရပ်ကြည့်နေသူများပင်မက မွန်မြတ်သောဓား သခင်အပါအဝင် အခြား ဘွဲ့တံဆိပ်ရသားရဲစစ်သည်များအားလုံး အံ့ဩနေကြ၏ ။

ထို့အပြင် ၎င်းတို့က မျှော်စင် ထိပ်ဆုံး အဆင့်များမှာ တစ်ဆင့်မှတစ်ဆက်တက်ရာ၌ မည်မျှ ခက်ခဲကြောင်းကို သိနေကြ၏။ ဘွဲ့တံဆိပ်ရ သားရဲစစ်သည်တစ်ဦးဆိုလျှင် မျှော်စင်၏ နောက်ဆုံး အဆင့်တွင် တွေ့ရမည်မှာ သားရဲဘုရင် သို့မဟုတ် သားရဲဘုရင်များ၏ ဘုရင်ပင် ဖြစ်နိုင်ကြောင်း သိနေကြသည်။ထိုသို့ သားရဲမျိုးအား လူ့သမိုင်းတစ်လျှောက် အနိုင်ရခဲ့ဖူးသူ မရှိခဲ့​ဖူးချေ။

အဆင့်တစ်မှ ကိုးအထိ ခွဲထားသော သာမာန် သားရဲနှင့် သားရဲစစ်သည်များကဲ့သို့ မဟုတ်ပဲ သားရဲဘုရင်များ၏ ဘုရင် ဆိုသည်မှာ သာမန်သားရဲဘုရင်များထက် အလွန်ပင် ခွန်အား ကြီးမားလှပြီး မွန်မြတ်သောဓားသခင်ပင် ထိုသို့ သားရဲမျိုးနှင့် ရင်ဆိုင်ရပါက ပြေးရန်သာ တတ်နိုင်ပေသည်။

ထို့အပြင် မျှော်စင်မှာ သားရဲစစ်သည်များအတွက် စမ်းသပ်ရာ နယ်မြေပင် မဟုတ်ပဲ အမွေအနှစ် ဆက်ခံရာ နယ်မြေတစ်ခု ဖြစ်သည်။ထိုလျှို့ဝှက်ချက်ကို အချို့သော တာဝန်ရှိ ဘွဲ့တံဆိပ်ရသားရဲစစ်သည်များသာ သိကြပေသည်။

"အထဲမှာ ရှိတာ ဘယ်သူလဲဆိုတာ အခုပဲ စုံစမ်းရမယ်"
"သူက ငါတို့လို ဘွဲ့တံဆိပ် သားရဲစစ်သည်တော့ ဘယ်နည်းနဲ့မှ မဖြစ်နိုင်ဘူး ။အထဲမှာရှိတဲ့ နဂါးဘုရင် ဝိညဥ် မပြောနဲ့ ဘယ် ဘွဲ့တံဆိပ်ရသားရဲစစ်သည်မှ သားရဲဘုရင်ကို အကူအညီမပါပဲ မသတ်နိုင်ဘူး"
"ဒါဆို လူငယ်ပဲ ဖြစ်ရမယ် ။ ဘယ်လိုလုပ်မလဲ မွန်မြတ်သောဓားသခင် ။အခုကိစ္စကို သခင်ကြီးကန်းကို အကြောင်းကြား သင့်လား"
"သူ့သမီးက အရင်တစ်ခါက အဌမအဆင့် ရောက်ခဲ့ပြီးတာ ဘယ်သူ့မှ မပြောနဲ့လို့ ပြောထားတယ် ။ အခုက အားလုံး မျက်စိရှေ့မှာ နောက်ဆုံးအဆင့်ကို ရောက်တဲ့သူ ရှိနေပြီ ။ အားလုံးရှေ့မှာပဲ အမွေအနှစ်ကို ယူသွားမလား ။ ဒါကို သခင်ကြီးကန်းကို ဘယ်လို ရှင်းပြမလဲ။မဖြစ်ဘူး အထဲမှာရှိတဲ့သူကို ဘယ်မိသားစုက လွှတ်လိုက်တာလဲဆိုတာ ရှာကြစမ်း"

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now