အခန်း ၂၅၁ အိမ်စောင့် နဂါး

459 55 0
                                    

အခန်း ၂၅၁
အိမ်စောင့် နဂါး

ဆိုင်မှ စျေးနှုန်းကြောင့် မေးခွန်း ထုတ်ခံရသည်မှာ ယခုတစ်ကြိမ်သာ မဟုတ်တော့သည့်အတွက် စုပင်း မျက်ခုံးပင့်လိုက်၏ ။

ယခင် ဆိုင်မှစျေးနှုန်းကြောင့် ဖီးနစ်တောင်ထွတ် သင်တန်းကျောင်းမှ ကျောင်းသားများ ပွက်လောရိုက်ခဲ့ကြရာ လေ့ကျင့်ရေးမှာ အမှန်တကယ် တိုးတက်မှု ရှိခြင်းကို တွေ့ရမှ ငြိမ်သွားခဲ့ခြင်း ရှိသည်။

ယခု ဆိုင်သို့ ရောက်လာသူများမှာ အတွေ့အကြုံများသူပီပီ ကျောင်းသားများကဲ့သို့ အကျိုးအကြောင်း စဥ်းစားခြင်းမရှိပဲ စုပင်းအား သက်သေပြရန် အချိန် မပေးချင်ကြပေ ။

စုပင်း အော်ဟစ်လိုက်၏။တစ်ချိန်ထဲမှာပဲ ကြယ်တာရာစွမ်းအင်အား ထိန်းချုပ်ထားရာမှ လွှတ်ထုတ်လိုက်ရာ အဆင့်ခြောက် သားရဲစစ်သည် အရှိန်အဝါပေါ်လာ၍ လူတိုင်း အံ့ဩသွားကြကုန်သည်။

အဆင့်ခုနစ်သားရဲစစ်သည်များသည် အထွတ်အထိပ် သားရဲစစ်သည်ပြိုင်ပွဲတွင်သာ ဝင်ပြိုင်ရန်ရှိပြီး လက်ရွေးစင်သားရဲစစ်သည်ပြိုင်ပွဲအား ဝင်ပြိုင်နိုင်ခြင်း မရှိတော့ချေ။တနည်းအားဖြင့်ဆိုပါက လက်ရွေးစင်သားရဲစစ်သည်ပြိုင်ပွဲအတွက် အမြင့်ဆုံးအဆင့်သတ်မှတ်ချက်မှာ အဆင့်ခြောက်သားရဲစစ်သည် အဆင့်ဖြစ်သည်။
သို့သော် အရှေ့ဆုံးမှ ရှိနေသော လူငယ်မှာ စုပင်း၏ ခွန်အားကြောင့် ထိတ်လန့်သွားခြင်း မရှိပဲ

"စျေးနှုန်းက ဘာကြောင့် ဒီလောက်များနေလဲ။ရှင်းအောင် ပြောပြ။ အတင်း ဝန်ဆောင်မှုကို ယူခိုင်းမှာတော့ မဟုတ်ဘူးမလား" ဟုမေးလိုက်ရာ "ဟုတ်တယ်" "ငါတို့ကို မခြိမ်းခြောက်နဲ့" ဦးဆောင်သူ ရှိပြီ ဖြစ်သောကြောင့် အခြားသူများလည်း သံယောင်လိုက်လာခဲ့ကြ၏။
စုပင်း တစ်ချက်သာ ကြည့်၍ အားလုံး မျက်နှာထက်မှ ဒေါသနှင့် သံသယများအား တွေ့ရသည် ဖြစ်ရာ ရှင်းပြရန် စိတ်ကူး မရှိတော့ပဲ လက်ဝှေ့ရမ်းပြီး သားရဲ ကိုယ်ပိုင် နေရာကို ဖွင့်လိုက်၏ ။

"ထွက်လာခဲ့" စုပင်း ပြောပြီးသည်နှင့် အရင်ဆုံး မီးတောက်များ အထဲမှ ထွက်လာကာ ဆိုင်တွင် အပူချိန်လည်း မြင့်တက်လာ၍ အသက်ရှူသံ ကြားရကာ ရှိနေသူများ နှလုံးခုန် ရပ်တန့်သွားမည့်အလား ခံစားလိုက်ရ၏ ။
ထန်ယူးရန်လည်း လူများကြားမှ ကြည့်နေသည် ဖြစ်ရာ စုပင်း၏ သားရဲအား မြင်လိုက်ရလျှင် ကြောက်စိတ်ကြောင့် မျက်လုံး မှေးမိန်သွား၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now