အခန်း ၂၆၅ ကျိုးမိသားစု(ကျိုးချွမ်)

393 47 0
                                    

အခန်း ၂၆၅
ကျိုးမိသားစု(ကျိုးချွမ်)

[အသစ် အသစ်သော ကမ်းလှမ်းမှု]
[လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲမှာ ဦးဆောင်ပါ]
[အရင်ရောက်သူ အရင်ရမယ် ။ အဆင့်ငါးအတွင်း အာမခံ ။ နှစ်နေရာပဲ လွတ်တယ်]

ဝက်ဆိုက်ထဲတွင် ထိပ်တန်းက မျက်လုံးကျိန်းဖွယ် ကြော်ညာနေ၏။၎င်းတို့က ပြောရေးဆိုခွင့်ရှိသူ တစ်ယောက်တင် မဟုတ်ပဲ သုံးယောက် ​ငှားယမ်းထားခဲ့သည်။

ထိုသုံးယောက်မှ အလည်ရှိ တစ်ယောက်မှာ အသက် ခုနစ်ဆယ်အရွယ် တည်ကြည်ပြီး ရင်းနှီးလွယ်ဟန်ရှိသူ လူကြီးတစ်ယောက် ဖြစ်ပြီး လေးစားစရာ ဆရာတစ်ဆူကဲ့သို့ ရှိနေ၏။ဘေး တစ်ဖက်တစ်ချက်တွင် အမျိုးသား တစ်ဦးနှင့် မိန်းမပျိုလေး တစ်ဦး ရှိနေခဲ့သည်။

ကြည့်ရုံမျှနှင့် အလွန် စေ့စပ် သေချာသော စီစဥ်မှု ဖြစ်ကြောင်း သိသာနေပေသည်။

အမျိုးသားဖြစ်သူမှာ စူးရှတောက်ပသော မျက်လုံးများနှင့် မျက်ခုံးကောင်းကောင်းရှိသူ လူရွယ် တစ်ယောက် ဖြစ်သည်။ထိုသူက ယခင် လက်ရွေးစင်သားရဲစစ်သည်ပြိုင်ပွဲ၏ ချန်ပီယံ မူယန်းဖေး ဖြစ်ပြီး မိန်းမပျိုမှာ ကောင်းမွန်စွာ ဝတ်စားထား၍ ရွှေရောင်ဆံပင် သူငယ်အိမ် အပြာရောင်ကြောင့် ဒေသခံ မဟုတ်ကြောင်း သိသာနေ၏။သူမမှာ နိုင်ငံတကာတွင် နာမည်ကြီးသော ကြော်ညာ စတား အေဗရယ်ပင် ဖြစ်သည်။

မဟာ လေ့ကျင့်ရေး ပညာရှင်၊ ယခင်တစ်ခေါက် ချန်ပီယံနှင့် နိုင်ငံတကာ စတား အစရှိသဖြင့် စီစဥ်ထားမှုကို ကြည့်ပြီး ထိုအထဲမှ တစ်ယောက်သာ ဖြစ်လျှင်ပင် ထိုဆိုင်တွင် လူပြုံသွားစေနိုင်သော်လည်း ယခု သုံးမျိုးလုံး သုံးထားသည့်အတွက် စုပင်း စိတ်ဝင်စားသွားသည်။

အထူးသဖြင့် မူယန်းဖေးနှင့် ပက်သက်၍ မူမိသားစု သဘောထားကို သူနားမလည်နိုင် ဖြစ်နေလေ၏။

သို့သော် မူယန်းဖေးမှာ ယခင်ကတည်းက ထိပ်တန်းအတွက် ကြော်ညာပေးခဲ့သည် ဖြစ်ရာ ယခုတစ်ကြိမ်မှာလည်း ပုဂ္ဂိုလ်စွဲကြောင့် တိုက်ခိုက်ခြင်း မဟုတ်ကြောင်း စုပင်း သိသော်လည်း မိသားစုကြီးများကြားမှ ဆက်နွယ်မှုအား နားမလည်နိုင် ဖြစ်နေ၏။မည်သို့ပင်ဖြစ်စေကာမှု ထိုသို့ ကြော်ညာမျိုးမှာ အလွန်ပင် ထိရောက်ကြောင်း စုပင်း ဝန်ခံမိသည်။ထို့ကြောင့်လည်း ညတွင်းချင်း ဆိုင်တွင် လူနည်းသွားရကြောင်း စုပင်း နားလည်လိုက်သည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Όπου ζουν οι ιστορίες. Ανακάλυψε τώρα