အခန်း ၂၃၀ ပြန်ရောက်လာခြင်းနှင့် ဆု

628 72 0
                                    

အခန်း ၂၃၀
ပြန်ရောက်လာခြင်းနှင့် ဆု

ပတ်ဝန်းကျင် ရုတ်တရက် ပြောင်းလဲသွားကာ စုပင်း နေသားကျစွာပင် မျက်လုံး ဖွင့်ကြည့်လိုက်လျှင် ဆိုင်ပြန်ရောက်ပြီ ဖြစ်ကြောင်း သိလိုက်ရပြီး ယခင်နှင့် ကွာခြားသည်မှာ ဤတစ်ကြိမ်တွင် သူနှင့်အတူ ပါလာခဲ့သူတစ်ဦး ရှိနေခြင်းသာ ဖြစ်သည်။

"ဒါက ရှေးဟောင်းကမ္ဘာလား" ဂျွန်အန်နာ မေးလာ၍ "မဟုတ်ဘူး ။ ဒါက မင်းအလုပ်လုပ်ရမဲ့ ဆိုင်ပဲ ။ ရှေးဟောင်းကမ္ဘာက နောက်မှ အခွင့်အရေး ရလာမယ်" စုပင်း သူဋ္ဌေးတစ်ယောက် အနေအထား ဖမ်းကာ ပြောလိုက်၏။

"ဘယ်တော့ သွားလို့ ရမလဲ ပြောပြပါလား" ဂျွန်အန်နာ မကျေနပ်ဟန်နှင့် မေးပြီးမှ သူမ၏ အလုပ်လုပ်နေသည်ကို လိုလိုလားလား လက်ခံသည့်ဟန် ပေါ်သွားခြင်းကြောင့် မေးလိုက်မိသည်ကို သတိရပြီး နောင်တရသွား၏။

"ရာသီကုန်တိုင်း သုံးသပ်ချက်ထုတ် ပေးမယ်။အလုပ် ကောင်းကောင်းလုပ်ရင် စောစော သွားရမယ်။အခုကတော့ ငါ့စီစဥ်ညွန်ကြားတဲ့အတိုင်း စျေးလာဝယ်တဲ့သူတွေကို လေးလေးစားစား ဆက်ဆံရမယ်။ ဒါက အခြေခံပဲ" စုပင်း စနစ်မှ သိလာသည့် အကြောင်းအရာအား ပြောပြလိုက်၏ ။
"ငါ့ကို ခိုင်းလို့ရမယ်လို့ နင်ထင်နေတာလား" ဂျွန်အန်နာ ပြောလာလျှင် "ဒါဆို စမ်းကြည့်လိုက်လေ။မင်းအတွက် ပထမဆုံးမှတ်ချက်ကို အညံ့လို့ ပေးလိုက်မယ်" စုပင်း ပြောလိုက်၏။

ဂျွန်အန်နာ တိတ်ဆိတ်သွားသည်။ထိုအခိုက်တွင် သူမ၏စိတ်ထဲ သူမ၏ တိုက်ခိုက်နိုင်စွမ်း ၊ အဆင့် ၊ တတ်မြောက်ပြီး ကျင့်စဥ်များနှင့် အခြား အရာများ ပါသည့် အလုပ်သမား အချက်အလက်များ ရှိသည်အား သတိထားမိသွား၏။အလုပ်သမား အကဲဖြတ် အမှတ် နေရာတွင် လက်ရှိ တစ်ရာ ရှိနေကာ ဘေးမှ ? သင်္ကေတ နောက်တွင် အကြောင်းအရာအား ရှင်းပြထားကြောင်း တွေ့လိုက်ရ၏။
ထူးချွန် အလုပ်သမား ဖြစ်လာရန် အမှတ် ၂၀၀ ရောက်ရမည် ဖြစ်ပြီး ၈၀ အောက် ရောက်လျှင် အခြေခံ အကျိုးခံစားခွင့် ရုပ်သိမ်းမည် ဖြစ်ကာ ၆၀ အထိ ရောက်သွားလျှင် အလုပ်ပြုတ်၍ ဆိုင်မှပိုင်သည့် သားရဲအဖြစ်နှင့် ဖြစ်သွားမည်အား တွေ့လိုက်ရ၏။အမှန်တော့ တော်ဝင်မျိုးနွယ်ပီပီ ဂျွန်အန်နာသည် ထိန်းသိမ်းနိုင်စွမ်းကြီးသူဖြစ်သော်လည်း စိတ်ထဲမှနေ၍ စုပင်းအား ဆဲရေးမိလိုက်သည်ကိုတော့ ထိန်းချုပ်နိုင်ခဲ့ခြင်း မရှိချေ။ မူလ စာချုပ်ချုပ်စဥ်က ထိုအကြောင်းအရာများ မပါရှိကြောင်း သူမတွေးလိုက်၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now