အခန်း ၂၁၁ ကျောင်းသားများနှင့် တွေ့ခြင်း

654 74 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၁၁
ကျောင်းသားများနှင့် တွေ့ခြင်း

ဘာသာပြန်.Soul

လမ်းတစ်လျှောက် ဆန်းကြယ်နယ်မြေသို့ သွားနေသော ကားအချို့ကို တွေ့ရ၍ လိုင်စင် နံပါတ်အား ကြည့်ကာ လုံကျန်းမှ ဖြစ်ရမည်ဟု စုပင်း ခန့်မှန်းလိုက်၏။

နာရီ အနည်းငယ် အကြာတွင် စူးစမ်းသူများ အခြေစိုက် စခန်းသို့ စုပင်း ပြန်ရောက်လာခဲ့သည်။

စခန်း၏ နယ်နိမိတ်ထဲ မဝင်ခင် အသက်လုကာ ရှူနေရသော နဂါးနက်ခွေးအား သားရဲနေရာထဲ ထည့်လိုက်ရင်း "စီးဖို့ ပျံနိုင်တဲ့ သားရဲ တစ်ကောင်လောက် ရှာမှပဲ ။ အဆင့်မြင့် သားရဲစစ်သည် ဖြစ်လာရင် မြို့တွင်း သားရဲစီးဖို့ ခွင့်ပြုတာဆိုတော့ သွားလာရ ပိုလွယ်တာပေါ့" စုပင်း သူ့ကိုယ်သူ ပြောလိုက်၏။ ကောင်းကင်ထက်သို့ မော့ကြည့်ရာ မွန်းတည့်အချိန်ရောက်နေပြီ ဖြစ်သည်။

ထိုနောက် နဂါးနက်ခွေးကိုစီးသွားသည်ထက် စခန်းမှ ကားငှား၍ လိုက်ပို့ခိုင်းလျှင် ပိုလွယ်မည်ဟု အတွေးနှင့် စုပင်း စခန်းထဲသို့ လမ်းလျှောက် ဝင်သွားလိုက်သည်။

အကြောင်းကား အဆင့်မြင့် သားရဲစစ်သည် မဟုတ်လျှင် မြို့တွင်း၌ သားရဲအား စီးခွင့် မရှိသည့်အပြင် အခြား သားရဲစစ်သည်များမှ သားရဲအတွက် လမ်းမဖယ်လိုခြင်းကြောင့် ဖြစ်သည်။

ယီချန်းရှန်နှင့် လျိုကုဆူး ပြန်ရောက်ပြီလားဟု တွေးကာ ​ သားရဲ အလောင်းများ ပို့နေကျ ဖြစ်သောကြောင့် သွေးဖြင့် စိုရွဲနေပြီး အနံ့များ ထွက်နေသော ရှုပ်ပွနေသော လမ်းအတိုင်း စုပင်း လျှောက်လာ၏။

လမ်း၏ ဝဲယာတွင်မှု အဆိပ်အိတ် ၊ အစွယ်နှင့် အခြား လက်နက်အဖြစ် အသုံးဝင်သော အရာများ ရောင်းနေကြသည့် စူးစမ်းသူများ၏ စျေးဆိုင်များ ရှိနေ၏။

လျိုကုဆူးမှာ ဆရာမတစ်ယောက် ဖြစ်သည့်အပြင် မြိူ့ထဲတွင် နေထိုင်ခြင်းကြောင့် သူမနှင့် ပြန်ရန် စုပင်း စိတ်ကူး၍ သွားနေစဥ် လမ်းကြားတစ်ခုမှ ရင်းနှီးနေသော အသံ ကြားလိုက်ရ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now