အခန်း ၂၃၂ ပြဿနာ ရှာခြင်း

599 71 0
                                    

အခန်း ၂၃၂
ပြဿနာ ရှာခြင်း

ဝင်လာသူများကိုကြည့်ပြီး ဝယ်သူများအထင်နှင့် ဂျွန်အန်နာ မျက်ခုံးပင့်ကာ ကြည့်လိုက်၏။

ထို စိမ်းပြာရောင်ဝတ်လူအိုကြီးနောက်မှ အခြားသူမျာလိုက်ပါလာ၏။ အချို့မှာ ထိုလူအိုထက်ပင် အသက်အရွယ်ကြီးရင့်ပုံရ၏။သို့သော် ထိုသူများက နောက်မှသာ ကပ်လိုက်လာ၍ မျက်နှာထက်တွင် နောင်တရနေဟန် ပေါ်နေ၏။

ခြေသံကြား၍ စုပင်း လှည့်ကြည့်လိုက်ရာ လူအို၏ အသက်ကြီးသော်လည်း ယုံကြည်မှု ပြည့်ဝနေသည့် ထူးခြားသော ဟန်အား တွေ့လိုက်ရလျှင် တစ်စုံတစ်ခု စဥ်းစားမိပြီး ကောင်တာနောက်တွင် ထိုင်နေရာမှ ထထွက်မသွားတော့ချေ။

ထိုအခိုက် မဖိတ်ခေါ်ပဲရောက်လာသော ဧည့်သည်များမှာ ဂျွန်အန်နာ၏ပြီးပြည့်စုံသော အလှအောက်တွင် နှစ်မျောနေကြ၏။

အမှန်တကယ်လည်း ဂျွန်အန်နာ၏ အလှမှာ ဤအနုတ်စုတ်နုံချာလှသော ပတ်ဝန်းကျင်နှင့် လားလားမျှ မဆိုင်ပဲ ကြက်များကြားမှ ဖီးနစ်တစ်ကောင်အလား ထင်ပေါ်လွန်းနေခြင်းပင်..။
ဦးဆောင်လာသည့် လူအိုပင် တခနမျှ အသက်ရှု ရပ်သွားသည့်အလား ခံစားလိုက်ရသော်လည်း ချက်ချင်း ကောင်တာနောက်ရှိ စုပင်းထံ အကြည့် ရွှေ့လိုက်၏။
နောက်တွင် ရပ်နေသူများ စိုက်၍ ကြည့်ရန် မသင့်တော်ကြောင်း သိသဖြင့် တစ်ချက် တစ်ချက် ခိုးကြည့်နေပြီး တစ်ယောက်မှာ ဂျွန်အန်နာနှင့် ပက်သက်သည့် အချက်အလက်အကြောင်း မပါဝင်ခဲ့သဖြင့် မျက်မှောင်ကြုံ့၍ ကြည့်နေ၏။

လူအိုကြီးမှာ စုပင်းအား အကဲခတ်နေ၏။နဂါးအရိုးမျှော်စင်၏ နဝမ အဆင့်သို့ ရောက်ရှိခဲ့သူသည် ထိုမျှ ငယ်ရွယ်သူဟု မထင်ထားမိခဲ့သဖြင့် အလွန်အံ့ဩသွား၏။အထူးသဖြင့် စုပင်းနှင့် ပက်သက်သည့် အကြောင်းအရာအား ရှာဖွေလေလေ ကြီးကြီးမားမား နောက်ခံ မရှိကြောင်း သိရသဖြင့် ပိုအံ့ဩရလေလေ ဖြစ်သည်။

ထို့ထက် ပို၍ အံ့ဩဖွယ် ကောင်းသည်မှာ စုပင်း အရိုးမျှော်စင်ထဲ မသေပဲ ဆိုင်သို့ ပြန်ရောက်လာကြောင်း သူစေလွှတ်ထားသူများမှ ပြောလာခဲ့သဖြင့် အရေးအကြီးဆုံးသော ရတနာအား စုပင်း ရသွားသည်ဟု လူအိုကြီးမှ ယူဆထား၍ "မင်းက..." ဟု သိနေသည့်အလား စကားစလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now