အခန်း ၂၇၄ ပြိုင်ပွဲစတင်ရန် နီးကပ်လာချိန်

389 50 0
                                    

အခန်း ၂၇၄
ပြိုင်ပွဲစတင်ရန် နီးကပ်လာချိန်

ထန်ယူးရန်အား လျှပ်စီးကြွက်ကို လာခေါ်ရန် စုပင်း ပြောလိုက်ချိန် လျှပ်စီးကြွက်ကိုယ်မှ လျှပ်စစ်များ ထွက်ပေါ်လာပြီး တိုက်ခိုက်ရန် အသင့်အနေအထားနှင့် ရှိနေခြင်းကို တွေ့ရလျှင် ထန်ယူးရန် အံ့ဩသွား၏။

ဆိုင်တွင် ထန်ယူးရန် နှစ်ရက်ကြာ အလုပ်လုပ်ခဲ့ချိန် သားရဲတိုင်း မည်မျှပင် ဆိုးစေကာမူ သူတို့ သခင်၏ ချော့ရာတွင် အားလျော့သွားကြပြီး လျှပ်စီးကြွက်မှာ ထိုသို့ မဟုတ်ခြင်းကြောင့် "ငါ့ကို အလုပ်မပေးနဲ့။ ကောင်းကောင်းနေ" ပြောပြီး သူမ၏ အဆင့်ခုနစ် အရှိန်အဝါ ထုတ်လွှင့်လိုက်၏။

သို့သော် မကောင်းဆိုးဝါးမျိုးနွယ် သားရဲများအပါအဝင် အခြား သားရဲများသာဆိုလျှင် ကြောက်မည် ဖြစ်သော်လည်း ယခုလျှပ်စီးကြွက်မှာမှု ကြောက်ရွံ့ဟန် မရှိကြောင်း ထန်ယူးရန် တွေ့လိုက်ရ၏။

ထိုအခိုက် လျှပ်စီးကြွက်က ချက်ချင်းပင် လျှပ်စီးပုံရိပ်စွမ်းရည်အားသုံးကာ နေရာခွဲ၍ ထွက်ပြေးလိုက်လျှင် အဆင့်မြင့် အစွမ်း ဖြစ်သောကြောင့် ထန်ယူးရန် မယုံနိုင်လောက်အောင်ပင် အံ့ဩသွား၏။

ထိုအချိန် လျှပ်စီးကြွက်မှာ ဆိုင်ထဲတွင် သောင်းကျန်းနေပြီး ပစ္စည်းများ ဖျက်စီး၍ အခြားသူများ ထိတ်လန့်စေနိုင်သည့်အတွက် စုပင်း မတတ်သာတော့ပဲ ဂျွန်အန်နာကို အကြောင်းကြားလိုက်၏။
စုပင်း အကြောင်းကြားခြင်းကို ရသည်နှင့် ဂျွန်အန်နာ အခန်းထဲမှ ထွက်လာခဲ့သည်။ထို့နောက် ပြေးနေသော လျှပ်စီးတန်းများကို ကြည့်၍ ရုတ်တရက် သူမထံမှ ရွှေရောင် အလင်းတန်း ထွက်လာပြီး လျှပ်စီးကြောင်း တစ်ခုနား သွားပြီး ကောက်လိုက်ချိန် လျှပ်စီးကြွက်မှာ သူမလက်ထဲ ဂုတ်မှနေကိုင်လျှက် ပါလာခဲ့တော့သည်။

ထိုအခါမှ ဆုယန်ယင်း သက်ပြင်းချပြီး..

ထိုသို့ စုပင်း ပါးစပ်မှပြောလိုက်သော်လည်း စိတ်ထဲတွင်မှု ဆုယန်ယင်းမှ လျှပ်စီးကြွက်အား အလွန် အလိုလိုက်ထားသဖြင့် သူမ စကားပင် မနာခံပဲ ရှိရဲကြောင်း တွေးမိနေ၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now