အခန်း ၂၇၁ စာချုပ် ဖျက်သိမ်းခြင်း

410 42 0
                                    

အခန်း ၂၇၁
စာချုပ် ဖျက်သိမ်းခြင်း

တျိုးဟွားစီလမ်းအတွင်းရှိ Pixie သားရဲစတိုးဆိုင်တွင်...။

သားရဲ ပြန်လာယူသူများ တစ်ယောက်ပြီးတစ်ယောက် ရောက်လာကြ၏။လူတိုင်းနီးပါး ကောင်းသော သုံးသပ်ချက်များ ပေးသွားကာ သုံးပုံ တစ်ပုံခန့်က နောက်တစ်ကြိမ် လေ့ကျင့်ရန် ပြောလာကြပြီး ကျန် သုံးပုံ နှစ်ပုံမှာမှု ငွေစုပြီး နောက်တွင် ပြန်လာရန် ပြောလာခဲ့သည်။

နောက်ဆုံးသော ကြော်ညာကြောင့် ဆိုင်တွင် လူအလွန်များလာခဲ့ကာ နေ့ခင်းတွင်ပင် လူအုံနေခဲ့သည်။သို့သော်လည်း နေရာမှာ မြို့စွန်တွင် ဖြစ်သည့်အတွက်သာ လမ်းပိတ်ခြင်း မရှိပေ။

"ဒီတစ်ခါတော့ ရှင်က လူအများကြီးကို စိန်ခေါ်လိုက်တာပဲ"
ထန်ယူးရန်က စုပင်းအားကြည့်ပြီး ပြောလိုက်၏။

ဆန်းကြယ်နယ်မြေအတွင်း စုပင်း မည်မျှပင် သွေးအေးပြီး ဥာဏ်နီဥာဏ်နက်များသည်ကို တွေ့ခဲ့ရခြင်းကြောင့် ယခုလို သာမန်လူတစ်ယောက်ပမာ ဆတ်ဆတ်ထိမခံ တုံ့ပြန်နေသည်အား တွေ့ရသည့်အတွက် ပြောမိလိုက်ခြင်း ဖြစ်သည်။

"ဒါက ငါ လုပ်နိုင်တာကို လူတွေသိအောင် ပြောပြလိုက်ရုံပါ"

စုပင်းက ပြန်ဖြေလိုက်သည်။

"ဒါပေမဲ့ တချို့အရာတွေက ကိုယ်ကလုပ်တာကို လူမသိစေတာ ပိုကောင်းမယ်"

"ဒါက ဥပဒေကို ချိုးဖောက်တဲ့ကိစ္စတွေကို ပြောနေတာပဲ။အခုဟာက ဥပဒေ ချိုးဖောက်နေတာမှ မဟုတ်တာ"

"မဟုတ်တာတော့ သေချာတာပေါ့။ဒါပေမဲ့ အားလုံးရဲ့ ဒေါသ ပုံကျလာမယ်လေ"

"ငါမှ အပြစ်မရှိတာ သူ့တို့ရဲ့ ဒေါသကို ဘာလို့ ကြောက်ရမှာလဲ"

ထန်ယူးရန် ဆက်ပြောချင်စိတ် မရှိတော့ပဲ စုပင်းအား နောက်ဆုံးတစ်ချက် ကြည့်ပြီး ဧည့်ကြို သွားပြန်လုပ်နေလိုက်သည်။ဆိုင်ထဲ လူများဝင်လာသည်ကို မြင်သောအခါ သူမ၏မျက်လုံးများက တောက်ပလာခဲ့၏။

ထိုအချိန် စုပင်းက မူအေဂျင်စီထံသို့ ဖုန်းခေါ်လိုက်ပြီး..

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now