အခန်း ၂၀၂ ရတနာ သွားယူခြင်း

653 62 2
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၀၂
ရတနာ သွားယူခြင်း

ဘာသာပြန့်.Soul

မသေမျိုးသားရဲများသည် နာမည်နဲ့လိုက်အောင် အမှုန့် ဖြစ်သွားလျှင်ပင် အရင်းအမြစ်အား မထိသ၍ ပြန်လည် စုစည်းခြင်းအစွမ်း သုံးနိုင်ခြင်းကြောင့် ခနအကြာတွင် အရိုးခြောက်ကလေး ပြန်ကာ အကောင်းအတိုင်း ဖြစ်လာ၏။ထိုနောက် အရိုးခြောက်ကလေးက စုပင်းကို တစ်ချက်ကြည့်ပြီး နံရိုးကြား ထည့်ထားသည့် အရိုးဓားကို စစ်ကြည့်ကာ စိတ်သက်သာဟန် ပေါ်လာ၏။

တောအုပ်မှာ စုပင်းနှင့် သူ၏သားရဲများနှင့်အတူ ထွက်သွားသည်နှင့် ပြန်လည် တိတ်ဆိတ်သွားသည်။အမှန်တော့ မသေမျိုးတစ္ဆေသည် အကြောင်းကြောင်းကြောင့် တောအုပ်မှ ထွက်မရနိုင်ကြောင်း နဂါးဘုရင် အမွေအနှစ် နယ်မြေတွင် ရှိစဥ်ကတည်းက အတည်ပြုထားနိုင်၍ စုပင်း စိုးရိမ်နေခြင်း မရှိတော့ချေ။

စုပင်း တွေးထားသကဲ့သို့ပင် မသေမျိုးတစ္ဆေမှာ သေခြင်း အရှိန်အဝါပြင်းထန်စွာနှင့်အတူ ပေါ်လာ၏။သို့သော် တောအုပ် အဆုံးမှ ကြည့်ပြီး အော်ဟစ်နေပြီး အညှိုးအတေးကြီးစွာ ရှိနေသော်လည်း ဘာမျှ တတ်နိုင်ခြင်းမရှိပေ ။

ထိုအခါမှ စုပင်း သက်ပြင်းချကာ အခြားသားရဲများအား မဆွဲဆောင်မိစေရန် သူ့သားရဲများအား အရှိန်အဝါ ဖုံးကွယ်ခိုင်းလိုက်ပြီး သူကိုယ်တိုင်မှာ ခရမ်းရောင်မြွေပေါ်မှ စိတ်ချရသော ပုန်းပြီး စာလိပ်ကို ထုတ်လိုက်သည်။

ထန်ယူရန်တစ်ယောက် မျက်စိရှေ့ရှိ သစ်ပင်အားကြည့်ပြီး စုပင်း ထိုမျှ အလွန်အကျွံ လုပ်မည် မထင်ထား၍ အံ့ဩဘနန်းဖြစ်နေ၏။သို့သော် သူမဆိုလျှင်လည်း အခွင့်အရေး ရပါက ထိုအတိုင်းပြုမှုမိမည် မလွဲပင်...။တစ်ခုရှိသေးတာက ဤမျှလောက် တန်ဖိုးကြီး ရတနာအား အခြားသူထံ ရောက်သွားခြင်းသည် အနာဂါတ်တွင် အားကောင်းသော ရန်သူဖြစ်လာစေခြင်းပင် ဖြစ်ကြောင်း သိနေခြင်းကြောင့် မရသည့်အဆုံး ရန်သူလက်ထဲ မကျစေရန် ဖျက်စီးခဲ့မည်ဟု တွေးမိလာ၏ ။

အပင်ကို ဖျက်ဆီးကာ စုပင်းကို အနှောင့်အယှက် ပေးရန် ထန်ယူရန် ကြံရွယ်မိလိုက်၏။သို့သော်လည်း သူမသာ လွတ်မြောက်ချင်ပါက အသက်ရှင်ကျန်ရှိနေရန် လိုသောကြောင့် ထိုအရာမှာ သူမအား သတ်စေရန် အကြောင်းဖြစ်လာမည်ကို သတိရ၍ ငြင်းလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now