အခန်း ၂၆၇ ရူးချင်စရာ ကြေညာချက်

424 55 0
                                    

အခန်း ၂၆၇
ရူးချင်စရာ ကြေညာချက်

"အိုကေ"

စုပင်း၏စကားတစ်ဝက်တွင် ဆောင်လု ပြောလိုက်ပြီး နောက်စကား တစ်ဝက်အား ကြားချိန် အံ့ဩမှုကြောင့် ဖုန်လွတ်ကျခါနီးပင် ဖြစ်သွား၏။

"မစ္စတာစု၊အခုပြောနေတာ အမှန်ပဲလား။ကျမပဲ အကြားမှားတာလား။ဘာအတွက်.."ဟု အလောတကြီး မေးလာ၏။

"ချန်ပီယံအတွက်ပဲ"

စုပင်း ထပ်ပြောလာ၍ သူမ အကြား မမှားမှန်း သိရကာ ချန်ပီယံတစ်ယောက် ဖြစ်အောင် လုပ်မည် ဖြစ်ကြောင်း ပြောခြင်းကြောင့် ကြိုတင်ပြီး ချန်ပီယံ နေရာကိုပင် ဦးထားခြင်းနှင့် ကွာခြားမှု ရှိသလားဟု ဆောင်လု တွေးမိလိုက်၏။

ဤတစ်ကြိမ် စုပင်း ပြောသည်မှာ အဆင့် ငါး ၊ တစ်ဆယ်အတွင်း မဟုတ်ပဲ လူတိုင်းက အားကျရသော တစ်ဦးတည်းသော ချန်ပီယံ ဖြစ်သဖြင့် ဆောင်လု ဖြောင့်တန်းစွာ မတွေးနိုင် ဖြစ်နေရသည်။

ထို့အပြင် နှစ်စဥ် လက်ရွေးစင် သားရဲစစ်သည်ပြိုင်ပွဲ၏ ပြိုင်ဆိုင်မှုမှာ အလွန် ပြင်းထန်သဖြင့် ချန်ပီယံ လုနေကျ ဖြစ်သော မိသားစုကြီးများပင် သူတို့လူ ချန်ပီယံ ဖြစ်မည် မပြောရဲကြပဲ ယခုလို စုပင်းမှ ပြောလာခြင်းကြောင့် ဖြစ်သည်။

ဖုန်းစဆက်ချိန် စုပင်း၏ တည်ငြိမ်သော အသံကြောင့် အနေအထား မပျက်ဟု ထင်ထားရာမှ ယခု စကား ကြားချိန် အနေအထား ပျက်ရုံမက ရူးသွပ်မှု တစ်မျိုးအဖြစ် ပြောင်းလဲသွားကြောင်း ဆောင်လု သိလိုက်၏။ ယခုအခြေအနေတွင် မည်သို့မျှ ထူးမလာနိုင်ကြောင်း ကောက်ချက်ချမိလိုက်၏ ။

"သေချာ ပြန်စဥ်းစားပါဦး မစ္စတာစု။ အဆင့် တစ်ဆယ်တောင်မှ ခက်နေတာ။ပြီးရင် ချန်ပီယံက မိသားစုကြီးတွေကပဲ ရနေကျဆိုတော့ အခုဟာကိုသာ ကြေညာလိုက်ရင် တစ်မြို့လုံး ပွဲဆူသွားလိမ့်မယ်"

စုပင်းက အတင်းပင် ထိုအရာကို ကြေညာခိုင်းမည်ကို စိုးရိမ်၍ ဆောင်လု ဖြောင်းဖျကြည့်လိုက်၏။

"သိတယ်။ဒါပေမဲ့ ဒါက ပြိုင်ပွဲဆိုတော့ တရားဝင် ပြိုင်ကြတာပေါ့။ အခုက ဥပဒေ ချိုးဖောက်နေတာလဲ မဟုတ်ဘူးလေ"

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now