အခန်း ၂၁၄ ကူညီသော လက်များ

653 69 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၁၄
ကူညီသော လက်များ

ဘာသာပြန်.Soul

"အိုး...အားလုံး ပြန်လာပြီလား" ပိုလာရစ်အဖွဲ့မှ အသက်ရှင်နေသူများအား ပြန်တွေ့လိုက်သည်နှင့် စုပင်း မေးစရာလည်း ရှိနေခြင်းကြောင့် ဝမ်းသာအားရ နှုတ်ဆက်လိုက်၏။ထိုသူများကလည်း စုပင်းအား တွေ့ရမှ စိတ်သက်သာရသွားပုံ ဖြစ်လာ၏။

"အချိန်ကိုက်ပဲ ဆိုပါတော့။အခုပဲ ဆန်းကြယ်နယ်မြေကို သတ်မှတ်ထားတာထက် စောပြီး ပိတ်မယ်လို့ ကြားခဲ့လို့။ မစ္စတာစု အထဲမှာပဲ ရှိနေသေးရင် ပြဿနာတက်မှာကို စိုးရိမ်နေတာ" ယီချန်းရှန် ရင်းနှီးစွာ ပြုံးရင်း ပြောလာ၍ "ပိတ်တော့မှာလား" စုပင်း အံ့ဩသွားကာ မျက်ခုံးပင့်ပြီး မေးလိုက်မိသည်။

"ဟုတ်တယ် ။ အရေးပေါ် အခြေအနေလား ဘာလား မသိဘူး ။ သုံးရက်အတွင်း ပိတ်မယ်လို့ ပြောတယ် ။ နဂါးမျှော်စင်မှာ တစ်ခုခု ဖြစ်သွားလို့ ထင်တယ်" လျိုကုဆူး ပြောလာလျှင် နဂါးမျှော်စင် အပြီးအထိ ရောက်သွားသော သူ့ကြောင့်လားဟု စုပင်း တွေးမိလိုက်၏။

နောက်ကွယ်တွင် ရှိနေသူများသည် အမွေအနှစ်အကြောင်း သိနေကြောင်းနှင့် မည်သို့ ယူရမည့်အကြောင်း သိနေခြင်းကြောင့် သူအား ရှာနေမည်ကို တွေးမိလာ၍ နေနေသည့် နေရာတစ်ဝိုက်နှင့် အိမ်တွင် ဝင်ရောက် လုပ်ကြံနိုင်ကြောင်း စုပင်း တွေးမိလာ၏။

"သေစမ်းပါကွာ။ အိမ်မပြန်ပဲ ဆိုင်ပဲ တိုက်ရိုက် သွားရတော့မယ် ။ အမှတ်အသားက အကျဥ်းအကျပ် ဖြစ်နေရင် ကယ်ပေးနိုင်ပေမဲ့ ဆိုင်ပြန်ရောက်ရင် ဘယ်သူမှ အန္တရာယ် မပေးနိုင်တော့ဘူး" စုပင်း တွေးမိလာ၏။

ထိုအခိုက်တွင် ကျိုဖန်မှာ နာမည်ကြီး ပိုလာရစ် အဖွဲ့သားများအား မှတ်မိကာ စုပင်းနှင့် သူငယ်ချင်းဟောင်းကဲ့သို့ ပြောနေသည်ကို တွေ့ရလျှင် ရင်ထဲ လေးလံလာ၏။

ကျောင်းသားများအား ပေးသင့်သလောက် ပေးကာ မောင်းမထုတ်လိုက်သည်ကို ကျိုဖန် ရင်ထဲ နောင်တ ရနေပြီး ယခုအချိန်တွင် နောက်ကျသွားပြီ ဖြစ်၍ စုပင်းအား သီးသန့် တွေ့ကာ တောင်းပန်ရန်နှင့် စုပင်းမှ နှိပ်စက်လျှင်ပင် အညှိုးအား ကျေပျက်အောင် လုပ်ရမည်ဟု တွေးမိနေ၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now