အခန်း ၂၁၇ နတ်ဘုရားမ

657 69 1
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၁၇
နတ်ဘုရားမ

ဘာသာပြန်. Soul

ထိုနတ်ဘုရားများ၏​ ရှေးဟောင်း ကမ္ဘာမှာ နတ်ဘုရားနှင့် နတ်ဆိုးများ ရှင်သန်ခဲ့သည့်နေရာ ဖြစ်သည့်အတွက် နတ်ဘုရားစွမ်းအင်များ ကြီးပြင်းခဲ့သည့် စွမ်းအားကြိီးသားရဲများပင် ရှိနိုင်ပေသည်။သို့သော်လည်း ၎င်းတို့သည် သာမာန်ထက် ခွန်အားကြီးနိုင်ကြသော်လည်း ထိုလူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းသင်္ချိုင်း နယ်မြေမှာ နှစ်ပရိစေဒမရေတွက်နိုင်သောအချိန်ကတည်းက ပဲ့ထွက်ခဲ့ခြင်း ဖြစ်သောကြောင့် နတ်ဘုရားစွမ်းအင် မည်မျှ ကျန်နေအုံးမည်ဟူသည့် ပြဿနာ ရှိနေသေး၏။
ထိုအပြင် ယခုတစ်ကြိမ် လေ့ကျင့်ရန် သားရဲမှာ ကောင်းကင်ဝက် ဖြစ်ခြင်းကြောင့် အဆိပ်နှင့် ပတ်သက်သော ပျိုးထောင်ခြင်း နယ်မြေများမှာ ၎င်းနှင့် ပို၍သင့်တော်သော်လည်း လူတစ်ပိုင်း နတ်ဘုရားတစ်ပိုင်းသင်္ချိုင်းနယ်မြေအတွင်းရှိ နတ်ဘုရားစွမ်းအင်နှင့် မသင့်တော်သည်မှာ မသေမျိုး သားရဲမျိုးနွယ်ဝင်များသာ ရှိပေသည်။ထိုသို့ ကျန်သားရဲ အားလုံးအတွက် တစ်နေရာထဲနှင့် ပြီးပြည့်စုံသော နယ်မြေအမျိုးအစား ဖြစ်ခြင်းကြောင့် စုပင်း မျက်စိကျနေခြင်းပင်..။
သို့သော်လည်း အရိုးခြောက်ကလေးအား ကြမ်းတမ်းသော ပတ်ဝန်းကျင်တွင် လေ့ကျင့်ရန် ရည်ရွယ်ထားခြင်းကြောင့် နတ်ဘုရားစွမ်းအင်နှင့် အဆင့်ပြေမပြေအား စုပင်းအရေးမစိုက်ပေ။လက်ရှိတွင် သေဆုံးပါက ပြန်ရှင်နိုင်ရန် ဒင်္ဂါး ၁၂၀၀၀၀ တန်ဖိုးရှိသော စွမ်းအင်အမှတ် ၁၂၀ နှင့် ဝယ်ရမည့်အရေးသာ စုပင်း တွက်ဆနေ၏။
အဆုံးတွင် စုပင်း အံကြိတ်၍ ဆုံးဖြတ်ချကာ ကောင်းကင်ဝက်နှင့် ယာယီ ဆက်သွယ်ခြင်း တံဆိပ် လုပ်လိုက်၏။
ကောင်းကင်ဝက်မှာ ဆိုင်တွင် ရောက်နေသည်မှာ ရက်အနည်းငယ်ခန့် ကြာနေပြီ ဖြစ်သည်။ စောင့်ရှောက်ရေးခြံမှ ကြွယ်ဝသော စွမ်းအင်နှင့် နေခဲ့ခြင်းကြောင့် လက်ရှိအဆင့်၏ အဆုံးအစွန် ရောက်နေပြီး အိမ်မက်အကျဥ်းထောင် စွမ်းရည်ကိုပင် တတ်မြောက်လာခဲ့၏။ထိုအစွမ်းမှာ အိပ်နေစဥ် တတ်မြောက်လာခြင်း ဖြစ်သည်။
အိမ်မက်အကျဥ်းထောင်မှာ စိတ်စွမ်းအင် စွမ်းရည် ဖြစ်ခြင်းကြောင့် အဆိပ်မျိုးနွယ် ကောင်းကင်ဝက် တတ်မြောက်လာသည်မှာ ထူးဆန်းသော်လည်း စုပင်း အံ့ဩနေခြင်း မရှိပေ။
အကြောင်းကား သူဆိုင်၌ တိုက်ခိုက်ရာ အားသန်သည့် နဂါးနက်ခွေးပင် အကာအကွယ်အစွမ်း ငါးမျိုး တတ်မြောက်ပြီး ဂုဏ်ယူ ဝံ့ကြွားတတ်သော ငရဲမီးနဂါးပင် နှိမ့်ချစွာနေထိုင်လာတတ်ခြင်းကြောင့် ဖြစ်သည်။
မကြာလိုက်ချေ။ယခင်ချိန်များလို လေပွေတစ်ခု ပေါ်ပေါက်လာကာ သူ့အား စုပ်ယူသွား၏။စုပင်း မျက်လုံးဖွင့်သည်နှင့် ပန်းရနံ့များနှင့် ပန်းများ တွေ့ရလျှင် ကြီးမားသော ပန်းခြံတစ်ခုထဲ ရောက်ရှိနေကြောင်း သိရ၍ အံ့ဩသွားသည်။
စုပင်း နင်းထားသည့် ကြမ်းပြင်မှာ သေသပ်စွာ ဖြတ်ထားသည့် ကျောက်ပြားနှင့် ရှိနေကာ ဂရိပုံစံ တိုင်များ အနီးတွင် ရှိနေ၍ အပင်နှင့် ပန်းများလည်း သပ်ရပ်စွာ ကြီးထွားနေကာ မျက်စိတစ်ဆုံးရှိနေသည်အား တွေ့လိုက်ရ၏။
"နယ်မြေခံတွေရဲ့ အကြွင်းအကျန်နေရာများလား " လူတစ်ပိုင်းနတ်ဘုရား သင်္ချိုင်းနာမည်တွင် သင်္ချိုင်း ပါနေခြင်းကြောင့် အလောင်းများ ပြည့်နေသော တိုက်ပွဲမြေဟောင်းဟု စုပင်း ထင်ထားခဲ့မိရာမှ ပန်းခင်းနှင့် စိမ်းစိုသော မြက်ခင်းပြင်အား တွေ့လိုက်ရ၍ စုပင်း အံ့ဩသွားခြင်း ဖြစ်သည်။
စုပင်းသည် ဘာသာတရား မရှိသော ခေတ်သစ် တိုင်းပြည်တွင် နေထိုင်သူ ဖြစ်၍ နတ်ဘုရားဟူသည့် စကားလုံးအား ရင်းနှီးကျွမ်းဝင်မှုမရှိသည့်အပြင် မသေမျိုးများ၏ ကစဥ်ကလျား နယ်မြေတွင် ထိုသို့ အရာများနှင့် တွေ့ခဲ့သော်လည်း နတ်ဘုရားနှင့် လားလားမျှ မဆိုင်သောကြောင့် စုပင်း သူ၏ အသိနည်းခြင်းအား အပြစ်တင်လိုက်၏။
(ယခု လက်ခံသူ ရောက်ရှိနေသည်မှာ နတ်ဘုရားများ ထိန်းချုပ်ရာ နယ်မြေ ဖြစ်ခြင်းကြောင့် နတ်ဘုရား စကား ဝယ်ရန် Y/N ဖြေပေးပါ) ရုတ်တရက် စနစ်၏ စုပင်းခေါင်းထဲ စာတန်းတစ်ခု ပေးပို့လာ၏ ။
(အခြေခံဘာသာစကားစွမ်းရည်အတွက် စွမ်းအင်အမှတ် တစ်သောင်း ဖြစ်ပြီး အခြားသော ဘာသာစကားများအတွက် လိုအပ်ခဲ့ခြင်း ရှိလျှင် အခြေအနေနှင့် လိုက်၍ စွမ်းအင်အမှတ် ကျသင့်ပါမည်) စနစ်မှ ဆက်ပြောလာ၏။
သမိုင်းပညာရှင်များပင် မသိသည့် ဘာသာစကားအား သင့်တော်သည့် စျေးနှင့် ရခြင်း ဖြစ်သောကြောင့် စုပင်း သက်ပြင်းချ၍ "Yes" ဖြေပေးလိုက်၏။
(ဘာသာစကားများအား ဒေါင်းလုတ် ဆွဲနေပါသည်) စနစ်မှ ပြောပြီး အချက်အလက်များ ပို့လာလျှင် စုပင်း ခေါင်းတစ်ခုလုံး ဖောင်းပွလာသည့်အလား ခံစားလိုက်ရလေ၏။
သို့သော် ထိုအခြေအနေမှာ လျှင်မြန်စွာ ပြီးဆုံးသွားပြီး ဘာသာစကားနှင့် ပက်သက်သမျှ အားလုံး သိရလျှင် ခေတ်ပေါ် စကားလုံးများထက် ပို၍ တိုပြီး ပို၍ အကြောင်းအရာ စုံကာ ဝီလီယံ ရှိတ်စပီးယား၏ မှတ်တမ်း အားလုံးပင် စာမျက်နှာ တစ်ဒါဇင်ခန့်ဖြင့် ကုန်သွားမည်ဟု စုပင်း ထင်လာ၏။
"ထူးဆန်းတယ်။ဒီနားမှာ အင်းဆက်အနံ့ ရနေတယ်။ခုနမှ ပိုးသတ်ဆေး ဖြန်းထားတာ မဟုတ်လား။မဖြစ်နိုင်ပါဘူး" စုပင်း ဘာသာစကားအား လေ့လာနေချိန် သူ့အပေါ်မှ အဖြူရောင် အရာတစ်ခုနှင့်အတူ ချိုမြန်သော အသံနှင့် စကားသံ ကြားလိုက်ရ၏။
စုပင်း ချက်ချင်း မော့ကြည့်ရာ မိန်းကလေး တစ်ယောက်၏ ဂါဝန်အောက် တည့်တည့်တွင် ရောက်နေကြောင်း သိလိုက်ရပြီး ထူပူသွားသည်။
ဤသည်မှာ သုံးမီတာခန့် အရပ်ရှိသော အမျိုးသမီးတစ်ဦးပင် ဖြစ်သည်။ အဖြူရောင် ချစ်စဖွယ် ဂါဝန် ဝတ်ဆင်၍ ယောက်ျားသား အားလုံးကို ဆွဲ့ညှို့နိုင်သော ချောမွေ့ပြီး ဖြူသည့် ခြေတံသွယ်အား သူ့အပေါ် လေထဲတွင် ရပ်နေကြောင်း တွေ့လိုက်ရသော်လည်း စုပင်း ရပ်နေသည့် နေရာမှာ ထိုအရာများအား ခံစားရန် နေရာကောင်း မဟုတ်သည်သာ ပြောစရာ ရှိနေ၏။
ထိုအမျိုးသမီးမှ စုပင်းအား ငုံ့ကြည့်ပြီး လျှို့ဝှက်နေရာအား လက်နှင့် အုပ်ကာ ငယ်သံပါအောင် အော်လိုက်လျှင် ကျယ်လောင် စူးရှသည့် အသံကြောင့် စုပင်း မူးဝေသွားကာ တစ်ဆက်တည်းပင် အကောင်အထည် ပေါ်လာမည့်အလား ကြီးမားသော သတ်လိုစိတ် သူမဝန်းကျင်တွင် ပေါ်လာ၏။
"ငါ့...ငါ့အမှား မဟုတ်ဘူး ။ကိုယ်ဖာသာ လာခဲ့တာ မဟုတ်လား" စုပင်း ရှင်းပြရန် ကြိုစစားချိန် "သေလိုက်စမ်း အယုတ်တမာ" ထိုအမျိုးသမီး အော်လာ၏။
အန္တရာယ် အငွေ့အသက် ခံစားရ၍ အရိုးခြောက်ကလေးနှင့် ငရဲမီးနဂါးအား ဆင့်ခေါ်လိုက်သော်လည်း ထွက်လာသည်နှင့် ရွှေရောင် လခြမ်းပုံ အရှိန်အဝါ ပေါ်လာ၍ စုပင်းနှင့် မလှမ်းမကမ်းရှိ အရိုးခြောက်ကလေးအား နှစ်ပိုင်း ပြတ်သွားစေ၏။
ထို တိုက်ခိုက်မှု အတွင်းမှ မလွန်ဆန်နိုင်သော ဂုဏ်သတ္တိ တစ်မျိုးကြောင့် ငရဲမီးနဂါး ဝိညဥ် အတွင်းမှ ဦးညွှတ်၍ ထိုအမျိုးသမီးထံ အညံ့ခံရန် နှိုးဆော်နေသော်လည်း စုပင်း အန္တရာယ် ရှိကြောင်း သိရသည်နှင့် သခင်ကို ကာကွယ်ရမည် ဟူသည့် အသိမှ အနိုင်ယူသွားကာ စုပင်း ပြောသည်ပင် မစောင့်ပဲ ဓားသွားကဲ့သို့ အရှိန်အဝါထံသို့ ပြေးသွားလိုက်တော့သည်။








ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now