အခန်း ၂၄၃ လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ စတင်ခြင်း

595 66 0
                                    

အခန်း ၂၄၃
လက်ရွေးစင် သားရဲစစ်သည် ပြိုင်ပွဲ စတင်ခြင်း

"ကောင်းပြီ။စားမယ်လေ"

စုပင်းလည်း ဗိုက်မှ တစ်ဂွမ်ဂွမ်မည်နေသည်ကို ခံစားမိပြီး ထရပ်လိုက်၏။နောင်တွင် သူ့မိခင် လက်ရာအမြဲစားနိုင်ပြီး ယခင်လို အလုပ်လုပ်နေချိန်တွင် အလွယ်တကူ ရနိုင်သော အစားအစာများ စားရန် မလိုတော့ကြောင်းလည်း တွေးမိလိုက်၏။

"ဘာလုပ်နေတာလဲ ။ လိုက်ခဲ့လေ" စုပင်း တံခါးအနီးရောက်မှ ရုပ်တုကဲ့သို့ ရပ်နေသော ဂျွန်အန်နာကိုလှည့်ကြည့်ပြီး ပြောလိုက်၏ ။

စုပင်း၏ စကားကို ကြားလိုက်သည်နှင့် စုလင်းယွဲ့ မကျေမနပ် ဖြစ်သွားကာ လက်သီးကို ဆုတ်ထားလိုက်မိသည်။ထိုနောက် စုပင်းကို တွန်းပြီး ရှေ့မှ လျှောက်သွားလိုက်၏။တံခါးအား ဆောင့် ပိတ်လိုက်ချင်သော်လည်း ကံမကောင်းစွာဖြင့် တံခါးမှာ အလွန် လေးလံလှသောကြောင့် သူမ လက်ပင် နာသွား၏။

ယခုထိတိုင် ထမလာသေးသော ဂျွန်အန်နာကို ကြည့်ပြီး စုပင်း နားမလည်နိုင် ဖြစ်သွားကာ...

"ဘာလဲ ၊ ထိုင်ခုံမှာ ကော်နဲ့ ကပ်ခံထားရတာလား"ဟု မေးလိုက်၏။

"ခနလေး။အတူ သွားဖို့ ပြောနေတာလား" ဂျွန်အန်နာက အတည်ပြုရန် ကြိုးစားလိုက်သည်။

"ဘယ်လိုထင်လို့လဲ ။ဗိုက်ဟောင်းလောင်းနဲ့ ကျွန်တစ်ယောက်လို အလုပ် လုပ်ခိုင်းမယ် ထင်နေတာလား ။ အဲ့လောက်ထိတော့ မဆိုးသေးပါဘူး"

စုပင်း မျက်လုံးစွေကာ ကြည့်ပြီး ပြောလိုက်၏ ။

ထိုအချိန်မှ ဂျွန်အန်နာလည်း ယခုအချိန်မှာ နေ့ခင်း လက်ဖက်ရည် သောက်ချိန် ဖြစ်ပြီး သူမအတွက် အကောင်းဆုံး စားဖိုမှုးများမှ ချက်ထားသော နဂါး အသားကြော်အကြောင်း စဥ်းစားမိပြီး"ကောင်းပြီလေ။ရှေ့ကနေသွား"ဟု ပြောလိုက်၏ ။

ဆိုင်အတွင်းတွင်...။နေရာအကျယ်အဝန်း လုံလောက်ပြီး နေ့စဥ်သုံးပစ္စည်းများအား စီစီရီရီ နေရာ ချထား၏။

"အမေ ၊ ဒါက ဂျွန်အန်နာပါ။ဆိုင်အတွက် ရှာထားတဲ့ကူအသစ်" ဂျွန်အန်နာနှင့် မီးဖိုချောင်ထဲ အလုပ်ရှုပ်နေသော လီချင်းယုနှင့် စုပင်း မိတ်ဆက်ပေးလိုက်၏။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now