အခန်း ၂၃၄ လှံတစ်ချက်

606 68 0
                                    

အခန်း ၂၃၄
လှံတစ်ချက်

ယွမ်ထျန်းချန် ဆိုင်တွင်းသို့ ဝှေ့ကြည့်လိုက်ရာ သူ့အား စက်ဆုတ်ရွံ့ရာပမာ ကြည့်နေသည့် ဂျွန်အန်နာကို မြင်လိုက်၏။မည်သူကမျှ သူ့အား ထိုမျှလောက် စော်ကားခဲ့ဖူးခြင်း မရှိပေ။ထို့ကြောင့် ထောင်းခနဲ ဒေါသထွက်သွားသည်။သို့သော်လည်း အတွေ့အကြုံများသူပီပီ စိတ်အေးအေးထားပြီး အခြေအနေ အရပ်ရပ်ကို သုံးသပ်ကြည့်လိုက်၏။

ဤမျှသေးနုတ်လှသော ဆိုင်ငယ်လေးတစ်ခု၌ အမည်မသိဂန္တဝင် သားရဲစစ်သည်တစ်ဦး ထွက်ပေါ်လာခြင်းက အကြီးအကျယ်လွဲမှားနေရုံတင်မကပဲ ထိုသူက လူငယ် တစ်ယောက်၏ အမိန့်အား နာခံနေခြင်း ဖြစ်သည်။စုပင်း၏ နောက်ခံမှာ ရည်ရွယ်ချက်ရှိရှိဖုံးကွယ်ထားသလားဟု ယွမ်ထျန်းချန် တွေးမိလိုက်၏။

အခန့်မသင့်ပါက ဂန္တဝင် သားရဲစစ်သည် နှစ်ဦးနှင့် ရင်ဆိုင်ရနိုင်ချေ ရှိသည့်အတွက် ထိုသို့ ဖြစ်လာလျှင် သူ့အတွက် အရှုံးသာ ရှိသည်ကို တွေးမိပြီး ယွမ်ထျန်းချန် ခံစားချက်များ မငြိမ်မသက် ဖြစ်လာ၏။

ပတ်ဝန်းကျင်ရှိ လူတိုင်းလည်း ဤလှပနုနယ်သော မိန်းမပျိုလေးမှာ ဂန္တဝင်သားရဲစစ်သည်တစ်ဦး၏ ခွန်အားမျိုးရှိနေသည်ကို သိလိုက်ရသည်။ဂြိုလ်ပြာ တစ်ခုလုံးပေါ်တွင်ပင် ဂန္တဝင် သားရဲစစ်သည်အရွေအတွက်မှာ တစ်ဒါဇင်ခန့်သာ ရှိသည့်အတွက် ယခုကဲ့သို့ နေရာတွင် တွေ့ရမည် မထင်ထားသဖြင့် အံ့ဩမင်သက်သွားကြသည်။အထူးအသဖြင့် တစ်ဖက်လူမှာ ငယ်ရွယ်သော မိန်းမပျိုလေး တစ်ဦး ဖြစ်နေလေ၏။မည်သို့ပင်ဖြစ်စေ ၎င်းတို့ထံ၌ ထိုသို့သော အဆင့်အတန်းမျိုးများ၏ တိုက်ပွဲကြားတွင် ဝင်ရောက်စွက်ဖက်ရန် ခွန်အား မပြည့်မှီသဖြင့် နောက်သို့ ဆုတ်လိုက်ရ၏။

"မင်းကိုကြည့်ရတာ ဒီကမ္ဘာက မဟုတ်ဘူးထင်တယ်။မဟုတ်မှလွဲရော ကြယ်စင်စုအစိုးရအဖွဲ့က လာတာလား" ယွမ်ထျန်းချန် မေးလိုက်၏။

အမှန်တော့ လူသားများသည် ဂြိုလ်ပြာအား စွန့်ခွါကာ အခြားသော ပြင်ပ အာကာသဟင်းလင်းပြင်ရှိ နယ်မြေအသစ်များကိုရှာဖွေပြီး နယ်ချဲ့ခဲ့သည်မှာ ကြာမြင့်ပြီ ဖြစ်သည်။ထို့နောက် မူလဂြိုလ်ပြာပေါ်၌ အရင်းအမြစ် ရှားပါးလာသည်နှင့်အမျှ အမေ့ခံ ဖြစ်လာပြီး ဂရုစိုက်မှု မခံရတော့ပေ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now