အခန်း ၂၅၆ လျူမိသားစု(လျူပင်း)

413 47 0
                                    

အခန်း ၂၅၆
လျူမိသားစု(လျူပင်း)

ကြည့်ကြသူ အများအပြား ငရဲမီးနဂါးကြောင့် အံ့ဩကုန်ပြီး ထိုသို့ ရှားပါးနဂါးတစ်ကောင်အား အစောင့်အနေနှင့် ထားထားသည့် ဆိုင်အကြောင်း ခန့်မှန်းမရနိုင် ဖြစ်ကုန်ကြသည်။

"ငရဲမီးနဂါးဆိုတာ အမှန်ပဲ။ရူးချင်စရာပဲ။အဲ့ဒီဆိုင်ရဲ့ နောက်ကြောင်းက ဘာလဲ။ အခုမှ ရုတ်တရက် ပေါ်လာသလိုပဲ"

"အမေးဇင်း။သွားပြီးတော့ ငရဲမီးနဂါးကိုတွေ့ခွင့်ရရင်ပဲ ခရီးကတန်ပါတယ်"

"အားးးးငါတော့ စိတ်မထိန်းနိုင်တော့ဘူး။နဂါးချစ်သူများအဖွဲ့ ငါတို့တွေသွားကြမယ်"

"အရင်က ပြောခဲ့တာ မှန်တာပဲ။လုံကျန်းမှာ ငရဲမီးနဂါး တကယ်ပဲ ရှိနေပြီဆိုတာ။ပြီးတော့ ဒါက ပထမဆုံးပဲ"

"ဟားဟား...အားလုံးကို အကြောင်းကြားလိုက်ဦး။မြို့စွန်က ကြယ်နက်ဘူတာကို သွားတဲ့ ရထားခက ၃၇၀ ဖြစ်သွားပြီလို့"

"မြို့စွန်ကိုသွားတဲ့ လက်မှတ်ခက ဒီလောက်တောင် တက်သွားတာလား။လာနောက်နေတာလား။ငါတို့တွေသွားမှာ မြို့စွန်ကိုလား မြို့လည်ခေါင်ကိုလား"

မီဒီယာများမှ ချပြလာသော ဗွီဒီယိုများမှာ သက်သေအခိုင်အမာ ဖြစ်သည့်အတွက် ယခင် လူတိုင်းပြောနေကြသည့် သံသယနှင့် တိုက်ခိုက်မှုများမှာ ရုတ်ချည်း ပျောက်သွားတော့သည်။Pixie စတိုးဆိုင်နှင့် ပက်သက်၍ သံသယဖြစ်ကြောင်း ပြောခဲ့သည်များလည်း အောက်ဆုံးရောက်သွား၍ ထိုနေရာတွင် စိတ်လှုပ်ရှားမှုနှင့် မယုံနိုင်ခြင်းများ ပြည့်လာခဲ့၏။

အမှန်တော့ သားရဲစစ်သည်များမှာ သားရဲများနှင့် မစိမ်းကြသော်လည်း ငရဲမီးနဂါးလို အချို့သောသားရဲများမှာ တစ်မှုထူးခြားသည့်အတွက် လူတိုင်း၏ အာရုံကို ဖမ်းစားသွားခြင်းပင်..။

ထို့အပြင် ငရဲမီးနဂါးသည် နဂါးမျိုးနွယ်ဝင်များကြား၌ ထိပ်ဆုံး နေရာတွင်ရှိနေပြီး အလွန်ပင် နာမည်ကြီးလှသည့်အတွက် သားရဲစစ်သည်ပင်မက သာမာန်လူများပင် ငရဲမီးနဂါး ပရိတ်သတ် ဖြစ်နေ၏။အချို့သောနာမည်ကြီးသူများထက်ပင် ငရဲမီးနဂါး၏ ပရိတ်သတ်အရေအတွက်က ပိုများလို့နေသည်။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now