အခန်း ၂၁၉ ခြေရာခံခြင်း

622 66 0
                                    

ကြယ်တာရာသားရဲများ၏ ကမ္ဘာ

အခန်း ၂၁၉
ခြေရာခံခြင်း

ဘာသာပြန်. Soul

" ရှင် ဒါကို ဘယ်ကနေ ကြားခဲ့တာလဲ" ထိုလူတစ်ပိုင်းနတ်ဘုရားတစ်ပိုင်းများ၏ သချိုင်းဟူသော အမည်အား နတ်ဘုရားမျိုးနွယ်မှ အဆင့်မြင့်သူ အချို့ပင် မသိကြပေ။၎င်းက ယခုနယ်မြေ၏ မူလဖြစ်တည်လာမှုနှင့် ဆက်စပ်သောအရာ ဖြစ်သည့်အတွက် အရေးကြီး အချက်အလက်အဖြစ် သိမ်းထားသည့်အရာ ဖြစ်သည်။ထို့​ကြောင့် စုပင်း ထိုနာမည်အား သိမည် မထင်ထား၍ မိန်းကလေးမှာ အလွန်ပင် အံ့အားသင့်သွား၏။ သူမ အမြင်၌ စုပင်းသည် ပိုပို၍ လျို့ဝှက်ဆန်းကြယ်လာသည်ဟု ထင်မိလာ၏။

အထူးသဖြင့် စုပင်းလို လူသားမျိုးနွယ်စုဝင်တစ်ဦးက ထိုအမည်အား ပြောနိုင်ခြင်းက မိန်းကလေးအား အံ့ဩသွားစေ၏။ထိုအမည်အား စုပင်း အချို့သော အမွေအနှစ် နယ်မြေများမှ ကြားသိခဲ့ပြီး သူမအား လာ၍ ခြိမ်းခြောက်နေသည်ဟု ထင်မြင်လာ၏။

စုပင်းလည်း သူ့ကိုကြည့်နေသော မိန်းကလေး၏ အကြည့်မှာ ထူးခြားနေကြောင်း သိပြီး စနစ်မှ အလွယ်တကူ ပေးထားသော အချက်အလက်မှာ ဤနယ်မြေတွင် နေထိုင်သူများအတွက် ထိပ်တန်း လျှို့ဝှက်ချက်တစ်ခု ဖြစ်နေမှန်း ရိပ်မိလိုက်၏။

"တခြားသူဆီက ကြားခဲ့တာပါ။ အဆင်ပြေရင် ဒီနေရာနဲ့ မိတ်ဆက်ပေးပြီး အပြင်ဘက်ကိုသွားဖို့ လမ်းညွန်ပေးပါလား။မဟုတ်ရင်လည်း ကိုယ့်ဖာသာကိုယ်ပဲ သွားတော့မယ်" ထိုအကြောင်းအား အကြာကြီး မစဥ်းစားပဲ အခြားအကြောင်းအရာအား စုပင်း ပြောလိုက်၏။

"တခြားသူဆီက ကြားခဲ့တာ ဟုတ်လား။ဘယ်သူလဲ ။ အပြစ်အကျဥ်းထောင်ထဲ ထည့်ချင်အောင် မလုပ်နဲ့။အထဲမှာ နတ်ဘုရားတွေတောင်မှ လွတ်ပေးဖို့ ငိုကြီးချက်မနဲ့ တောင်းပန်နေရတယ်။ပြီးတော့လည်း ပြန်ထွက်ချင်ရင်တောင်မှ ပြန်ထွက်လို့ မရတဲ့ နေရာပဲ" မိန်းကလေးမှ ပြောလိုက်၏။

"ဒါနဲ့ ခင်ဗျားပြောတဲ့ အပြစ်အကျဥ်းထောင်က အချုပ်ခန်းတွေလိုလား။အဲ့ဒီမှာ လေ့ကျင့်လို့ ရလား" စုပင်း အားတက်သရော မေးလိုက်၏ ။

ကြယ်တာရာသားရဲများ၏ကမ္ဘာ(အတွဲ၂)ၾကယ္တာရာသားရဲမ်ား၏ကမ႓ာ(အတြဲ၂)Where stories live. Discover now