အခန်း(၃၁၂)

Start from the beginning
                                    

အဆင့်အနိမ့်ဆုံး ခန္ဓာကိုယ်အဆင့် ကျင့်ကြံသူတစ်ယောက်က ထိုအရာကို ထိလိုက်သည်နှင့် သူတို့ခန္ဓာကိုယ်ရှိ စွမ်းအင်အကုန်လုံးက ချက်ချင်းဆိုသလို စုပ်ယူခံလိုက်ရပြီး ပန်းကလည်း ချက်ချင်းသလို ဂုဏ်သတ္တိ ပြောင်းလဲသွားလိမ့်မည်။ ပြောရလျှင် ယင်နှင့် ရေဓာတ်မှ ယန်နှင့်မီးဓာတ်သို့ ပြောင်းလဲသွားနိုင်လေသည်။

ဆေးပင်၏ သဘာဝအပေါ် မူတည်၍ ဆေးလုံးအမျိုးမျိုး ပြုလုပ်နိုင်လေသည်။ ယင်သဘာဝက ပို၍အဖိုးတန်သောကြောင့် ဆေးဝါးပညာရှင်များက ထိုဆေးပင်များကို ပြုစုပျိုးထောင်ဖို့ သေမျိုးများ သို့မဟုတ် အစီအရင်များကို အသုံးပြုလေ့ရှိသည်။ တစ်ခါတစ်ရံတွင် နှစ်ခုလုံးကို အသုံးပြုလေ့ရှိ၏။

ဝမ်ဝေ့က ထိုဆေးပင်များအား မထိတွေ့မိစေရန် သီးသန့်လမ်းကြောင်းလေးမှ လိုက်ပါသွားခဲ့သည်။ သူ့အနေနှင့် ထိုဆေးပင်များကို ကာကွယ်နေသည့် အစီအရင်များစွာ ရှိသည်ကို ခံစားမိ၍ အနားချဉ်းကပ်လျှင်ပင် အသုံးမဝင်ကြောင်း သိလေသည်။

နာရီဝက်လောက် လမ်းလျှောက်ပြီးသည့်နောက်တွင် အစိမ်းရောင်ဝတ်ရုံ ဝတ်ဆင်ထားသည့် မိန်းမလှတစ်ဦး ရှိနေသည့် မျှော်နန်းဆောင်ငယ်အတွင်းသို့ ရောက်ရှိသွားလေသည်။ သူမက အခင်းပေါ်တွင် တင်ပျဉ်ခွေ ထိုင်နေပြီး ရှေ့တွင် လက်ဖက်ရည်ခွက် နှစ်ခွက်နှင့် အိုးတစ်လုံးချထားလေသည်။

ဝမ်ဝေ့က ထိုမိန်းကလေးအနားသို့ ရောက်ရှိသည်နှင့် ဆေးနံ့သင်းသင်းလေးကို ရလိုက်ရသည်။ သို့သော် ထိုအနံ့က ခါးသက်ခြင်းမျိုး မရှိဘဲ လန်းဆန်းကာ စိတ်တည်ငြိမ်စေလေသည်။

ဝမ်ဝေ့က လက်နှစ်ဖက်ယှက်ကာ " အစ်မ (၃)"

" ရှောင်ဝူ ... မင်း ဘယ်လိုလုပ် ဒီရောက်လာတာလဲ" လန်လင်းက အပြုံးလေးဖြင့်မေးပြီး သူ့ကို ထိုင်ဖို့ လက်ဟန်ပြလိုက်သည်။ သူမ၏ လှုပ်ရှားမှုများက နှေးကွေးသော်လည်း တစ်ပြိုင်တည်းဆိုသလို ကြော့ရှင်းနေလေ၏။

ဝမ်ဝေ့က သူ့နှလုံးခုန်မြန်သွားကြောင်း ခံစားမိလိုက်ပြီး ရှက်သွေးဖြာသွားလုမတတ် ဖြစ်ခဲ့လေသည်။ ကံကောင်းစွာဖြင့် သူက သူ့ခန္ဓာကိုယ်၏ တုံပြန်မှုကို အလျင်အမြန် ထိန်းချုပ်နိုင်လိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now