အခန်း(၃၀၄)

Start from the beginning
                                    

ချပ်ဝတ်အမျိုးသားက အရိပ်အား ကြည့်ကာ ပြောလိုက်သည် " အပြင်လူ နောက်ဆုံးတော့ မင်းကို ရှာတွေ့ပြီ။ ဒီနတ်ဘုရားနဲ့လိုက်ပြီးတော့ မင်းရဲ့ ပြစ်ဒဏ်အကဲဖြတ်မှုကို ခံယူလှည့်"

အရိပ်က ထိုအရာကို ကြားပြီးနောက် မျက်မှောင်ကြုတ်လိုက်သည်။ ထိုအမျိုးသား၏ အရှိန်အဝါအရ မီးဘုရင်ထက် ပိုအားကောင်းကြောင်း ပြောနိုင်လေသည်။ သူက ကျင့်ကြံဆင့်အားဖြင့် သူနှင့် ယှဉ်နိုင်ဟန် ပေါ်သည်။

သူက မီးဘုရင်ဆီမှ ရရှိထားသည့် မှတ်ဉာဏ်တချို့ကို စစ်ဆေးလိုက်ပြီးနောက် မေးလိုက်သည် " ခင်ဗျားက လေဟာနယ် နတ်ဘုရားလား"

" ဟုတ်တယ်။ မင်းက ငါ့အင်အားကို သိနေမှတော့ ခုခံနေဖို့ အသုံးမဝင်ဘူးဆိုတာသိသင့်တယ်။ မခုခံဘဲ ငါနဲ့အတူတူ လိုက်ခဲ့။ မင်းကမ္ဘာအကြောင်းကို အထွတ်အထိပ် နတ်ဘုရားတွေဆီ ပြောပြီးသွားရင်တော့ မင်းရဲ့အပြစ်ဒဏ်ကို သက်ညှာပေးဖို့ စဉ်းစားပေးမယ်"

အရိပ်က ထိုလူ၏ အသံအရ တခြားကမ္ဘာအကြောင်း ပြောစဉ်အနည်းငယ် လေသံမြင့်သွားကြောင်း ပြောနိုင်လေသည်။ ဆိုလိုသည်က သူက စိတ်လှုပ်ရှားလွန်းသွားခြင်း သို့မဟုတ် စိတ်ခံစားချက် မထိန်းချုပ်နိုင်ခြင်း ဖြစ်ပေသည်။

" ခင်ဗျားနဲ့ မလိုက်ခင် ကျွန်တော် အရင်ဆုံး မေးစရာ ရှိတယ်" အရိပ်က နှိမ့်ချစွာဖြင့် ပြောလိုက်သည်။

ချပ်ဝတ်အမျိုးသားက ထိုအရာကို ကြားပြီး ရယ်မောလိုက်သည် " မေးစမ်း"

" ကျွန်တော်ကို ဘယ်လိုလုပ်ရှာတွေ့တာလဲ"

" လွယ်လွယ်လေးပါ။ ကံကြမ္မာနတ်ဘုရားမက မင်းရဲ့နေရာကို တွက်ချက်ပေးထားပြီးသား"

အရိပ်က ထိုအရာကို ကြားပြီးနောက် အနည်းငယ် မျက်မှောင်ကြုတ်လိုက်သည်။ သူ သိသလောက် ကံကြမ္မာနတ်ဘုရားသည် အထွတ်အထိပ် နတ်ဘုရား ၃၆ပါးထဲမှ တစ်ပါး ဖြစ်ပေသည်။ သို့သော် ထိုအရာက သူ ဂရုစိုက်သည့်အရာ မဟုတ်ပေ။

သဘောတရားအရဆိုရလျှင် သူက သာလွန်ကံကြမ္မာကျမ်း၏ အဆင့်နိမ့်ပုံစံကို ကျင့်ကြံထားသူအနေနှင့် ထိုသို့ ဂမ္ဘီရဉာဏ်နှင့် တွက်ချက်မှုများက သူ့အပေါ် အသုံးမဝင် ဖြစ်သင့်ပေသည်။ သို့သော် ထိုကံကြမ္မာ နတ်ဘုရားမက သူ၏ တည်နေရာကို တွက်ချက်နိုင်သေးသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now