အခန်း(၃၀၃)

Beginne am Anfang
                                    

" အဲဒါဆိုတော့ ငါတို့တွေ နောက်အဆင့်က သတင်းအချက်အလက်တွေ ထပ်ပြီးစုဆောင်းဖို့ပဲ။"

" အဲဒါက လုပ်တာထက် ပြောတာက လွယ်တယ်။ ဒီကမ္ဘာရဲ့ သာမန်သေမျိုးတွေအားလုံးက လျစ်လျူရှုခံထားရပြီးတော့ မင်းမျိုးမင်းနွယ်တွေလောက်ကပဲ နတ်ဘုရားတွေနဲ့ ဆက်နွယ်တဲ့ ဗဟုသုတတွေ စွမ်းအားတွေ ရှိကြတာ။

အဲဒီမင်းမျိုးမင်းနွယ်တွေက အဲဒီမှတ်တမ်းတွေကို ချန်ထားမှာ မဟုတ်ဘူး။ သူတို့ရဲ့ ဝိညာဉ်ကလည်း သူတို့ယုံကြည်တဲ့ နတ်ဘုရားက ကာကွယ်ပေးထားတာဆိုတော့ သူတို့ဝိညာဉ်ကို ရှာဖွေဖို့ ကြိုးစားရင် ကျွန်မတို့တွေကို ချက်ချင်း တွေ့ရှိသွားလိမ့်မယ်" ဝမ်ကျူက ပြောလိုက်သည်။

အားလုံးက တိတ်ဆိတ်သွားပြီးနော် ဖြေရှင်းနည်းကို စဉ်းစားလိုက်ကြသည်။ သူတို့က ရုန်းရင်းဆန်ခတ် မဖြစ်လိုသောကြောင့် အနည်းငယ် အခွင့်အရေး နည်းပါးနေသည်။

ထျဲ့ကန်က ရုတ်ချည်းဆိုသလို ဝင်ပြောလိုက်၏ " တကယ်လို့ ယုံကြည်မှုက အဲဒီမင်းမျိုးမင်းနွယ်တွေနဲ့ နတ်ဘုရားကို ဆက်နွယ်ပေးထားတဲ့ အကြောင်းအရင်းဆိုရင် ငါတို့တွေ သူတို့ကို မယုံကြည်အောင် လုပ်နိုင်တဲ့ ဆေးလုံးဖန်တီးလို့ မရဘူးလား။ ဒီနည်းနဲ့ဆိုရင် ငါတို့တွေ သူတို့ဝိညာဉ်ကို အလွယ်တကူ ရှာပြီးတော့ ငါတို့လိုချင်တဲ့ သတင်းအချက်အလက်ကို ရနိုင်လိမ့်မယ်"

အားလုံးက သူ့အား တအံ့တဩဖြင့် လှည့်ကြည့်လာပြီး စဉ်းစားနေဟန်ပေါ်သည့် ယန်းလီလင်းအား လှည့်ကြည့်လိုက်ကြသည်။

" ဒီလိုတော့ ဖြစ်နိုင်တယ်။ ဒါပေမဲ့ ဆေးလုံးအသစ် ဖန်တီးဖို့တော့ မလိုဘူး။ နှလုံးသန့်စင်ရေးဆေးလုံးကို ထပ်ပြီးမွမ်းမံလိုက်တာနဲ့ ဒီလူတွေက သူတို့နတ်ဘုရားကို သံသယဖြစ်နိုင်တဲ့ ပုံရိပ်ယောင်မျိုး ကြုံတွေ့ရလိမ့်မယ်။ အဲဒါဆိုရင် ငါတို့က အဲဒါကို အခွင့်အရေးယူပြီးတော့ ဘယ်သူမှ သတိမထားမိစေဘဲ ဝိညာဉ်ကို ရှာလို့ရပြီ"

လီကျွင်းက ခေါင်းညိတ်လိုက်ကာ " ဒီလိုဆိုရင် အဲလိုလုပ်ရအောင်"

ထိုစဉ် သူက ချူးလီ ကျင့်ကြံနေသည့် ကျင့်စဉ်ပုံပွားကို ထုတ်ကာ စတင်ကြည့်လိုက်သည်။ သူက ထိုအရာကို နားလည်ခြင်းဖြင့် ထိုနတ်ဘုရားဟုခေါ်သည့် လူများကို ရင်ဆိုင်ဖို့ ပိုမိုပြင်ဆင်ထားနိုင်လိမ့်မည်ဟု ယုံကြည်ထားသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Wo Geschichten leben. Entdecke jetzt