အခန်း(၂၉၆)

Începe de la început
                                    

" မင်းအစီအစဉ်က နည်းနည်းတော့ ရူးမိုက်တယ်ဆိုပေမဲ့ အလုပ်ဖြစ်နိုင်တယ်" ဝမ်ထျန်းက ပြောလိုက်သည်။

" ဒါပေမဲ့ လုပ်ဖို့လိုနေတဲ့ အချို့ကိစ္စတွေရော ရှိသေးလား။ သူတို့က လွယ်လွယ်ကူကူရမှာ မဟုတ်ဘူး"

" အခက်ခဲဆုံးအပိုင်းက မင်း မူလဆေးလုံးမီးတောက်ကျမ်းကို ဘယ်လိုရအောင် ယူမလဲဆိုတာပဲ" ယုယန်က ပြောလိုက်သည်။

" ဖူချိုက်ယွင်က မောက်မာတယ်။ သူ အဲဒီကျမ်းကို ကျင့်ကြံနိုင်တဲ့ တစ်ဦးတည်းသောသူ ဖြစ်နေတဲ့အကြောင်းအရင်းက သူ့ပါရမီကြောင့်တင် မဟုတ်ဘူး။ သူက သူ့ကို လွှမ်းမိုးနိုင်တဲ့ အခွင့်အရေးရှိတဲ့ ဆေးဝါးပညာရှင်အားလုံးကိုလည်း တိတ်တဆိတ် သတ်ဖြတ်ခဲ့တာလည်း ပါတယ်။

ပြီးတော့ မူလဆေးလုံး မီးတောက်ကျမ်းက ဆေးလုံးပညာရပ်မှာ ပါရမီ မြင့်မားဖို့ လိုရုံသာမကဘူး။ ဆေးလုံးတာအိုကို အတော်လေး စိတ်နှစ်ထားဖို့လည်း လိုအပ်တယ်။ သားရဲ့ ဆေးဝါးပညာမှာ ပါရမီက လိုအပ်ချက်နဲ့ ကိုက်ညီနိုင်ပေမဲ့ ဆေးလုံးတာအိုမှာတော့ လိုအပ်နေလိမ့်ဦးမယ်"

" ကျွန်တော်က အဲဒီကျမ်းကို ရဖို့ ပြဿနာ ဖြေရှင်းနိုင်မဲ့ နည်းလမ်းကို စဉ်းစားပြီးသွားပြီ" ဝမ်ဝေ့က ပြန်ပြောလိုက်သည်။

" ဖူချိုက်ယွင်အတွက်ကိုတော့ ကျွန်တော် မူလဆေးလုံးတာအိုဂိုဏ်းကို ဝင်ပြီးမှပဲ ညှိနှိုင်းရမှာပေါ့"

အားလုံးက သဘောတူစွာ ခေါင်းညိတ်လိုက်ကြစဉ် ဝူဟုန်က သူ့အား စာအုပ်တစ်အုပ် ထုတ်ပေးလာသည် " ဒါက အပြစ်ကြွေးမီးတောက်ကို ကျင့်ကြံနိုင်မဲ့ မိစ္ဆာကျင့်စဉ်ပဲ။ ယုံကြည်မှုစွမ်းအားထဲမှာ စိတ်ခံစားချက် စွမ်းအားတွေ ပါဝင်နေတယ်ဆိုတော့ ဒါက ရှင့်အတွက် အကူအညီ ဖြစ်လိမ့်မယ်"

ဝမ်ဝေ့က ထိုအရာကို ကြားပြီးနောက် တစ်ခုခုကို တွေးမိကာ အကြည့်များ တောက်ပသွားလေသည်။ သူက အားလုံးကို ငြိမ်ဖို့ အချက်ပြလိုက်ပြီးနောက် ဆက်သွယ်ရေးအဆောင်တစ်ခုကို ထုတ်ယူလိုက်သည်။

" သူမ သီးသန့်ကျင့်ကြံနေတာ မဟုတ်ဖို့တော့ မျှော်လင့်ပါတယ်" ဝမ်ဝေ့က ရေရွတ်လိုက်သည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Unde poveștirile trăiesc. Descoperă acum