အခန်း(၂၆၅)

Comenzar desde el principio
                                    

ထိုစဉ် တည်ငြိမ်အေးဆေးနေသည့် ကျီစုန့်က လက်ကိုမြှောက်ကာ ထိုတိုက်ကွက်ကို လက်ဗလာဖြင့် တားဆီးလိုက်သည်။ ထိုဓားချက် သူ့လက်ကို ထိမှန်သွားသည့်အခါ ပေါက်ကွဲသွားခြင်း မရှိသလို၊ ဖျက်ဆီးခံလိုက်ရခြင်းလည်း မရှိပေ။ ထိုအရာက ကျီစုန့်လက်အား စက္ကန့်ပိုင်းကြာ တိုက်ခိုက်နေပြီးနောက် အလိုလိုပျက်ပြယ်သွားသည်။

ကျန့်ဝူရွှမ်းက ကျီစုန့်၏ လက်ဝါးမှ ဖြတ်ရာအသေးလေးကို ကြည့်လိုက်သည်။

ငါ့အလိုလိုသိစိတ်က မှန်နေတာပဲ။ တတိယပွဲစဉ်ပြီးကတည်းက ကျီစုန့်ဆီက ခြိမ်းခြောက်မှုကို ခံစားနေရတာ။ ကြည့်ရတာ သူ့အင်အားတိုးသွားဖို့ ကံအပြောင်းအလဲ အခွင့်အရေးနဲ့ တွေ့ခဲ့ပုံပဲ။ ငါက ပင်ကိုစွမ်းရည်နဲ့ လျှို့ဝှက်ကတ်တွေ အကုန်ထုတ်သုံးရင်တောင် သူ့ပြိုင်ဘက် မဖြစ်လောက်ဘူး...

" အတူ ယှဉ်ပြိုင်ပေးလို့ ကျေးဇူးတင်ပါတယ်" ကျန့်ဝူရွှမ်းက ပြောလိုက်ပြီးနောက် သူ့ မျှောလွင့်ရုံဆီ ပျံသန်းသွားလေသည်။

ထိုစဉ် ကျီစုန့်က သူ့လက်မှ ဒဏ်ရာကို ကြည့်လိုက်ပြီး ကုသဖို့ ငြင်းဆန်လိုက်သည်။ သူ့ခန္ဓာကိုယ်ဖြင့် ထိုသို့သော ဒဏ်ရာမျိုးက ချက်ချင်းပျောက်ကွယ်သွားသင့်ပေသည်။ သို့သော်လည်း ဓားဆန္ဒက သူ့ခန္ဓာကိုယ်အတွင်း တည်ရှိနေပြီး သူ့အလိုလိုပြန်ကောင်းနိုင်စွမ်းကို ဟန့်တားထားသည်။

မည်သို့ပင်ဆိုစေကာမူ သူက အချိန်ယူလျှင် ပျောက်ကင်းသွားမည် ဖြစ်သည့်အတွက် ဂရုမစိုက်တော့ပေ။

ကျီစုန့်က လက်မြှောက်ကာ ရုပ်သံလွှင့်နေသည့် အစီအရင်ကို လှမ်းကြည့်ရင်း ပြောလိုက်သည် " ဝမ်ဝေ့ မင်း အခု ငါ့လက်ထဲမှာ ရှုံးနိမ့်ဖို့ အချိန်ပဲ။ ငါတို့ တိုက်ပွဲအကြောင်း ဆွေးနွေးရအောင်"

ရက်အနည်းငယ်ကြာပြီးနောက် မဟာကျိုးတော်ဝင်မြို့တော်အတွင်း ကျီစုန့်၏ လက်က အပြည့်အဝ ပြန်လည်ကောင်းမွန်သွားပြီး အထွတ်အထိပ် အခြေအနေသို့ ပြန်လည်ရောက်ရှိသွားလေသည်။ သူက ထိုတိုက်ပွဲအတွက် အကောင်းဆုံးအခြေအနေသို့ ရောက်ရန် တရားထိုင်နေ၏။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Donde viven las historias. Descúbrelo ahora