အခန်း(၂၅၃)

Start from the beginning
                                    

တကယ်တော့ လိုက်နာမည့် နောက်မျိုးဆက်များ ရှိနေသေးသည့်အတွက် ထိုအရာမှာ မလိုအပ်သည့် စိုးရိမ်မှုတစ်ခုသာ ဖြစ်လေသည်။ အစီအရင်ဘိုးဘေးများ၊ ဝင်္ကပါဘိုးဘေးများ အစရှိသဖြင့် ဘိုးဘေးများ တည်ထောင်ခဲ့သည့် ဂိုဏ်းများက ယနေ့အထိ ရှင်ကျန်နေကြသေးသော်လည်း အားလုံး မဟုတ်လျှင်ပင် အများစုက စတင်ကျဆင်းလာခြင်း သို့မဟုတ် ဖွံ့ဖြိုးမှု တုံ့နှေးလာခြင်း ရှိလာလျှင် ဒီကမ္ဘာထဲ ကျန်ရှိနေအောင် ရှည်ကြာခဲ့သည့် အမွေအနှစ်ကို ထုတ်သုံးနိုင်သေးသည်။

တာအိုအခွင့်အလမ်းဂိုဏ်းက ဧကရာဇ်ကိုးပါးအထိ မွေးထုတ်ပေးပြီးနောက် လူများစွာက ဂိုဏ်းကျဆင်းလာမှုကို စတင်သတိထားမိလာကြသည်။ သို့သော် ယခုတွင် ပြန်လည်ထမြောက်လာစေဖို့ မျှော်လင့်ချက်တို့ ရှိနေလေပြီ။

ဝမ်ဝေ့က ထိုလူများ၏ ဦးညွှတ်မှုကို လက်ခံလိုက်ရင်း ခေါင်းညိတ်လိုက်သည်။ သူက လူငယ်မျိုးဆက်လို ပြုမူမနေတော့ပေ။ ယခုအချိန်ကား နှိမ်ချနေရမည့် အချိန် မဟုတ်မှန်း သိထား၏။ တစ်ခါတစ်လေ ချီးကျူးခံဖို့ ထိုက်တန်နေသည်ကို နှိမ်ချလိုက်ခြင်းက ကြောင်သူတော်နှင့် တူသွားစေသည်။

ထို့ကြောင့် သူက ပြောလိုက်သည် " အားလုံး ထကြပါ။ ဒါက ကျွန်တော်တို့ တာအိုအခွင့်အလမ်းဂိုဏ်းအတွက် အစပဲ ရှိပါသေးတယ်။ တစ်ရက်ကျ ကျွန်တော်တို့တွေ စာသင်ကျောင်းတွေကို ဒီအသိုက်အဝန်းထဲအထိ ဖြန့်လာနိုင်လိမ့်မယ်။ ပြောရရင် အဆုံးမဲ့လေဟာနယ်ထဲက ကမ္ဘာတွေအားလုံးအထိပေါ့"

ထို့နောက် အကြီးအကဲများက စိတ်လှုပ်ရှားမှုအပြည့်ဖြင့် ခေါင်းမော့လာကြသည်။ သူတို့က ဧကရာဇ်ချီယွမ်၏ လမ်းစဉ်အတိုင်း အတွေးအခေါ်များ၊ သဘောတရားများကို အလွှာမြောက်များစွာအထိ ဖြန့်ဝေနိုင်ခြင်းက ဘယ်လိုမျိုးလဲဟု စိတ်ကူးကြည့်နေကြသည်။ ဤအရာက အမှန်တကယ်ကို ထူးကဲပြောင်မြောက်သည့် ခေတ်ကာလ ဖြစ်လာလိမ့်မည်။

ထိုစဉ် အဖြူဆွတ်ဆွတ် နဂါးက ကမ္ဘာအနှံ့ သွားလာပြီးနောက် အရွယ်အစား နှစ်ဆကြီးလာသည်။ အမှန်တော့ အရွယ်အစားသည် မဟာဧကရာဇ်တစ်ယောက်တည်းသာ ရှိထားသည့် သာမန်ဧကရာဇ်မျိုးနွယ်၏ ချီကံကောင်းမှု နဂါးနှင့် ယှဉ်လိုက်လျှင်ပင် အလွန်သေးနေသေးသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now