အခန်း(246)

Start from the beginning
                                    

ကပ်ဘေးချီရဲ့ နမူနာကောင်းက ကံကြမ္မာသားတော်တွေနဲ့ ပတ်သက်လာတဲ့အခါ မကြာခဏ သုံးလေ့ရှိတယ်။ သူတို့က ပြိုင်ဘက်နဲ့ တွေ့တိုင်း ကောင်းကင်တာအိုက ကပ်ဘေးချီနဲ့ သူတို့ရန်သူအပေါ် လွှမ်းမိုးလိုက်ပြီးတော့ တုံးအအ ပြုမူစေတတ်ကြတယ်။ သူတို့ရန်သူတွေက ကံကြမ္မာသားတော်ကို တစ်ခါတည်း ရှင်းထုတ်မဲ့ နည်းလမ်းကို သုံးမဲ့အစား ကံကြမ္မသားတော်ထက် ကျင့်ကြံဆင့် တစ်ဆင့်လောက် မြင့်တဲ့သူကို လွှတ်ပြီး ရှင်းခိုင်းတတ်ကြတယ်လေ။ အဲလိုဆိုတော့ ကံကြမ္မာသားတော်တွေက လွတ်လမ်းကို ရသွားပြီး တိုက်ရင်းခိုက်ရင်း အဆင့်တက်လာကြတော့တာပဲ။ သူတို့ရန်သူက အစပိုင်း အားသိပ်မကွာတဲ့ လူတွေကို လွှတ်လိုက် ကံကြမ္မာသားတော်က ရှင်းလိုက် အဆင့်တက်လိုက်နဲ့ ကံကြမ္မာသားတော် သူတို့ရန်သူကို လုံးဝ မရှင်းထုတ်နိုင်ခင်အထိ ဆက်တိုက်ဖြစ်နေတာမျိုးပေါ့ ...

အဲလိုအပြုအမူမျိုးက ကောင်းကင်အလိုဆန္ဒကမ္ဘာလောက် အားကောင်းတဲ့ ကမ္ဘာတွေက ကံကြမ္မာသားတော်အတွက်ပဲ။ ပြီးတော့ ဒီလိုကပ်ဘေးချီက သတိထားမိဖို့ လွယ်ကူတယ်"

ဝမ်ဝေ့က ခေါင်းညိတ်ကာ မေးလိုက်သည် " အဲဆို ကပ်ဘေးချီကလည်း အဆင့်အမျိုးမျိုး ပြန်ခွဲထားသေးတယ်ပေါ့"

"ဟုတ်တယ် ... အမြင့်ဆုံးဆိုရင် ရှင်တောင် သက်ညှာခံရမှာ မဟုတ်ဘူး" ဝူဟုနက ဝမ်ဝေ့ မျက်လုံးထဲ စိုက်ကြည့်ကာ ပြောလိုက်သည်။ သူက သူမ ပြောချင်သည့် စကား၏ ဆိုလိုရင်းကို တန်းနားလည်သွားလေသည်။ ကပ်ဘေးချီ အဆင့်မြင့်ဆုံးက စံပြများအထိ သက်ရောက်နိုင်သောကြောင့် သူသာ ဂရုမစိုက်လျှင် တစ်ရက်ကျ သက်ရောက်ခံရနိုင်ခြေ ရှိလေသည်။

သူက ချက်ချင်းဆိုသလို ထိုအချက်အလက်ကို အလေးအနက် မှတ်သားထားလိုက်သည် " ကိုယ် နားလည်ပြီ။ နောက်ထပ်ရော ရှိသေးလား"

"အင်း " ဝူဟုန်က ဖြေလိုက်သည် " တကယ်တော့ ကပ်ဘေးချီရဲ့ အဓိကရည်ရွယ်ချက်က တခြားကမ္ဘာတွေ ပြောကြသလိုမျိုး မိုးမြေရဲ့ မဟာကပ်ဘေးကို ဆွဲဆောင်ဖို့ ဒါမှမဟုတ် သန့်စင်ခြင်း လုပ်ဖို့ပဲ "

ဝမ်ဝေ့က ဂိုဏ်း၏ စာကြည့်တိုက်ထဲ ဖတ်ခဲ့ဖူးသည့် အရာကို အမှတ်ရသွားသောကြောင့် မျက်မှောင်ကြုတ်လိုက်မိသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now