အခန်း(236)

Começar do início
                                    

ဝမ်ဝေ့က ပြဿနာတက်နိုင်မှန်း သိ၍ ထိုအခြေအနေကို ဖြေရှင်းဖို့ ခပ်သွက်သွက် စဉ်းစားလိုက်သည်။ နောက်ဆုံးတွင် သူက တည်တည်ငြိမ်ငြိမ်ဖြင့် ပြောလိုက်၏။

" အမေ အဲဒါက ကျွန်တော်နဲ့ ဘာမှမဆိုင်ပါဘူး။ အကုန်လုံးက လီကျွင်း လုပ်တာ ... သူက ဂိုဏ်းတပည့်တွေနဲ့ လျှောက်ကစားတုန်း အဲလိုအရာတွေ တတ်လာတာလို့ ပြောတာပဲ။ အဲဒါကြောင့် ကျွန်တော်က ကတ်တွေလုပ်တုန်း သူ့ဆီကနေ အကြံဉာဏ်တောင်းထားတာပါ။ သူတင် မဟုတ်ဘူး။ ထျဲ့ကန်လည်း ပါတယ်။ သူက အလွှာနိမ့်မှာ ဘုရင်ဖြစ်မလာတုန်းက ဓားပြအဖွဲ့ထဲ လုပ်ခဲ့ဖူးတယ်တဲ့ ... အဲဒါနဲ့ သူ့ကိုပါ ဆွေးနွေးအကြံဉာဏ်တောင်းထားတာပါ"

ယုယန်က လက်ပိုက်ထားရင်း ထိုစကားများကို စဉ်းစားနေသည်။ ထိုစဉ် ဝမ်ထျန်းက သူ့သားကို ထူးထူးဆန်းဆန်း ကြည့်လိုက်လေသည်။

သူက အဲဒါတွေကို သူ့ဘာသာ ရေးတာ အသိသာကြီး မဟုတ်ဘူးလား ... ဘာလို့ သူများကို အပြစ်လိုက်တင်နေတာလဲ

သို့သော်လည်း သူက တစ်ခုခုပြောတော့မည့်ဆဲဆဲတွင် သူ့သားမျက်ဝန်းမှ အကြည့်စူးစူးကို မြင်လိုက်ရသည်။ သူသာ တစ်ခုခုပြောလိုက်ပါက ဝမ်ဝေ့သည် သူ့အပေါ်အထိ အပြစ်ပုံချလာနိုင်သည်။ သူ့ဇနီးက ယုံသည်ဖြစ်ဖြစ်၊ မယုံသည်ဖြစ်ဖြစ် သူက ပြဿနာတက်ရလိမ့်မည်။ ထို့ကြောင့် သူက ဝမ်ဝေ့ စကားကို ထောက်ခံစွာ ခေါင်းသာညိတ်လိုက်သည်။

ထိုစဉ် ယုယန်က စက္ကန့်ပိုင်းလောက် စဉ်းစားပြီးနောက် သူမဘာသာ ရေရွတ်လိုက်သည် "ကြည့်ရတာ ရှောင်ကျွင်းရဲ့ အမေကိုပါ သူ့သား အပေါင်းအသင်း ကြည့်ပေါင်းခိုင်းရအောင် သွားပြောဖို့ လိုနေပြီ။ ထျဲ့ကန်ကိုလည်း ငါ့သားအနား အဲလိုအရာတွေ ထုတ်မပြောဖို့ သတိပေးထားရမယ်"

ယုယန်က မည်မျှဉာဏ်ကောင်းစေကာမူ သူမက မိခင်တစ်ယောက် ဖြစ်၏။ သူမသားနှင့် ပတ်သက်လာသည့်အခါ သူက ဒီလိုအရာမျိုး လုပ်နိုင်လိမ့်မည်ဟု မယုံကြည်ချင်ပေ။ ထို့ကြောင့် သူမက ဟာကွက်အပြည့် ဖြစ်နေသည့် အလိမ်အညာကိုသာ အပြည့်အဝ ယုံကြည်သွားလေ၏။

ယုယန်က ဝမ်ဝေ့ကို ကြည့်လိုက်ပြီးနောက် "ကောင်းပြီ ...နောက်ဆို အပေါင်းအသင်းကြည့်ပေါင်း ... သားအပေါ် ဆိုးဆိုးရွားရွား လွှမ်းမိုးသွားတာမျိုး မဖြစ်စေချင်ဘူး။ တည်ငြိမ်အေးချမ်းတဲ့ စိတ်ထားမျိုး ရှိတာက ကျင့်ကြံရေးလမ်းကြောင်းအတွက် အထောက်အကူအဖြစ်ဆုံးပဲ"

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Onde histórias criam vida. Descubra agora