"လွန်ခဲ့တဲ့ တစ်ပတ်လောက်ကမှ တွေ့ထားတဲ့ မိန်းကလေးတစ်ယောက်ရှေ့ ကိုယ်လုံးတီး ဖြစ်နေတာကို ရှင် မရှက်ဘူးလား"
" ဟင် ... တကယ်လို့ ကိုယ့်အဝတ်အစားတွေကို မဖယ်ရင် အဲဒါကို ဘယ်လိုကောင်းကောင်းလုပ်နိုင်မှာလဲ" ဝမ်ဝေ့က ရိုးသားမှုအပြည့်ဖြင့် ပြန်ဖြေလိုက်သော်လည်း သူ့စကားတွင် အဓိပ္ပါယ်နှစ်ခွများ ပါနေသည်။
ဝူဟုန်က ကူကယ်ရာမဲ့စွာ သက်ပြင်းချလိုက်သော်လည်း သဘောကျနေသည့်အလား သူမ၏ မျက်နှာအထက် အပြုံးလေးတစ်ပွင့် ရှိလေသည်။
"ကောင်းပြီ ... အဲဆို စလိုက်ကြရအောင်" သူမက ခပ်ပြင်းပြင်း ပြောလိုက်သည်။
ဝမ်ဝေ့က ရေကန်ရှေ့ တင်ပျဉ်ခွေထိုင်လိုက်၏။
ဝူဟုန်၏ မျက်လုံးများက ချက်ချင်းဆိုသလို အဖြူရောင် လင်းလက်လာပြီး လက်အဝှေ့တွင် အခန်းထဲ သင်္ကေတများ ထွက်ပေါ်လာသည်။ စုစုပေါင်း လေးခုရှိပြီး ပုံသဏ္ဍာန်အားဖြင့် စက်ဝန်းများ ဖြစ်ကြသည်။ ထို့နောက် သူမ၏ နောက်ထပ် လက်အဝှေ့တွင် အနက်ရောင် ရေ သို့မဟုတ် ကန်ထဲမှ နတ်ဘုရား အပြစ်ဒဏ်မိုးကြိုးက လေထဲ မြောက်တက်လာသည်။
ရေကို ဝန်းရံထားသည့် သင်္ကေတလေးခုက သေတ္တာပုံစံ ပြောင်းသွားလေသည်။
ဝူဟုန်က လက်ကိုဆုပ်လိုက်သည့်အခါ အနက်ရောင် မိုးကြိုးက စတင်၍ ဖြစ်တည်လာပြီး အရွယ်အစားအရရော၊ ပုံစံအရပါ လျော့ကျကာ သိပ်သည်းလာသည်။
ထိုစဉ် ဝမ်ဝေ့က ဖြစ်စဉ်တစ်ခုလုံးကို တအံ့တဩ ကြည့်နေမိသည်။ သူက ဝူဟုန်ဆီမှ အရှိန်အဝါကို မခံစားမိသလို သူမ ပြုလုပ်ထားသည့် သင်္ကေတများ၏ အဓိပ္ပါယ်ကိုလည်း နားမလည်ချေ။
သူတို့ကို နားလည်ဖို့ မဆိုထားနှင့် သိပင် မသိချေ။ ထိုအခါမှ ဝမ်ဝေ့က သူသည် ကမ္ဘာကြီးအကြောင်း အနည်းငယ်သာ သိသေးကြောင်း သူ့အနာဂတ် မိန်းကလေးက မည်မျှအားကောင်းနေကြောင်း သဘောပေါက်လာသည်။
မိနစ်ပိုင်းကြာမြင့်ပြီးနောက် နတ်ဘုရားအပြစ်ဒဏ်မိုးကြိုးက သင်္ကေတများဖြင့် ပြုလုပ်ထားသည့် လက်သီးဆုပ်အရွယ် စက်လုံးတစ်ခုအဖြစ် ပြောင်းလဲသွားပြီး ဝူဟုန်၏ လက်ဖဝါးထဲ လွှင့်မျှောနေသည်။
အခန်း(220)
Start bij het begin