အခန်း(214)

Start from the beginning
                                    

သို့သော်လည်း ယခုတွင် ဧကရာဇ်ဉာဏ်အလင်းပွင့် ကျောင်းတော်က သူတို့၏ ပညာများကို ဒီမျိုးဆက်အတွင်း မလိုအပ်ဘဲ ခွန်အားနှင့် စွမ်းအားကိုသာ အလေးထားကြောင်း ပြောနေလေသည်။

ထို့ကြောင့် သူတို့က အရှက်ရကာ ဒေါသထွက်လာကြသည်။ သို့သော် သူတို့က ဘာလုပ်ရမှန်း မသိပေ။ သူတို့က ကျောင်းတော်ကို စိန်ခေါ်နိုင်ခြင်းမျိုးလည်း မဟုတ်ပေ။

ထိုစဉ် ဝမ်ဝေ့ရှိရာ မျှောလွင့် ရုံငယ်လေးထဲ ပိုင်ဟန် ပြောစကားကို ကြားပြီးနောက် သူ့လက်ထဲ ကိုင်ထားသည့် အဖန်ရည်ခွက်က ချက်ချင်းဆိုသလို အမှုန့်ဖြစ်သွားလေသည်။ ထို့နောက် သူက ကျောင်းအုပ်ကို ကြည့်လိုက်၏။

အဝေးမှပင် ပိုင်ဟန်က အားကောင်းကောင်း အကြည့်တစ်ခု သူ့ဆီ ရောက်နေသည်ကို ခံစားမိနေသည်။ သားရဲတစ်ကောင်က သားကောင်ကို ချောင်းနေသလိုမျိုး ဖြစ်၏။ သူက ထိုအကြည့်ပိုင်ရှင် ဘယ်သူမှန်း မှန်းဆမိဟန်ဖြင့် လျစ်လျူရှုထားလိုက်သည်။

ထိုစဉ် ဝမ်ဝေ့က သူ့ဘာသာ စိတ်တည်ငြိမ်အောင် ထိန်းလိုက်ပြီး ဆက်သွယ်ရေး ဖိတ်ကြားချက် ရလိုက်သောကြောင့် သိုလှောင်လက်စွပ်ထဲမှ အဆောင်တစ်ရွက်ကို ထုတ်လိုက်သည်။

"အစ်ကိုကြီး အခုဘယ်လိုဆက်လုပ်လိုက်ရမလဲ" အဆောင်တစ်ဖက်မှ အသံပိုင်ရှင်က ယန်းလီလင်း ဖြစ်၏။

ဝမ်ဝေ့က စိတ်ထဲ ဖြစ်နိုင်သည့် အစီအစဉ်ကို အလျှင်အမြန် တွက်ချက်ရင်း ပြောလိုက်သည် " အဲဒီမှာ မင်းသဘောထားကို အများသိအောင်ပြခဲ့ ... ပြီးရင် မင်း အခန်းဆီ ပြန်သွားလိုက်တော့ "

"ဒါပဲလား"

"ဒါပဲ "

ဆက်သွယ်ရေး ဖြတ်တောက်လိုက်ပြီးနောက် ယန်းလီလင်းက သူမအတွေးများကို ခဏကြာ စုစည်းလိုက်ပြီးနောက် ကျယ်ကျယ်လောင်လောင် သရော်သံ ပြုလိုက်သည်။

သို့သော်လည်း ထိုအရာက သာမန်လှောင်ပြောင်သံ မဟုတ်ဘဲ မူလအဆီအနှစ်များ ကိန်းအောင်းနေသည်။ ထို့ကြောင့် နေရာရှိ လူသန်းချီနှင့် အစီအရင်များမှတဆင့် ကြည့်နေသူအားလုံး သူမ၏ အသံကို ကြားလိုက်ကြသည်။

ကံကြမ္မာဖျက်ဆီးခြင်း ဧကရာဇ်၏ ခရီးလမ်း Book 2Where stories live. Discover now