Arc 7.6

1.1K 143 42
                                    

( Unicode)
.
.
.

မာ့ခ်ကီ 'ချစ်ခြင်းဖြင့်သာ'ဆိုတဲ့ဇာတ်ကားကိုရိုက်နေတာ တစ်လတောင်ကြာနေပြီဖြစ်သည်။ခုဆို ခါရာမီသရုပ်ဆောင်ရမယ့် အိုရိုဆာနဲ့တွေ့တဲ့အခန်းတွေတောင်ရောက်နေပြီလေ။

ဒီနေ့ရိုက်ရမယ့်အခန်းကြီးက မာ့ခ်ကီရှောင်လွဲချင်စိတ်တောင်ပေါက်တယ်။PaPaPaခန်းကြီးတဲ့ကွာ ဘယ်လိုရိုက်ရမှာလဲ ရိုင်းဒိုနဲ့တဲ့ မရိုက်ချင်ဘူး အဲ့လိုကြီးကျတစ်မျိုးကြီးပဲ။

"မာ့ခ်ကီရေ ငါအကုန်ပြင်ပြီးပြီနော် မင်းပြီးရင်ထွက်ခဲ့တော့"

အပြင်ဘက်ကရုဒဲအသံကြောင့် မာ့ခ်ကီသက်ပြင်းလေးချကာ ထွက်လာလိုက်သည်။မတတ်နိုင်ဘူးလေ ရိုက်ထားပြီးမှတော့ ဒီအခန်းတွေလည်းသရုပ်ဆောင်ရမှာပေါ့။

"သွားကြစို့ရုဒဲ"

"omm"

မာ့ခ်ကီရိုက်ကွင်းရောက်တာနဲ့ ဒါရိုက်တာဆီသွားကာ အဲ့ဇာတ်ကွက်ကိုမရိုက်လို့မရဘူးလားလို့ညှိပေမယ့် အဆင်မပြေခဲ့ဘူး။ခုမှတော့မထူးတော့ ရိုက်ရတော့မယ်။

"မင်းသားတွေအဆင်သင့်ဖြစ်ရင်အခန်းထဲသွားမယ်"

ဒါရိုက်တာရဲ့အပြောကြောင့် ရိုင်းဒိုပြုံးလိုက်ကာအခန်းထဲဝင်လိုက်သည်။နောက်ကနေကြည့်နေတဲ့ခါရာမီကတော့ ရိုင်းဒိုကိုသိပ်မကျေနပ်ချင်ဘူး။ကိုယ့်ဝိဉာဥ်ဖြစ်နေလို့သာပေါ့ တစ်ခြားသူသာဆိုအမှုန့်ကြိတ်ပြစ်ပြီ။

မာ့ခ်ကီလည်းအောက်ပိုင်းကိုတပတ်တစ်ထည်နဲ့ပတ်လိုက်ပြီး အကျီချွတ်ကာထိုအခန်းထဲဝင်လိုက်တော့ အသင့်စောင့်နေတဲ့ကင်မရာမန်းတွေကြောင့် မျက်နှာတောင်ပူသွားရသည်။ဒါမျိုးအခန်းကို သူတို့ရှေ့မှာသရုပ်ဆောင်ရမှာတဲ့လား။

မာ့ခ်ကီရှက်ကာပါးတွေနီရဲနေတုန်း ဘေးနားကိုရောက်လာတဲ့ရိုင်းဒိုကမာ့ခ်ကီလက်ကိုကိုင်ကာအိပ်ယာဆီခေါ်သွားတာမို့ ရင်တွေခုန်လာပြီးခေါင်းငုံ့ထားမိတော့သည်။

ရိုင်းဒို မာ့ခ်ကီကိုအိပ်ယာပေါ်တင်ပေးလိုက်ပြီး မိမိအဝတ်အစားတွေချွတ်ကာ အောက်ပိုင်းကိုတပတ်ပတ်လိုက်သည်။ပြီးတာနဲ့ကုတင်ပေါ်တက်ကာမာ့ခ်ကီရဲ့ခါးကိုတက်ခွထိုင်လိုက်သည်။

Angel SystemWhere stories live. Discover now