Arc 5.8

1.5K 194 18
                                    

( Unicode)

ဂျီအွန်း ထယ်ဆော့နဲ့စကားပြောနေရင်း တူးနံ့ရတာမို့

"ဆော့ဆော့လေး တူးနံ့ရသလိုပဲနော်"

"ဟုတ်တယ်daddy"

ဂျီအွန်းအနံ့ထွက်ရာကိုလိုက်ကြည့်လိုက်တော့ သူတည်ထားတဲ့ဟင်းအိုးတစ်ခုလုံးအငွေ့တွေတထောင်းထောင်းထွက်လို့နေသည်။

"ဟာ သွားပြီ ကုန်ပါပြီ"

ဂျီအွန်း ပလပ်အမြန်ဖြုတ်ကာကြည့်လိုက်တော့ မဲတူးနေတဲ့ဟင်းတုံးလေးတွေ

"daddy တူးကုန်တာလား"

"ဟုတ်တယ် ဟင့် ငါကြိုးစားပမ်းစားချက်ထားတာကို"

"daddyကလည်းစိတ်မကောင်းမဖြစ်နဲ့တော့နော် daddyအခုဘာစားချင်လဲသားချက်ပေးမယ်"

"ဆော့ဆော့လေးကဟင်းချက်တတ်လို့လား"

"ဒါပေါ့ သားကဟင်းချက်တဲ့နေရာမှာ Proအဆင့်နော်"

"ဟုတ်ပြီလေ ဒါဆိုဆော့ဆော့လေးချက်ကျွေးတာပဲစားတော့မယ်"

"ဒီလိုတော့ဘယ်ရမလဲ"

"ဟင် မကျွေးချင်ဘူးပေါ့ အဲ့လိုလား"

"ဟားဟား မဟုတ်ပါဘူး တစ်ရက်စာတည်းဘာလုပ်မှာလဲ တစ်သက်စာပဲယူလိုက်လို့ပြောမလို့"

"တစ်သက်လုံးချက်ကျွေးနိုင်လို့လား"

"daddyသာ သားအနားမှာရှိမယ်ဆိုရင်ပေါ့"

"အဲ့တာအတွက်စိတ်မပူနဲ့ဆော့ဆော့လေးနဲ့တစ်သက်လုံးနေမှာမို့ ချက်ကျွေးဖို့ပြင်ထားလိုက်"

"daddyပြောတာနော် သားနဲ့တစ်သက်လုံးအတူနေရမယ်"

"ဟုတ်ပါပြီကွာ"

ထယ်ဆော့ချက်ပြုတ်ပေးတဲ့ဟင်းတွေစားပြီး ဂျီအွန်းလက်ကမချနိုင်ဖြစ်နေရသည်။အဲ့ကောင်လေးကဟင်းချက်လည်းကောင်းချက်။

"Daddy ကောင်းလား"

"အွန်း ကောင်းတယ်"

"ညကျရင်ဒီထက်ကောင်းတာတွေစားရအုံးမှာ"

"ဟုတ်လား စားပေးရမှာပေါ့"

"daddyစားမယ်ဆို သားက.ကျွေး.ပေးမှာပေါ့"

Angel SystemOnde as histórias ganham vida. Descobre agora