Arc 4.2

1.6K 186 15
                                    

( Unicode)
.
.
.

( host ထတော့ ဒီနေ့ကျောင်းသွားရမယ်)

( ဖြူလုံးရာ ငါကျောင်းပြီး​တာကြာပြီလေ ဘာလို့သွားရမှာလဲ)

( ငင့် hostအခု system world ထဲမှာနော် hostအိမ်မှာများထင်နေလား)

အဲ့ခါကျမှ ပြူးတူးပြဲတဲနဲ့ ထလာတဲ့ hostကြောင့် system လေးခေါင်းတစ်ခါခါနဲ့ကြည့်နေလိုက်သည်။ဒါတောင် မျက်လုံးပြူးပြီးပြန်အိပ်နေသေးတာ ဘယ်လိုတောင်အိပ်နိုင်ရတာတုန်း။

( host ခုထနော် ခုမထရင်hostဆီက Pတေွအကုန်နှုတ်ပြစ်မယ်)

( အာ..ထပြီ ထပြီလို့ ငါကြိုးစားပမ်းစားရှာထားတဲ့ဟာလေးတွေကိုနှုတ်ဖို့မစဥ်းစားနဲ့)

( အာ့ဆိုမြန်​မြန်ထ ကျောင်းသွားရမယ်)

( အေးပါ)

ရွန်ဒါ ရေချိုးခန်းထဲဝင်ကာ မျက်နှာသစ်ရင်းတွေးမိသည်က ဒီကိုယ်ပိုင်ရှင်ကတကယ်ပဲကျားဟုတ်ရဲ့လားလို့ မျက်နှာသစ်လို့ကိုင်လိုက်ရတဲ့မျက်နှာလေးက နုဖက်နေရော ဘယ်လိုတောင်အိစက်နေရတာလဲ။

( host အတွေးတွေရပ် ကျောင်းနောက်ကျမယ်နော် အောက်မှာဖရက်စောင့်နေတယ်)

( အေး ဟုတ်သား ဖရက်ကနေ့တိုင်းလာခေါ်တာငါမေ့နေတာ)

( ဒါဆိုလည်းမြန်မြန်ပြင်ဆင်)

( အင်းပါကွာ ရတဲ့အချိန်ကိုအလွတ်မပေးပဲတန်းဟောက်တာပဲ)

( စေတနာနဲ့ပါနော်)

ဖြူလုံးရဲ့စကားကို မျက်စောင်းထိုးလိုက်ကာ အဝတ်အစားပဲလဲလိုက်သည်။အားလုံးပြင်ပြီးပြီဆိုတာနဲ့ အောက်ကိုဆင်းလာတော့ တွေ့ပါပြီ ဧည့်ခန်းမှာမိန့်မိန့်ကြီးထိုင်နေတဲ့အကိုဝမ်းကွဲဖြစ်သူ'ကာရေး'နဲ့ကုပ်ကုပ်ကလေးထိုင်နေတဲ့ 'ဖရက်'

"ကိုကို ရွန်ဒါဆီလာတာလား"

( အဟွတ်...ကိုကိုတဲ့ ငါ့လူကြီးတောင်မခေါ်ဖူးဘူး)

( host ညာပြီ World 2 တုန်းကခေါ်ခဲ့တာလေ ကျွန်တော်တောင်မှတ်မိတယ် 'အ့ ကိုကို အဲ့နား အင်း ကောင်းတယ်'ဆိုပြီးလေ)

( ဒီဖေ....ဒါမျိုးကျမှတ်ဉာဏ်ကောင်းတယ်နော်)

( ဖြူလုံးတို့ကနဂိုကတည်းက မှတ်ဉာဏ်ကောင်းပြီးသား ဟမ့်)

Angel SystemWhere stories live. Discover now