Arc 4.5

1.6K 190 8
                                    

( Unicode)

# Wanning ခန်းပါတယ်နော် ဖြူစင်သူလေးတွေကျော်သွားကြပါ #

"ကိုယ်တော်မင်းဆီကတစ်ခုလောက်တောင်းချင်တယ်"

ရောက်ရောက်ချင်း အယ်ရိုးဘုရင်ဆီကအပြောကြောင့် သူလည်းအမြန်ပင်ပြန်ဖြေလိုက်ရသည်။

"ဟုတ်ကဲ့ ကျွန်တော်မျိုးတတ်နိုင်တာမှန်သမျှအရှင်လိုချင်တယ်ဆိုပေးနိုင်ပါတယ်"

"ကိုယ်တော် မင်းရဲ့သား ရွန်ဒါ ကိုလိုချင်တယ်"

"ဗျာ..."

ရွန်ဒါဟန်တောင်မဆောင်နိုင်ပဲ အသံထွက်ကာပြောလိုက်မိသည်။ရွန်ဒါအဖေကတော့ မျက်နှာတွေနီရဲလာကာ လက်သီးကိုကျစ်ကျစ်ဆုပ်ထားပြီး ခေါင်းငုံ့ထားပုံကိုကြည့်ရတာအလွန်ပင်ဒေါသထွက်နေပုံပေါ်သည်။

"ကိုယ်တော်ပြောတာဘယ်လိုသဘောရလဲ"

ထပ်မေးလာတဲ့အယ်ရိုးဘုရင်ကြောင့် သူမနေနိုင်တော့ပဲ ထုတ်ပြောလိုက်ရသည်။

"ကျွန်တော်မျိုးရဲ့သားကလွဲ ကျန်တာတောင်းပါအရှင် အကုန်ပေးနိုင်ပါတယ်"

"အဟင်း ကျန်တာမလိုချင်ဘူး ရွန်ဒါကိုပဲကိုယ်တော်လိုချင်တယ်"

"ကျွန်တော်မျိုးရဲ့သားက ယောက်ျားတစ်ယောက်ပါ နောက်ပြီးကျားမျိုးစိတ်လည်းဖြစ်ပါတယ် ကျွန်တော်လုံးဝမပေးနိုင်ပါဘူးအရှင်"

"ကောင်းပြီလေ"

အယ်ရိုးဘုရင်ကပြောပြီးပြီးချင်း သူ့အဖေဘေးမှာထိုင်နေတဲ့ရွန်ဒါအနားဆီလျှောက်လာလိုက်ကာ

"စိန်တိုက်ပိုင်ရှင်လင်မယားနှစ်ယောက်ကိုဖမ်းလိုက်"

"ဟင်"

ရွန်ဒါအလန့်တကြားနဲ့ပင် တမိလိုက်ကာ အယ်ရိုးဘုရင်ကိုလှည့်ကြည့်လိုက်တော့ အတည်ကြီးချုပ်ထားမယ့်ပုံပင် ဘာတွေဖြစ်ကုန်တာလဲ။

"ငါ့ကိုလွှတ်စမ်း အရှင်ဒါဘာလုပ်တာလဲ"

"ကိုယ်တော်မင်းရဲ့သားကိုလိုချင်တယ် အခုနေပေးမယ်ဆို မင်းကိုလွှတ်ပေးမယ်"

"မဖြစ်နိုင်ပါဘူး ကျွန်တော်မျိုးရဲ့သားကိုအရှင့်ကိုမပေးနိုင်ပါဘူး"

Angel SystemWhere stories live. Discover now