Arc 5

1.5K 177 8
                                    

( Unicode)

"ဟေ့ ထစမ်း"

ရိပေါ်မျက်လုံးဖွင့်ဖွင့်ခြင်း သူ့ကိုလှုပ်နှိုးနေတဲ့ယောက်ျားတစ်ယောက် ထိုသူကရိပေါ်ကိုကြည်ပုံမရ ရိပေါ်ကိုစိတ်ပျက်တဲ့မျက်ဝန်းတွေနဲ့ကြည့်နေပြီး

"ခင်များကိုထလို့ပြောနေတယ်လေ!"

အော်ပြောလာတဲ့သူကြောင့် ရိပေါ်လည်းကြောင်တောင်တောင်နဲ့ထထိုင်လိုက်မိသည်။

"ငါစားဖို့ထမင်းပွဲပြင်ပေး အခုနော် ကြာနေတာမလိုချင်ဘူး"

ရိပေါ်ဒီအခြေအနေနားမလည်ပေမယ့် ခုလိုလာပြောနေတဲ့သူကို ရိပေါ်လုံးဝကြည့်မရတော့။အိပ်နေတဲ့လူကိုနှိုးပြီး သူစားမယ့်ထမင်းပဲွဲပြင်ခိုင်းတယ်တဲ့ ရိုင်းလိုက်တာ။ရိပေါ်ကိုခေါ်ပုံကလည်းခင်များတဲ့ ကြည့်ရတာရိပေါ်ဝင်ထားတဲ့ကိုယ်ကအသက်ကြီးပုံပင်။ဒါတောင် ခင်များနဲ့ငါ သုံးနှုန်းနေတဲ့ကောင်လေးကြောင့်စိတ်ပျက်သလိုကြည့်လိုက်မိသည်။

"ဒီမှာ မင်းစားချင်ရင်မင်းဘာသာခူးလေ မင်းမှာလက်မပါဘူးလား"

"ဘာဗျ! ခင်များ​ကငါ့ကိုပြန်ပြောရဲတယ်ပေါ့လေ"

ကျစ် နားထောင်ရတာကိုးလိုးကန့်လန့်နဲ့ကွာ။ရိပေါ်လည်းထိုလူ့ကို ဂရုမစိုက်တဲ့အလား ထိုသူပြောတာတွေမကြားချင်ယောင်ဆောင်ကာပြန်လှဲအိပ်လိုက်သည်။

မင်ဝူ သူပြောနေတာတွေကိုအရေးမပါတဲ့အရာတစ်ခုလိုမျိုးသဘောထားပြီးနေနေတဲ့ လူကြီးကြောင့် ဒေါသတကြီးနဲ့အိပ်နေတဲ့ထိုလူကြီးကို ကုတင်ပေါ်ကဆွဲချလိုက်သည်။

"မင်း!!"

ရိပေါ်ကိုကုတင်ပေါ်ကဆွဲချလိုက်တဲ့လူကြောင့် ဒေါသကလံုးဝကိုထိန်းမရတော့ သူ့ဘာသာဘာကြီးဖြစ်နေနေဂရုမစိုက်နိုင်တော့ဘူး။အစက ကိုယ့်ထက်ငယ်မယ်ထင်လို့အလျော့ပေးနေတာကို ခုလိုလာရိုင်းနေတော့သည်းမခံနိုင်တော့တာမို့ လာလုပ်တဲ့ကောင်ကိုရိပေါ်ပါးချလိုက်သည်။

"ဖြောင်း!"

"အ ခင်များကျွန်တော့်ကိုရိုက်တယ်"

ကဲကြည့်ကြတော့ တစ်ချက်တီးပေးလိုက်တာနဲ့အသုံးအနှုန်းလေးပြောင်းသွားပြီ။ခုမှပဲနားထောင်ရတာ ဆီလျော်သွားတော့တယ်။

Angel SystemWhere stories live. Discover now