Arc 5.4

1.4K 192 24
                                    

( Unicode)

ဂျီအွန်း သူ့ကိုဖက်ထားတဲ့ဂျယ်​​ယောင်းကိုမရုန်းပဲနေလိုက်သည်။သူ့ misson တွေထဲမှာ ဂျယ်ယောင်းအချစ်ကိုရဖို့လည်းပါတယ်မလား တစ်ချက်ခုတ်နှစ်ချက်ပြတ်ပေါ့ ဇာတ်လိုက်ကိုလည်းလူယုတ်မာစာရင်းသွင်းနိုင်မယ် ဒုတိယဇာတ်လိုက်အချစ်ကိုလည်းရမယ်။ဂျယ်ယောင်းဖက်ထားတာကြာနေပြီမို့ ဂျီအွန်းထိုသူ့ရင်ခွင်ထဲကနေထွက်လိုက်သည်။

"ဟို ကျေးဇူးပါနော်ဂျယ်ယောင်း"

"ရပါတယ်ဗျာ ဒါဆိုကျွန်တော့်ကိုပြန်ခွင့်ပြုပါအုံး"

"ဟုတ်ကဲ့"

ဂျယ်ယောင်းထွက်သွားတာနဲ့ ဂျီအွန်းအပေါ်ထပ်ကမင်ဝူရှိနေတဲ့အခန်းထဲဝင်လာလိုက်သည်။သူတို့နှစ်ယောက်အခန်းကလှေကားကတက်တက်ခြင်းအခန်းဆိုတော့ ဂျယ်ယောင်းကအခန်းရွေးမှန်သွားပုံပဲ။ဂျီအွန်းတံခါးဖွင့်ပြီးဝင်လိုက်တယ်ဆိုရင်ပဲ လက်ကနေဆောင့်ဆွဲခံရကာအိပ်ယာပေါ်ပြစ်တင်ခြင်းခံလိုက်ရသည်။ထို့နောက်အပေါ်ကနေအုပ်မိုးလာတဲ့မင်ဝူ

"မင်ဝူ မင်းဒါဘာလုပ်တာလဲ"

"အဟင်း အောက်မှာခေါ်သလိုမောင်လို့်ခေါ်ပါအုံး"

"မင်း! ငါ့ကိုမထိနဲ့"

ဂျီအွန်းရဲ့မျက်နှာကိုပွတ်သပ်ကာပြောလာတဲ့စကားတွေကြောင့် ဂျီအွန်းအော်ရုံသာတတ်နိုင်သည်။မင်ဝူဆိုတဲ့အကောင်က ဂျီအွန်းရဲ့လက်နှစ်ဖက်လုံးကိုချုပ်ထားတာလေ။

"အိုး ခင်များရယ် ကိုယ့်ယောက်ျားကိုယ်ထိတာပဲ ဘယ်သူ့ဆီကခွင့်ပြုချက်လိုလို့လဲ"

"ငါမင်းယောက်ျားမဟုတ်ဘူး!!"

"ဒါဆို ဧည့်ခန်းထဲကခင်များနဲ့ကျွန်တော်ရဲ့ဓာတ်ပုံကဘာလဲ! အတုကြီးလား"

"ဟက် အတုဆိုတာထက်အဲ့ဓာတ်ပုံကရှိကိုမရှိသင့်တာ မင်းယောက်ျားလို့ပြောရအောင် မင်းကဘယ်တုန်းကငါ့ကို​မင်းယောက်ျားလို့သတ်မှတ်လိုက်တာလဲ မင်းရဲ့မယားငယ်ကိုသာသွားထိစမ်းပါ ငါ့ကိုလာမထိနဲ့ ရွံ့လွန်းလို့"

ထိုလူကြီးရဲ့အပြောတွေကြောင့် မင်ဝူရင်ဘတ်ထဲစူးခနဲအောင့်သွားရသည်။ဘာလို့လဲ ငါကအဲ့လူကြီးအပြောကိုခံစားနေရတာလား မဟုတ်ဘူး မဟုတ်ဘူး သူကအမြဲအလျော့ပေးနေကြမို့ ခုအလျော့မပေးလို့မနေတတ်ရုံပဲ အဲ့လူကြီးကိုချစ်စရာအကြောင်းမရှိဘူး။မင်ဝူ ခေါင်းခါရမ်းလိုက်ကာ ဂျီအွန်းအပေါ်ကထလိုက်သည်။ပြီးတာနဲ့ ထိုလူကြီးကိုမောင်းထုတ်လိုက်သည်။

Angel SystemTempat cerita menjadi hidup. Temukan sekarang