Arc 5.7

1.4K 191 25
                                    

( Unicode)

Five years later.......

"လူကြီး"

ဂျီအွန်း မီးဖိုထဲမှာချက်ပြုတ်နေတုန်းနောက်ကခေါ်သံကြောင့် မင်ဝူမှန်းတန်းသိလိုက်သည်။ဇာတ်လိုက်က ဇာတ်လိုက်မနဲ့လက်ထပ်ပြီးသိပ်မကြာပါဘူး ဂျီအွန်းအိမ်ကိုရောက်လာပြီးတောင်းပန်တယ် အရင်ကလုပ်ခဲ့တာတွေအတွက်လို့တော့ပြောတာပဲ။အဲ့နောက်ပိုင်း အမြဲလိုလိုအိမ်လာတယ် သူတို့လင်မယားအဆင်မပြေတဲ့အကြောင်းတွေပြောပြတယ် ဂျီအွန်းအိမ်ကိုလာပြီးရင်ဖွင့်တယ် အရင်ကလိုခင်များလို့မခေါ်တော့ပဲ လူကြီးလို့သာခေါ်တော့တယ်။ဂျီအွန်းရဲ့ missonကလည်းရှိသေးတယ်ဆိုတော့ ဇာတ်လိုက်ကိုမသနားနိုင်ပါ သူကလည်းဂျီအွန်းအပေါ်ရက်စက်ခဲ့တာမလား အခုမဟုတ်ပေမယ့် အရင်ကလုပ်ခဲ့တာပဲလေ အဲ့အတွက်ဂျီအွန်းလက်စားချေမှကိုဖြစ်မှာ။ဒါကြောင့်မို့ ဇာတ်လိုက်လာရင် သူပြောသမျှနားထောင်ပေးတယ် ဆွေးနွေးပေးတယ် အားလုံးအမြင်မှာဒါကအရင်ယောက်ျားဟောင်းကိုစေတနာတွေယိုဖိတ်နေတယ်လို့ထင်ကောင်းထင်ကြလိမ့်မယ် အမှန်တော့ဂျီအွန်းကပြဿနာရှာနေတာ ဇာတ်လိုက်ကသာဒီကိုလာမှန်းသတင်းကြားရင် ဇာတ်လိုက်မကလည်းဒီကိုလိုက်လာလိမ့်မယ် အဲ့ခါကျဂျီအွန်းကိုပြဿနာရှာမှာပဲ ဇာတ်လိုက်မရဲ့ပုံစံကြောင့် ဇာတ်လိုက်ကလည်းစိတ်ပျက်သွားမှာ ချွဲယူဆိုတဲ့ဇာတ်လိုက်မကလည်းဂျီအွန်းဆီခနခနလာနေတဲ့ယောက်ျားကြောင့်စိတ်ဆင်းရဲရမှာပဲ။ဂျီအွန်းကဆုံးဖြတ်ပြီးရင်မပြင်တတ်ဘူး လက်စားချေမယ်ဆိုဖြစ်အောင်လုပ်မှာ အဲ့လိုပဲဟိုအတွဲဂျယ်ယောင်းနဲ့ဆိုဘင်ကိုလည်းပေးစားမယ်ဆိုပေးစားမယ်ပဲ အဲ့အတွဲကတော်တော်နဲ့ရှေ့မရောက်နိုင်လို့ ဂျယ်ယောင်းကလည်းသူ့ခံစားချက်တွေကိုသူကိုယ်တိုင်တောင်မသိတာမို့ ဂျီအွန်း ဆိုဘင်အနားမှာ သူ့အသိအကိုတစ်ယောက်ကိုလွှတ်ထားလိုက်တာ အဲ့ကျမှပေါက်ကဲွဲပီးဂျယ်ယောင်းကဆိုဘင်ကိုချစ်နေမှန်းသူ့ကိုယ်သူသိသွားတာ ဒါပေမယ့်ခုထိအဆင့်ကမတက်နိုင်သေးလို့ ဒီနေ့ဆေးခတ်ဖို့ဖြူလုံးကိုခိုင်းထားသေးတယ်။

မီးဖိုးထဲမှာ တကုတ်ကုတ်နဲ့ချက်ပြုတ်နေတဲ့လူကြီးကိုကြည့်ကာ မင်ဝူနှမြောမိတာတော့အမှန် မင်ဝူနဲ့လက်ထပ်ကာစကဆိုဒီလူကြီးကိုယ်တိုင်ချက်ကျွေးတာမလား အဲ့တုန်းကဘာတန်ဖိုးမှနားမလည်ခဲ့ပဲ အဲ့လူကြီးကျွေးတာမစားချင်ဘူးဆိုပြီးရန်ရှာခဲ့ဖူးတယ် အဲ့လူကြီးကထမင်းချက်ခေါ်ပေးရတဲ့အထိပဲလေ ခုများတော့လူကြီးရဲ့လက်ရာကိုစားချင်မိပါရဲ့ ဖြစ်နိုင်ပါတော့မလား။

Angel SystemWhere stories live. Discover now