Arc 5.3

1.4K 192 17
                                    

( Unicode)

ဂျီအွန်း ထိုသားအမိကိုပြောပြီး ကားပါကင်ဆီအမြန်သွားကာ ကျောင်းဝင်းထဲကနေကားကိုအမြန်မောင်းထွက်လာလိုက်သည်။

ထယ်ဆော့ ကားမောင်းနေတဲ့ daddyကိုကြည့်ပြီး ဘာပြောရမှန်းမသိပေ။daddyကကားပေါ်ရောက်ကတည်းကဘာမှမပြောပဲ အမြန်မောင်းနေတော့ ထယ်ဆော့မနေတတ်တာမို့ စကားစလိုက်သည်။

"Daddy...Daddyလို့"

"အင်း"

"Daddy သားကိုစိတ်ဆိုးနေတာလားဟင်"

"ဟူးးးးးမဟုတ်ပါဘူး daddyစိတ်နည်းနည်းရှုပ်နေလို့ပါကွာ"

"သားကြောင့်လား"

"မဟုတ်ပါဘူး"

"အာ့ဆိုဘာလို့စကားမပြောတာလဲ"

"ဆော့ဆော့လေး"

"ဗျာ"

"Daddy မေးတာအမှန်အတိုင်းဖြေနော်"

"ဟုတ်"

"သားတကယ်ပဲ အဲ့ကောင်လေးကိုအရင်သွားထိုးတာလား"

"ဟုတ် ဒါပေမယ့်..."

"daddy မေးတာပဲဖြေ"

"ဟုတ်ကဲ့"

လေသံခပ်အေးအေးနဲ့မေးနေတဲ့daddyကြောင့် ထယ်ဆော့အတွက်အခြေအနေကအဆင်ပြေမယ်လို့တော့ထင်တာပဲ။

"သား သူ့ကိုဘာလို့သွားထိုးတာလဲ"

"သူက..သူက..."

ထယ်ဆော့ဘယ်လိုပြောရမလဲ အဲ့ကောင်က daddyကိုအခြောက်လို့ခေါ်လို့လို့ပြောရမှာလား။ထယ်ဆော့ကိုအခြောက်သားလို့ခေါ်တာထက် daddyကိုအခြောက်လို့ပြောတာကိုထယ်ဆော့လုံးဝသည်းမခံနိုင်ဘူး။နောက်ပြီး အဲ့ကောင်ကdaddyကသူ့ဖေဖေဖြစ်လာမှာ သူ့အမေနဲ့ယူတော့မှာဆိုပြီးမဟုတ်တမ်းတရားတွေလာပြောနေတာလေ။ထယ်ဆော့ daddyကိုဘယ်သူ့မှမပေးနိုင်ပါဘူး။

"သား ဆော့ဆော့လေး daddyမေးနေတယ်လေ"

"သူကdaddyကိုပြောလို့ သားသည်းမခံနိုင်လို့ပါ"

မျက်နှာလေးအောက်ချကာပြောလာတဲ့ကလေးကြောင့် ဂျီအွန်းလည်းစိတ်မကောင်းပေ။သူ့ကိုပြောလို့ထိုးလိုက်တယ်ဆိုကတည်းက ဒီကလေးကဂျီအွန်းကိုအရမ်းချစ်မှန်းသိသာစေသည်။ဒါပေမယ့် ဒီကလေးဆိုးသွမ်းသွားမှာမျိုးတော့လက်မခံနိုင်ပါ။ဒါကြောင့်ပြောမှရမယ်။

Angel SystemWhere stories live. Discover now