Arc 3.6

1.6K 188 8
                                    

( Unicode)

"ဟင့်အင်း မဟုတ်ဘူး ကျွန်တော်ခင်များကိုမချစ်ဘူး အဟင့် ကျွန်တော်ကျန့်ကောကိုပဲချစ်တာ ကျွန်တော့်ကိုလွှတ်"

"မင်းပြောနေတဲ့သူနဲ့ငါကတစ်ယောက်တည်းပဲလေ ဘာလို့ငါ့ကျမချစ်နိုင်ရတာလဲ မင်းမချစ်လည်းငါချစ်တာမို့ မင်းကငါ့အပိုင်ပဲဖြစ်မှာ"

"မဟု​တ်ဘူး ခင်များကသူမဟုတ်ဘူး ကျွန်တော့်ကိုလွှတ်"

မြတ်ဦးဆွေသူ့ကိုအကြောက်အကန်ငြင်းနေတဲ့ ကလေးငယ်ကြောင့် ဒေါသတွေပိုထွက်လာသလို မျက်ဝန်းတွေကလည်းငွေရောင်တွေပိုတောက်လာသည်။

( တောင်းပန်ပါတယ် ကျွန်တော့်သခင်ကိုလွှတ်ပေးပါမဟုတ်ရင်သူရူးသွားလိမ့်မယ်ဗျ ခင်များမမြင်ဘူးလားခင်များကိုကြောက်လွန်းလို့တုန်နေတာကို)

( ကျစ် အာရုံတွေလာမစားနဲ့ ကလေးငယ်ကငါ့အပိုင်ဖြစ်နေရင်ရပြီ ကျန်တာတွေငါအရေးမစိုက်ဘူး)

ဖြူလုံးလည်းဘာပြောရမှန်းမသိ ဒီလူကလနတ်သားနဲ့တူနေပေမယ့် ဖြူလုံးပြောတာတွေကြားနေရပေမယ့် လနတ်သားလိုမျိုးသူ့သခင်အပေါ်ကြင်ကြင်နာနာမဆက်ဆံဘူး လနတ်သားရေခင်များအမြန်လာပါတော့။

"ကိုယ်ပြောနေတာကြားလား ကလေးငယ်ကကိုယ့်လက်ထဲကထွက်ပြေးလို့ရမယ်ထင်နေလား တစ်ချိန်ကိုယ့်ဆီပဲရောက်လာရမှာကို"

"ဟင့်အင်း သားကြောက်တယ် ကိုကိုဝေ့ကိုခေါ်ပေးပါ"

"ကိုကိုဝေ့ ကိုကိုဝေ့နဲ့ အဲ့ကောင်လိုငပျော့ကကလေးငယ်ကိုကာကွယ်နိုင်မယ်ထင်နေတာလား အဲ့ကောင်ပျော့ညံ့လို့ကလေးငယ်ကိုတစ်ခါဆုံးရှုံးရပြီးပြီ ဒီတစ်ခါကိုယ်ကပဲစောင့်ရှောက်ပေးမှာမို့ ကိုယ့်ကိုလက်ခံလိုက်ပါကလေးငယ်"

စောသက်ကိုရင်ခွင်ထဲထည့်ကာ ချော့ပြောနေပြန်တာမို့ ဖြူလုံးခေါင်းခြောက်လာပြီ ဒီလူကကြောင်နေတာလား ခြောက်လိုက်ချော့လိုက်နဲ့။

မြတ်ဦးဆွေ ကလေးငယ်ကိုချော့ပြောနေပေမယ့် ကလေးငယ်ရဲ့ပါးစပ်က ကိုကိုဝေ့ဆိုတဲ့နာမည်ကိုသာရွတ်နေတာမို့ ဒေါသထွက်လာပြီး ကလေးငယ်ကိုဖက်ထားတဲ့လက်တွေကပိုပိုတင်းကြပ်လာသည်။

Angel SystemWhere stories live. Discover now