Arc 4.10 end

1.6K 188 10
                                    

( Unicode)

သူမနိုးလာလာခြင်း မျက်လုံးထဲပေါ်လာတဲ့ပုံရိပ်တွေကြောင့်

"အားးးးးမဖြစ်ရဘူး ဟင့် ဒီလိုဖြစ်လို့မရဘူးလေ"

"ဘာကိုလဲ"

သူမအော်ဟစ်ငိုယိုနေတုန်း ရေချိုးခန်းထဲကထွက်လာပုံရတဲ့အဖိုးကြီးက ရေချိုးခန်းတံခါးကိုမှီကာမေးလာတာမို့ သူမဒေါသတကြီးစိုက်ကြည့်လိုက်သည်။

"ဟေ့ ဟေ့ မင်းအကြည့်လေးတွေပြင်ရင်ကောင်းမယ်နော် မင်းရဲ့vdကငါ့လက်ထဲမှာဆိုတာမမေ့နဲ့အုံးလေ"

"အဖိုးကြီး ရှင်..ယုတ်မာလှချည်လား"

"Opps ငါကလား သေချာပြန်တွေးကြည့်ပါအုံး မင်းစိတ်နဲ့လိုက်ပြီးဖြစ်ပျက်သွားတာပဲလေ ငါ့ကိုလူယုတ်မာလို့ပြောနေမယ့်အစား မင်းလုပ်ခဲ့တာတွေပြန်တွေးလိုက်ရင်ကောင်းမယ်"

ထိုအဖိုးကြီးရဲ့အပြောကြောင့် နိုလာငြိမ်သက်သွားမိသည်။သူမကဒီအဖိုးကြီးကိုနွားသာသာပဲသဘောထားခဲ့တာ ခိုင်းတိုင်းလုပ်တဲ့ငအကြီးလို့တွေးထားခဲ့တာ ရွန်ဒါအပေါ်လုပ်ကြံခိုင်းခဲ့တာတွေ လွှဲချဖို့စီစဥ်ထားတာတွေရှိနေတော့ သူမပြန်ပြောဖို့စွံအသွားမိသည်။

"ဟားဟား ငါပြောတာမှန်တယ်မလား မင်းအကျင့်မကောင်းလို့ခံရတာပဲလေ မနစ်နာပါဘူး ဒါဆိုငါသွားပြီ"

အဝတ်အစားတွေကောက်ဝတ်ကာထွက်သွားဖို့ပြင်နေတဲ့သူကြောင့် သူမစိတ်ထဲရှိရာကောက်မေးလိုက်သည်။

"ရွန်ဒါကိုလုပ်ကြံပြီးပြီဆိုတာ တကယ်ရောဟုတ်ရဲ့လား"

"ကျွတ်ကျွတ်ကျွတ် သူများပြောသမျှယုံနေတာပဲလား ငါကမင်းလိုမိန်းမတစ်ယောက်ခိုင်းတာမှန်သမျှလိုက်လုပ်နေမယ်ထင်နေတာလား မင်းခိုင်းတဲ့လူကဘယ်သူလဲသိလား"

"ရှင်...ရှင်.ကျွန်မကိုလိမ်ပြောခဲ့တာပဲ"

"အိုး အမိရယ် အန်ကယ်ကလေ လိမ်တာမဟုတ်ပါဘူးကွာ ဟားဟားဟား"

ထိုအဖိုးကြီးကရီနေရင်းကနေ ရုတ်တရက်ခက်ထန်လာပြီးဒေါသတကြီးပြောတော့သည်။

"မင်း!! မင်းလိုအဆင့်မရှိတဲ့ဟာမက ငါ့တူလိုရတနာတစ်ပါးကိုလုပ်ကြံချင်တယ်ပေါ့ ဟက် လုပ်ကြံချင်လည်းသေချာစုံစမ်းလေ မင်းအဖိုးကြီးလို့ပြောနေတဲ့ငါက ရွန်ဒါရဲ့ဦးလေးအရင်းပဲ"

Angel SystemWhere stories live. Discover now