Arc 1.10 end

2.6K 265 24
                                    

( Unicode)

ဖေးဖေးတစ်ယောက်သူ့ပုံတွေပျံ့သွားတာမို့ ေရှာင်ပုန်းနေရသည်။ဘယ်ကဘယ်လိုပုံတွေပျံ့သွားလဲမသိပေမယ့် သူမကတော့ရိပေါ်ကိုသာပိုမုန်းနေမိသည်။ဟုတ်တယ်အားလုံးဟာရိပေါ်ကြောင့် ငယ်ကတည်းကမိဘဆီကဂရုစိုက်မှုမခံခဲ့ရတဲ့သူမကို ဂရုစိုက်မှုတွေပေးခဲ့တာ ကိုကိုတစ်ယောက်တည်း။ကိုကိုဆိုတာသူမသိပ်ကိုခေါ်ချင်ခဲ့တဲ့နာမ်စားလေးပေါ့ ကိုကိုကသူမထက်၆နှစ်ကြီးတယ် အရမ်းအနေတည်ပြီးနွေးထွေးတဲ့အပြုံးလေးနဲ့သူမကိုဆိုကလေးလေးတစ်ယောက်လိုအမြဲဂရုစိုက်တယ်။အဲ့ဂရုစိုက်မှုတွေအားလုံးက leoလို့်ခေါ်တဲ့ကလေးကြောင့်ပျောက်ကွယ်သွားတယ်။သူမကိုကို့ဆီကဂရုစိုက်မှုပြန်လိုချင်တယ် ဒါကြောင့် leoသေပေးမှရမယ် leoသေရင်သူမကို ကိုကိုကပြန်ဂရုစိုက်လာမှာပင်။

သူမ leoတို့သွားမယ့်ကားကို ဘရိတ်ကြိုးဖြတ်ခိုင်းလိုက်တယ် သူတို့မိသားစုကားတိုက်မှုဖြစ်ပြီးသေဆုံးကြောင်း သတင်းမှာတက်လာတော့ ကိုကိုကမယုံနိုင်ပဲ အခင်းဖြစ်တဲ့ဆီသွားကြည့်တယ် သူမ လိုက်ချင်ပေမယ့်ကလေးမို့ဆိုပြီးထားခဲ့တယ်။သူမသတင်းမှာထပ်တွေ့ရတာက leo ကပျောက်နေပြီး သူ့မိဘတွေသာသေဆုံးသွားကြောင်းဖြစ်သည်။မဖြစ်ရဘူးလေ သူအဓိကသေစေချင်တာ leoကိုလေ ဘာလို့မသေနိုင်သေးတာလဲ။ဒါပေမယ့် leo ပေ​ျာက်သွားရင် ကိုကို့ရဲ့ဂရုစိုက်မှုကသူမဆီပြန်ရောက်လာမှာပဲလေ အဲ့လိုတွေးထားပေမယ့် ကိုကိုက leoကိုသာသဲကြီးမဲကြီးရှာဖွေနေခဲ့တယ်။သူမ leo ကိုပိုမုန်းလာတယ် leo သေမှကိုဖြစ်မှာ ဒါကြောင့်သူမ သတင်းတွေစုံစမ်းတယ်။Uni နောက်ဆုံးနှစ်မှာပဲ တရုတ်မှာလို့သတင်းအစအနရတယ် သူမလည်းအဲ့သတင်းကိုဖုံးကွယ်ပြီး တရုတ်ထိလိုက်လာခဲ့တယ်။အဲ့မှာဝမ်ရိပေါ်ကိုတွေ့တာပင် ဝမ်ရိပေါ်ရဲ့ဆွဲကြိုးကိုမြင်မှ leo ဆိုတာသိခဲ့တယ်။

သူမအဲ့ဆွဲကြိုးကိုမေ့မှာမဟုတ်ဘူး သူမလိုချင်ပါတယ်ပြောခဲ့တာတောင် ကိုကိုက leo အတွက်ဆိုပြီး ငြင်းဆန်ခဲ့တာကြောင့်အဲ့ဆွဲကြိုးကိုတွေ့တိုင်း ရိပေါ်ကိုပိုမုန်းမိသည်။နောက်ပိုင်းရိပေါ်ရဲ့ချစ်သူယဲ့ရှင်းနားကိုကပ်ခဲ့သည်။အဲ့နောက်ပိုင်းမိသားစုစီးပွားရေးကအဆင်မပြေတာမို့ ယဲ့ရှင်းဆီကပိုက်ဆံတွေနဲ့ဖာထေးခဲ့ရသေးသည်။ဒါပေမယ့် ဝမ်ရိပေါ်ကြောင့်ပဲ ယဲ့ရှင်းကသူမကိုလှည့်မကြည့်တော့တာပင်။သူမတို့မိသားစုယိုင်လဲလာတော့ သူမမိဘတွေကသူမကိုအဖိုးကြီးတွေလက်ထဲအပ်ခဲ့သည်။သူမ ချင်ယွမ်ဆိုတဲ့အဖိုးကြီးဆီမှာအပျိုရည်ပျက်ခဲ့ရသည်။ဒါတွေအားလုံးရိပေါ်ကြောင့်ဖြစ်ရတာ ရိပေါ်သာမပြောခဲ့ရင် ယဲ့ရှင်းကသူမကိုထားခဲ့မှာမဟုတ်သလို သူမလည်းခုလိုအဖိုးကြီးတွေနဲ့အိပ်ရမှာမဟုတ်ပေ။

Angel SystemWhere stories live. Discover now