Arc 3.2

1.6K 204 13
                                    

( Unicode)

ကောင်းမာန် ဦးဆွေကိုပိုက်ဆံအိတ်ပြန်မပေးပဲအိမ်သာပြန်လာလိုက်သည်။

"ဟဲ့သား မင်းဦးဆွေကိုမတွေ့ခဲ့ဘူးလား"

"ဟုတ်တယ်အမေ ဦးဆွေကလမ်းလျှောက်တာမြန်တယ်ထင်တယ် သားလိုက်ပေးတော့မမှီတော့ဘူး"

"ကဲကဲ ဒါဆိုလည်းနောက်နေ့မင်းဦးဆွေလာမှအမေပေးလိုက်မယ် ပေးအမေ့ကို"

"ဟုတ်ဟုတ်"

ကောင်းမာန် အမေ့ကိုဦးဆွေပိုက်ဆံအိတ်ပေးလိုက်သည်။

"သား နေ့လည်ကျရင် မောင်စောသက်ဆီသွားလိုက်အုံး"

"ဘာလို့လဲအမေရဲ့"

"ဪ မောင်စောဆီကို ဒီဟင်းလေးတွေပို့ပေးစေချင်လို့"

"ဟင်အမေကလည်း စောသက်နဲ့အမေကဘယ်တုန်းကသိသွားတာလဲ"

"ဟဲ့ မောင်စောနဲ့ကဘုန်းကြီးကျောင်းသွားရင်းတွေ့တာ အဲ့သူငယ်ကမင်းလိုမဟုတ်ဘူး ဘုရားတရားလိုက်စားတယ် အာ့ကြောင့်ခင်သွားတာပေါ့"

"အမေကလည်းသားကိုဆိုပြောဖို့ကြည့်ပဲ"

"တော် မင်းကဘာအသုံးကျလို့လဲ မောင်စောကိုကြည့်စမ်း ကိုယ်ပိုင်စိုက်ခင်းနဲ့ဘာနဲ့ မနက်ဆိုလည်းဘုန်းကြီးကျောင်းအမြဲသွားတယ် မင်းကဘာလုပ်လဲ တစ်နေ့တစ်နေ့အိပ်လိုက်စားလိုက်ရွာထဲပတ်သွားလိုက်နဲ့"

"ဟာဗျာ သားကကျောင်းတက်ရမှာလေ ခုမှကျောင်းနားတုန်းလေးပြန်လာတဲ့ဟာကို"

"တော်စမ်း နင့်ကျောင်းကတစ်နှစ်တောင်နားတာလေ မြို့ကိုသွားတက်ဖို့တစ်နှစ်တောင်လိုသေးတယ် လျှာမရှည်နဲ့ နေ့လည်ရောက်တာနဲ့မောင်စောဆီချိုင့်သွားပို့ဒါပဲ"

"ပြီးရောဗျာ ဟွန့်"

သူမကိုစိတ်ကောက်ပြီးထွက်သွားတဲ့သားကိုမကြည့်အား သူမကမောင်စောလိုလူရည်မွန်လေးကို သူ့မသားကောင်းမာန်နဲ့သဘောတူနေတာဖြစ်သည်။ဟုတ်တယ် လူတွေဘယ်လိုမြင်လဲမသိပေမယ့် သူမက မောင်စောရဲ့အရည်အချင်းနဲ့ပုံစံလေးကိုသဘောကျတာဖြစ်သည်။မောင်စောကိုသမက်တော်ဖို့ဆိုပေးစရာသမီးကသူမမှာမရှိ ဒါကြောင့်ရှိတဲ့သားကိုပေးလိုက်မှာပင် အဓိကကမောင်စောကသူမသမက်ဖြစ်ကိုဖြစ်လာရမည်။

Angel SystemWhere stories live. Discover now